NEWS

မြန်မာအလုပ်သမား ၁၇ဦး ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်မှထုတ်ခံရ

CoverLogo
280 Views
 
ထိုင်းနိုင်ငံ ချာချင်ဆောင်ပြည်နယ် က တရုတ်လုပ်ငန်းရှင်ပိုင် ကားအကူပစ္စည်းထုတ်လုပ်တဲ့ စက်ရုံမှာလုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၇ဦး ကို အလုပ်ရှင်က ကြိုတင်အကြောင်းကြားတာမျိုး မလုပ်ဘဲ အလုပ်မှ ထုတ်ပယ်လိုက်တယ်လို​့ ၎င်းကိစ္စ ကို ကူညီပေးနေတဲ့ M.H.A.C မဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။
 
မြန်မာအလုပ်သမား ၁၇ဦးဟာ ၎င်းစက်ရုံကို ကြားခံအေဂျင်စီမှတစ်ဆင့် အလုပ်လုပ်ကိုင်နေတာဟာ လုပ်သက် ၄လ ကျော်မှ ၅လကျော် အထိ ကြာမြင့် နေပြီ ဖြစ်ကာ ဒီဇင်ဘာ ၁၂ရက် မှာတော့ ကြိုတင်အကြောင်းမကြားဘဲ အလုပ်မှ ထုတ်ပယ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။
 
အခုလို မတရားသဖြင့် အလုပ်ထုတ်ခံရတာကြောင့် မြန်မာအလုပ်သမားတွေ က အေအေစီရဲမင်း ဦးဆောင်တဲ့ M.H.A.C မဟာမိတ်အဖွဲ့ ထံသို့ အကူအညီတောင်းခံလာခဲ့ရာ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာတော့ သက်ဆိုင်ရာ နယ်မြေခံ စဝါဒီကန်အလုပ်သမားရုံး၌ အမှုဖွင့်လှစ်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
 
နစ်နာသူ အလုပ်သမားတွေ အတွက် ထိုင်းအလုပ်သမားဥပဒေနဲ့အညီ ဆုံးရှုံးနစ်နာထား မှု များ အပြည့်အ၀ ရရှိတဲ့ အထိ ကူညီဆောင်ရွက်ပေးသွားမယ်လို့ M.H.A.C မဟာမိတ်အဖွဲ့ က အသိပေးထားတယ်။
 
ထိုင်းနိုင်ငံ ရောက် မြန်မာအလုပ်သမားတွေကို အလုပ်ရှင်အချို့က လုပ်ခလစာ မပေးခြင်း ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခြင်း စတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု တွေ မကြာခဏ ကျူးလွန် ကျပြီး ထိုသို့ ဖြစ်ပွား ပါက လည်း နစ်နာသူ အလုပ်သမားတွေ အနေနဲ့ မြန်မာအလုပ်သမားကူညီရေးအဖွဲ့စည်းတွေထံ အကူညီတောင်းခံ ဖြေရှင်းဆောင်ရွက် ကျရတယ်လို့ သိရပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026