NEWS

မြန်မာအလုပ်သမား ၃၀၀ ကျော်ထံက အလုပ်စမတ်ကြေး ဘတ်၂သန်းခန့် ယူပြီး လိမ်လည်ထွက်ပြေး

CoverLogo
612 Views
 
ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဖြစ်နေတဲ့ မြန်မာအလုပ်သမား ၃၀၀ ကို အလုပ်ပေးမယ်ဆိုကာ အလုပ်စမတ်ကြေး ဘတ်၂ သန်းခန့် ထိုင်းအမျိုးသမီး နှစ်ဦးက လိမ်လည်သွားတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့မှ ဒါရိုက်တာဦးခိုင်ကြီးက MLN ကိုပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း က မဟာချိုင်မြို့ စမူဆာခွန်ခရိုင် အတွင်းက အွန်လိုင်းရှော့ လုပ်ကိုင်တဲ့ စက်ရုံ အရှေ့မှာ ထိုင်းအမျိုးသမီး နှစ်ဦးက အလုပ်ပေးမယ်ဆိုကာ အလုပ်စမတ်ကြေး အဖြစ် မြန်မာအလုပ်သမား တစ်ဦး ကို ဘတ် ၃၅၀၀ မှ ၇၀၀၀ အထိ ကောက်ယူခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၀ရက်နေ့မှာ ပထမအသုတ် အနေနဲ့ အလုပ်သမား ၁၀၀ကျော် အလုပ်စဆင်းရမယ်ဆိုကာ ပြောဆိုခဲ့ပြီး ၎င်း စက်ရုံ ကို အလုပ်သမားတွေရောက်ရှိ ချိန်မှာ အလုပ်မရတဲ့ အပြင် စက်ရုံပိုင်ရှင်ဆိုသူက သူနဲ့ မသက်ဆိုင်ကြောင်းပြောတဲ့ အတွက် မြန်မာအလုပ်သမားတွေမှာ စက်ရုံရှေ့ ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
""အွန်လိုင်းရှော့ပင်း စက်ရုံ မှာ အလုပ်ရမယ်ဆိုပြီး စမတ်ကြေး ဘတ် ၃၅၀၀ ကနေ ၇၀၀၀ အထိ ထိုင်းအမျိုးသမီး ၂ဦးက အခုစက်ရုံ ဝန်းထဲက စက်ရုံအပေါက်ဝ အရှေ့မှာ ပိုက်ဆံကောက်ယူသွားတယ် ပြီးတော့ ပထမအသုတ် ၁၀၀ ကျော်ကို ၂၀ရက်နေ့ အလုပ်စဆင်းကမယ်ဆိုပြီး ပြောလိုက်တော့ မနေ့က အလုပ်လာဆင်းတော့ စက်ရုံက အလုပ်မခေါ်ထားဘူး သူတို့မသိဘူး ဆိုပြီး ဖြစ်တယ် အဲ့တော့ အလုပ်စမတ်ကြေးပေးထားတဲ့ကလေးတွေက မပြန်ဘဲစက်ရုံရှေ့ မှာဆန္ဒပြ ကြတယ် ဒီတော့ ပိုင်ရှင်ဆိုသူက ထွက်လာပြီးဒါကသူခြံဖြစ်တယ် မကျေနပ်ရင် ရဲသွားတိုင်ပါ သူနဲ့မဆိုင်ဘူးဆိုပြီးပြောတယ် အဲ့လို သက်သက် ကြီး ရဲသွားတိုင်ရင် ထိုင်းမှာက လိမ်လည်ခံရတဲ့ အမှုက ပျောက်ပျောက်သွားတာများတယ်၊ ညပိုင်း အထိ ကလေးတွေက စက်ရုံရှေ့က မဖယ်ပေးတော့ ထိုင်းရဲတွေရောက်လာပြီးအခုစမတ်ကြေးတွေအလိမ်ခံရတဲ့ကိစ္စ စခန်းမှာအမှုဖွင့်ပေးလိုက်တယ်""လို့ AAC မဟာမိတ်အဖွဲ့မှ ဒါရိုက်တာဦးခိုင်ကြီးက MLN ကိုပြောပါတယ်။
