NEWS

မြန်မာအလုပ်သမားတွေကို လုပ်ခလစာ ၂၅ရာခိုင်းနှုန်းပေးပို့ရန် ဖိအားပေး ခြိမ်းခြောက်

CoverLogo
453 Views

ထိုင်းရောက်မြန်မာအလုပ်သမားတွေကို မြန်မာနိုင်ငံနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ ထိုင်း အခြေစိုက် အေဂျင်တွေဆီက တဆင့်  လုပ်ခလစာ လွှဲပို့ဖို့ ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ထိုင်းနိုင်ငံက ကုမ္ပဏီက ဒီကနေ့ အစည်းအဝေးခေါ်တယ်။ အလုပ်သမားတိုင်း ၂၅ ရာခိုင်နှုန်းကို တရားဝင် နည်းလမ်းနဲ့ မြန်မာနိုင်ငံကို ငွေပို့ဖို့ကို ဖိအားပေး ခြိမ်းခြောက်တယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။ 

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်းပြည်ပကို တရားဝင် စေလွှတ်တဲ့လုပ်သားဦးရေ နှစ်သိန်းနီးပါးရှိတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကထုတ်ပြန်ထားပါတယ်။

အခုလို တရားဝင်ပို့ထားတဲ့လုပ်သားတွေအနေနဲ့ လွှဲငွေမပိုတဲ့ အလုပ်သမားတွေ  မြန်မာနိုင်ငံသို့ ပြန်ဝင်လို့မရနိုင်သလို ထိုင်းမှာ သက်တမ်းတိုးတာနဲ့ တခြားကိစ္စတွေမှာ တာဝန်ယူဆောက်ရွက်ပေးမှာ မဟုတ်ဘူးဆိုပြီး ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ မဖြစ်မနေ လွှဲပေးဖို့ ပြောတာပေါ့၊ မလုပ်ရင်တော့ ဘာမှ မလုပ်ပေးဘူး ပြောတယ်။ တချို့ကတော့ ကြောက်ကြတာပေါ့၊ သူများနိုင်ငံမှာ နေရတော့ ၊ လွှဲမဲ့သူလည်း လွှဲကြတယ် ” လို့ အစည်းအဝေး ကိုယ်တိုင်တက်ရောက်ခဲ့သူ တဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ငွေလွှဲရမဲ့နည်းလမ်းက အလုပ်သမားတွေအတွက် နစ်နာမှုတွေရှိပြီး တချို့လုပ်သားအတွက် အဆင်မပြေမှုတွေရှိနေတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။  

“ နစ်နာမှုက ငွေဈေးအရမ်းကွာတယ်။ အပြင်မှာ ဘတ်၆၅၀ ကို ကျပ်တစ်သိန်းရနေတာ၊  western union က ဘတ်တထောင်မှ မြန်မာငွေ တစ်သိန်းနဲ့ တောင့်ငါးရာပဲ ဆိုတော့ အလုပ်သမားတွေအတွက် နစ်နာမှုများတယ်။  အဓိကကတော့  စစ်အာဏာရှင်ဆီကို သူတို့လိုနေတဲ့ နိုင်ငံခြားငွေမရောက်စေချင်ပါဘူးဗျ” လို့ ထိုင်းရောက် လုပ်သားတဦးက ပြောပါတယ်။ 

ပြည်တွင်းက လုပ်သားပို့တဲ့ အေဂျင်စီတွေအနေနဲ့လည်း ပြည်ပရောက် လုပ်သားတွေထံကနေ မိသားစုလွှဲပို့ငွေစာရင်းကို အေဂျင်စီ တွေ အနေနဲ့ တင်ပြနိုင်ခြင်း ရှိမရှိ ကို အလုပ်သမားဝန်ကြီးဌာန နေပြည်တော် ရုံးကို လာရောက် ရှင်းလင်းတင်ပြဖို့ အတွက် အေဂျင်စီတွေ ကို အလှည့်ကျခေါ်ယူစစ်ဆေးတာတွေလုပ်ဆောင်နေပါတယ်။

မိမိစေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ မိသားစုထံလွှဲပို့ ငွေ ကို တရားဝင်ဘဏ် ကနေ တစ်ဆင့် လွှဲပို့ထားတဲ့ အထောက်အထားတွေ ကို ယူဆောင်ကာ အလုပ်သမားဝန်ကြီးဌာန နေပြည်တော်ရုံးချုပ်သို့ အေဂျင်စီ မှ မန်နေဂျင်းဒါရိုက်တာ သို့မဟုတ် ဒါရိုက်တာအဖွဲ့ ဝင် တစ်ဦးဦးက ဩဂုတ်လ ၁၂ ရက်က စပြီး နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန ရုံးကို အလှည့်ကျ သွားရောက်ရှင်းလင်းနေရတယ်လို့ အေဂျင်စီအသိုင်းအဝိုင်းမှ သိရပါတယ်။

 

 


Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026