NEWS

မြန်မာအလုပ်သမားဇနီးမောင်နှံ ထိုင်းထီဘတ် ၁၂ သန်း ကံထူး

CoverLogo
233 Views

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်က ကွန်ပျူတာပစ္စည်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားဇနီးမောင်နှံထိုင်းထီဘတ် ၁၂ သန်း ကံထူးခဲ့တယ်လို့ (M.H.A.C) မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။ 

ဒီဇင်ဘာ ၁၆ ရက်နေ့ကဖွင့်လှစ်တဲ့ ထိုင်းအစိုးရထီဖွင့်ပွဲမှာ ၀၉၇၈၆၃ ဂဏန်း ဖြင့် ဘတ် ၆ သန်းဆု ၂ စောင်တွဲပေါက် တဲ့ အတွက် ဘတ် ၁၂ သန်း ကံထူးရှင်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ 

ကံထူးရှင် ဇနီးမောင်နှံနှစ်ဦးဟာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ကနေ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်က ကွန်ပျူတာပစ္စည်းစက်ရုံမှာ လာရောက်အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး ထီဆုကြီးကံထူးခဲ့သူ အမျိုးသားဖြစ်သူဟာ အသက်ကြီးလို့ အလုပ်ရုံကမခေါ်တော့တဲ့ အတွက် ၎င်း တို့ နေထိုင်ရာအနီးက ၀ပ်ဖရောင်း ထိုင်းဘုန်းကြီးကျောင်းမှာ ကျောင်းဝေယျာဝစ္စ ပြုလုပ်နေရတယ်လို့သိရပါတယ်။ 

အခုလို နေ့စဥ် ကျောင်းဝေယာဝစ္စကုသိုလ်ပြုလုပ်ရင်း ၀ပ်ဖရောင်းထိုင်းဘုန်းကြီးကျောင်းမှာ ထီသည်တစ်ဦးကလာရောင်းတဲ့ ၂ စောင်တွဲထိုးပြီး  ကံစမ်းခဲ့ရာကနေ  အခုလို ကံထူးရှင် ဖြစ်ခဲ့တာ လို့ ဆိုပါတယ်။ 

ကံထူးရှင်ဇနီးမောင်နှံနှစ်ဦးဟာ ဆုငွေထုတ်ယူရေးကိစ္စနဲ့ပတ်သက်ပြီး ထိုင်းရောက်မြန်မာ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ (M.H.A.C) မဟာမိတ်အဖွဲ့ ကိုရဲမင်းထံ ဆက်သွယ်အကူအညီ တောင်းခံတဲ့ အတွက် နေ့ချင်းပြီးဆုငွေထုတ်ယူပေးခဲ့ပြီး ကာယကံရှင်ဇနီးမောင်နှံနှစ်ဦးရဲ့ လက်ဝယ်ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ 

ကံထူးရှင်ဇနီးမောင်နှံ နှစ်ဦး က MHAC ရုံးနှင့်အဖွဲ့သားများအတွက် ဘတ်ငွေနှစ်သိန်းရုံးမှာခိုလှုံနေတဲ့  ကိုယ်လက်အင်္ဂါများဆုံးရှုံးခဲ့ရတဲ့ မြန်မာလုပ်သား တွေကို  တစ်ဦး လျှင်  ဘတ်ငါးထောင်စီ ပြန်လည်ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ 

#MyanmarLabourNews


Related posts

Cover
ပုလိပ်ဖြင့်ဖမ်းခိုင်းမည်ဟုခြိမ်းခြောက်ပြီး လုပ်အားခမပေးဘဲ အလုပ်လုပ်ခိုင်း
Aug 26, 2025
Cover
နယ်စပ်ဖြတ်ကျော်လာပြီး တောထဲတွင် ပုန်းအောင်းနေသည့် မြန်မာလုပ်သား ၁၀၀ ဦးအဖမ်းခံရ
Aug 26, 2025
Cover
ဖူးခက် လ၀က အချုပ်ခန်းတွင် မြန်မာအမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
Aug 22, 2025
Cover
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို
Aug 22, 2025
Cover
ပြည်ပရောက်အလုပ်သမားရဲ့ မိသားစုထံလွှဲပို့ငွေအတွက် အေဂျင်စီတွေကို နေပြည်တော်ခေါ်ယူစိစစ်မည်
Aug 21, 2025
Cover
အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၅၀ ကျော် အဖမ်းခံရ
Aug 21, 2025
Cover
အလုပ်ပြောင်း၊ သူဌေးပြောင်း မည့် လုပ်သားများ အလုပ်ပြောင်းစာ ဘိုင်ကျန့်အော် ထုတ်စရာမလိုတော့ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်
Aug 21, 2025
Cover
အထောက်ထားမပြည့်စုံတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ဘတ်အသစ်ရိုက်ပေးပြီး အလုပ်လုပ်ခွင့်ပြု
Aug 20, 2025