အွန်လိုင်းရှော့ပင်းစက်ရုံမှာ အလုပ်ရမယ်ဆိုကာ စမတ်ကြေး အလိမ်ခံရတဲ့မြန်မာအလုပ်သမား ၃၀၀ရှိပြီး ကျန်သူတွေကို လာမယ့်၅ရက်နေ့အလုပ်ဆင်း ရမယ် လို့ လိမ်လည်သွားတဲ့ အမျိုးသမီးတွေက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
"" အွန်လိုင်းရှော့ စက်ရုံဆိုတာက တစ်နိုင်ငံလုံးက အွန်လိုင်းကမှာတဲ့ပစ္စည်းတွေကို ဘယ်နေရာ ဘယ်မြို့နယ်ဆိုတာတွေကို ရွေးထုတ်ပြီး ထုတ်ပေးရတာ အဲ့လိုစက်ရုံတွေမှာ လုပ်သားအများကြီး လိုတယ် အခု စက်ရုံက လည်းအွန်လိုင်းရှော့ လုပ်နေတဲ့စက်ရုံပဲ အဲ့စက်ရုံရှေ့မှာ လူခေါ်တာဆိုတော့ ယုံကြတာပေါ့ အလိမ်ခံရတာ မြန်မာအလုပ်သမား စုစုပေါင်း ၃၀၀ ကျန်တဲ့သူတွေကို ၅ရက်နေ့ ဆင်းရမယ်ပြောလိုက်တယ်တဲ့ အခုပထမအသုတ် လာဆင်းမှ သိရတာ အလုပ်လက်မဲ့ မြန်မာအလုပ်သမားတွေ ကို သက်သက်အကွက်ချပြီး လိမ်လည်သွားတာ စက်ရုံကသူနဲ့ မဆိုင်ဘူးသာပြောတယ် ပိုက်ဆံပေးတော့စက်ရုံဝန်းထဲက စက်ရုံအပေါက်ဝအမိုး ရှိတဲ့နေရာမှာ ခုန်ချပြီး ကောက်သွားတာ အဲ့နေရာဆိုရင် ကားအဝင်ထွက် လူကြီးတွေသွားလာတဲ့မြင်နိုင်တဲ့နေရာလေ အခုတော့ စုစုပေါင်း ဘတ်၂သန်းလောက် အလိမ်ခံလိုက်ရတာပေါ့ ပိုက်ဆံကတော့ ပြန်ရဖို့ မသေချာဘူး ဒါပေမယ့် လိမ်သွားတဲ့ ထိုင်းလူမျိုး ၂ယောက်ကိုတော့ အရေးယူနိုင်ဖို့ ကို လုပ်ဆောင်ရမှာပဲနောက် ထပ်မြန်မာလုပ်သားတွေ အခုလို အလိမ်မခံရအောင် ကျွန်တော်တို့အနေနဲ့ အသိပေးပြောပြတာတွေ လုပ်ရမှာပေါ့""လို့ဦးခိုင်ကြီးကဆက်လက်ပြောပါတယ်။
အခုလို အလုပ်လက်မဲ့ မြန်မာအလုပ်သမားတွေကို အကွက်ချကာ ထိုင်းလုပ်ငန်းရှင်နဲ့ လူအချို့ကပေါင်းပြီး အလုပ်ရမယ်ဆိုကာ လိမ်လည်တာ တွေ မကြာခဏ ဖြစ်လာကာ ရဲစခန်းတွေမှာ အမှုဖွင့်တိုင်ကြားပေမယ့် ငွေကြေး ပြန်ရတာမျိုးမရှိဘူး​သေးလို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026