NEWS

မြန်မာလူငယ် ၁၀ ဦးတွင် ၄ ဦး နိုင်ငံတွင်းမှ ထွက်ခွာရန် ဆန္ဒရှိနေ

CoverLogo
519 Views
 
မြန်မာနိုင်ငံ ကနေ ထွက်ခွာလိုတဲ့ လူငယ် အရေ အတွက် များပြားနေပြီး လူငယ် ၁၀ ဦးတွင် ၄ဦးဟာ အခွင့်အခါပေးပါက နိုင်ငံအတွင်းမှ ထွက်ခွာလိုတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ် (UNDP) မှ ဩဂုတ် ၁၁ ရက်နေ့မှာ သတိပေး ထုတ်ပြန်လိုက်ပါတယ်။
 
ဩဂုတ် ၁၂ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ် (UNDP) က အစီရင်ခံစာသစ်တစ်စောင် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
 
အစီရင်ခံစာ ထဲမှာ ပဋိပက္ခအပါအဝင် စီးပွားရေးပြိုလဲမှုနဲ့ စစ်မှုထမ်းကိစ္စရပ်တွေကြောင့် မြန်မာနိုင်ငံက ထွက်ခွာလိုတဲ့ လူငယ်အရေအတွက်များလာပြီး လူငယ် ၁၀ ယောက်မှာ ၄ ယောက်ဟာ အခွင့်အခါပေးပါက နိုင်ငံအတွင်းမှထွက်ခွါလိုကြတယ်လို့ ကောက်ယူထားတဲ့ အချက်အလက်အသစ်တွေ အရ UNDP က ထုတ်ပြန်ပါတယ်။
 
အခုအစီရင်ခံစာ ကို လူငယ် ၇၀၀၀ ကျော်ရဲ့ အမြင်တွေ နဲ့ စုဆောင်းရယူထားခြင်း ဖြစ်ကာ Myanmar Youth Survey 2024 (မြန်မာလူငယ် သဘောထားစစ်တမ်း ၂၀၂၄) မှာ ကောက်ယူခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
လူငယ် ၁၀ ဦးတွင် (အသက် ၁၈ မှ ၃၅ နှစ်) ၄ ဦးသည် စီးပွားရေးပြိုလဲမှု၊ ပဋိပက္ခနှင့် စစ်မှုထမ်း ခေါ်ယူမှုတို့ကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားမှာဖြစ်ပြီး
 
ပညာအရည်အချင်းမြင့်မားသောလူငယ်များက ရွှေ့ပြောင်းအခြေချရန် စဉ်းစားတာ သိသိသာသာပိုများကာ မြန်မာနိုင်ငံတွင် ကျွမ်းကျင်လုပ်သားလိုအပ်ချိန် "ဦးနှောက်ယိုစီးမှု" ဖြစ်လာနိုင်ခြေ စိုးရိမ်မှု မြင့်တက်လာနေကြောင်း အစီရင်ခံစာ မှာဖေါ်ပြထားပါတယ်။
 
အခုလို လူငယ်တွေ အနေနဲ့ နိုင်ငံမှ ထွက်ခွာလိုပေမယ့် "နိုင်ငံနဲ့ အိမ်အပေါ် ခင်တွယ်မှု ကိုတွေ့ရကြောင်း ရွှေ့ပြောင်းလိုတဲ့ လူငယ်၉၀ရာခိုင်နှုန်းဟာ နိုင်ငံရေးနဲ့စီးပွားရေး အခြေနေတွေ ကောင်းမွန်လာပါက နိုင်ငံ သို့ ပြန်လာမှာ မယ်လို့ဆိုကြကြောင်း" အစီရင်ခံစာ မှာရေးသားထားပါတယ်။
 
မြန်မာလူငယ်တွေရဲ့ ဘ၀ဟာ နောင်ငါးနှစ် အတွင်းပိုကောင်းလာမယ်လို့ ယုံကြည်ကြပြီး သုံးပုံးနှစ်ပုံဟာ ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်လာနိုင်မယ်လို့ ယုံကြည်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ပညာတတ်လူငယ်တွေရဲ့ ၅၃ ရာခိုင်နှုန်းဟာ နိုင်ငံအတွင်းမှထွက်ခွါရန် ဆန္ဒရှိနေကြပြီး ကျန်းမာရေး၊ ပညာရေးနှင့် အင်ဂျင်နီယာ စတဲ့ ကဏ္ဍ တွေမှာ ဦးနှောက်ယိုစိမ့်မှုကြောင့် ပြည်တွင်းလုပ်သားရှားပါးလာနိုင်ချေ ရှိတယ်လို့ဖေါ်ပြထားပါတယ်။
 
ဒါ့အပြင် လူငယ် ၄၇ ရာခိုင်နှုန်းဟာ ခရီးသွားစာရွက်စာတမ်းများမရှိတဲ့ အတွက် လုံခြုံရေး အာမခံချက်မရှိတဲ့ လမ်းကြောင်းတွေက တစ်ဆင့် သွားနေကြရတယ်လို့ အစီရင်ခံစာမှာ ရေးးသားထားပါတယ်။
 
ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းတွေကိုလည်း လူငယ် တွေနဲ့ ၄င်းတို့ရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ရန်၊ အခွင့်အလမ်းတွေ တိုးချဲ့ပေးရန်၊ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုကို ပြည့်ပြည့်ဝဝ အကောင်ထည်ဖော်နိုင်ရန် တို့အတွက် ပြည်တွင်း၊ ပြည်ပရောက် လူငယ်တွေနဲ့ လက်တွဲလုပ်ဆောင် ဖိို့ကိုလည်းအစီရင်ခံစာမှာ တောင်းဆိုထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026