NEWS

မြန်မာအလုပ်သမားဇနီးမောင်နှံ ထိုင်းထီ အမြင့်ဆုံး ဘတ် ၆ သန်းဆု ရရှိ

CoverLogo
649 Views
 
၂၀၂၅ ခုနှစ်ရဲ့ပထမလ မှာပဲ မြန်မာအလုပ်သမားဇနီးမောင်နှံ ဟာ ထိုင်းထီ အမြင့်ဆုံး ဘတ်၆သန်းဆု ပေါက်ကာ ရရှိခဲ့တယ်လို့ ကိုရဲမင်းဦးဆောင်တဲ့ M.H.A.C မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။
 
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဖရပဒဲင်မြို့နယ်က စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦးဟာပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက် က ဖွင့်လှစ်ခဲ့တဲ့ ထိုင်းအစိုးရထီဖွင့်ပွဲမှာ ၅၅၈၇၀၀ ဂဏန်းနဲ့ ဘတ် ၆ သန်းဆု ပေါက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
 
ထီဆု ငွေ ထုတ်ဖို့ အတွက် မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦး မှ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေတဲ့ M.H.A.C မဟာမိတ် ကိုရဲမင်းအဖွဲ့ကို ဆက်သွယ်အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။
 
ဒါကြောင့် M.H.A.C မဟာမိတ် အဖွဲ့ အနေနဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ နေ့ချင်းပြီးဆုငွေထုတ်ယူပေးခဲ့ပြီး ကာယကံရှင် ဇနီးမောင်နှံနှစ်ဦးရဲ့ လက်ဝယ်ကို ပေးအပ် ခဲ့တယ်လို့ ဆိုပါတယ်။
 
ကိုရဲမင်းဦးဆောင်တဲ့ M.H.A.C မဟာမိတ်အဖွဲ့အနေ နဲ့ ထိုင်းအစိုးရရဲ့ ထီအမြင့်ဆုံး ဘတ် ၆ သန်းဆုပေါက် ခဲ့တဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေကို ဆုငွေထုတ်ယူဖို့ အတွက် လိုက်ပါကူညီဆောင်ရွက် ပေးခဲ့တာ မှာ ယခု အကြိမ် အပါအဝင် ၅၆ဦး ရှိပြီ ဖြစ်တယ်လို့ MHAC မဟာမိတ်အဖွဲ့ ထံ မှသိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026