NEWS

မြန်မာအလုပ်သမားများ တင်လာသည့်ယာဉ် စစ်ဆေးရေးဂိတ်မှာ မရပ်ဘဲထွက်ပြေးရာမှ တိမ်းမှောက် သဖြင့် မြန်မာအလုပ်သမား  ၇ဦးသေဆုံး

CoverLogo
501 Views
 
မြန်မာအလုပ်သမားတွေကို တင်လာတဲ့ ယာဉ်ဟာ ထိုင်းစစ်ဆေးရေးဂိတ် မှာ မရပ်တန့်ဘဲ ထွက်ပြေးရာကနေ အရှိန်လွန် ပြီး ယာဉ်တိမ်းမှောက် သွားတဲ့ အတွက် မြန်မာအလုပ်သမား ၇ ဦးသေဆုံး ခဲ့တယ်လို့ ထိုင်းသတင်းဌာန တွေရဲ့ဖေါ်ပြချက် အရသိရပါတယ်။
နိုဝင်ဘာ ၂၀ရက် နံနက်အစောပိုင်းက နခွန်ပထုံခရိုင် ဘန်လင်းဒေသ ကော့ရေ့ဘုန်းကြီးကျောင်းရှေ့ လမ်းကွေ့ မှာ ကားတစ်စီးဟာ အရှိန် မထိန်း နိုင်ဘဲ လျှပ်စစ်မီးတိုင် ကို ဝင်တိုက်ကာရေမြောင်းအတွင်းပြုတ်ကျခဲ့ ပြီး နောက် ယာဉ်ပေါ်ပါသူ ၇ဦးသေဆုံးခဲ့တာ လို့ဆိုပါတယ်။
၎င်း ယာဉ်ကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရန် ရပ်တန့်ခိုင်းတာမှာ ကားမရပ်ဘဲ မောင်းထွက်ပြေး ရာမှ အခုလို ဖြစ်ပွားခဲ့တာ လို့ ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။
သေဆုံးသူအားလုံးမှာ မြန်မာနိုင်ငံသား အမျိုးသား ၂ ဦး နဲ့ အမျိုးသမီး ၅ ဦးဖြစ် ကာ ကယ်ဆယ်ရေး လုပ်သားများက အလောင်းများကို ဆေးစစ်ပြီး ခွဲစိပ်စစ်ဆေးရန် ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ လက်တလော အခြေနေ ထိ အဆက်အသွယ်မရသေးဘူး လို့ထိုင်း ရဲတပ်ဖွဲ့ဘက် ပြောဆိုထားပါတယ်။
REF: Khaosod English

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026