NEWS

မြန်မာလူငယ်တွေကို လာအိုရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းသို့ လိမ်လည်ရောင်းစားမှုတွေဖြစ်ပေါ်နေ

CoverLogo
787 Views

လာအိုနိုင်ငံက ဂိမ်းခုံမှာ အလုပ်လုပ်ကိုင်ရမယ်ဆိုပြီး လိမ်လည်ခေါ်ဆောင်ကာ အွန်လိုင်းငွေလိမ်လုပ်ငန်း ( ကျားဖြန့်)တွေဆီ ရောင်းစားခံခဲ့ရတယ်လို့ အဲ့ဒီကနေ ထွက်ပြေးလွတ်မြောက်လာတဲ့လူငယ်အချို့က ပြောပါတယ်။ 

 

လာအိုနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းလို့ခေါ်တဲ့ ကျားဖြန့် အလုပ်ရုံတစ်ခုမှာ ရောင်းစား ခံခဲ့ရတဲ့မြန်မာလူငယ်တွေထဲက ၇ ယောက်ဟာ လာအိုနိုင်ငံကနေ မြန်မာနိုင်ငံကိုပြန်လည်ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ 

 

ပြီးခဲ့တဲ့ ၂၀၂၄ မေလက အွန်လိုင်းကနေ ပွဲစားနှင့်ချိတ်ဆက်ရခဲ့ပြီး ကွန်ပျူတာလက်ကွက်ရပါက အလုပ်ရနိုင်ကြောင်း ၊ တစ်လလျှင် ယွမ် ၃၀၀၀ ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး တကယ်တမ်းရောက်ရှိချိန်မှာတော့ ကျားဖြန့်အတွက် အလုပ်လုပ်ကိုင်ခဲ့တာလို့ လူငယ်ကပြောပါတယ်။ 

 

"ကျနော်တို့ကို ကွန်ပျူတာ နဲ့အလုပ်ခေါ်တယ်ဆိုပြီးခေါ်တာ ဂိမ်းခုံဆိုပြီး စလော့တို့ဘာတို့ပဲထင်ခဲ့တာ နောက်မှသိလိုက်ရတာက ကျနော်တို့အတွက်ခေါ်တဲ့သူက ယွမ် ၁ သောင်းရတယ် ရှင်းရှင်း ခေါ် ခိုင်သဇင်ဦး သူ့ယောကျာ်းကဆေးစစ်သား သူအဖေကအရာရှိ"လို့ ပြန်လည်ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ကိုကို( အမည်လွှဲ)အသက် ၂၀ အရွယ် လူငယ်ကပြောပါတယ်။ 

 

ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးတာ နိုင်ငံရေးအခြေအနေနဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် ပြည်ပကို သွားရောက်လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။သူတို့ကို လက်ရှိမှာ တယ်လီဂရမ်ကနေတဆင့် ခြိမ်းခြောက်ပြောဆိုတာတွေရှိနေတယ်လို့ ဆိုပါတယ်။ 

 

"ရောက်ရောက်ချင်းလက ကွန်ပျူတာလက်ကွက်ပဲစမ်းခိုင်းတာ နောက်တော့ ဖေစ့်ဘွခ်အကောင့်ဖွင့်ခိုင်းတယ် ထိုင်းမင်းသားပုံနဲ့ ပြီးတော့ပိုက်ဆံရှိတဲ့အမျိုးသမီးတွေကို add ခိုင်းတယ် မိတ်ဆွေဖွဲ့ခိုင်းပြီးချစ်သူလုပ်ခိုင်းတယ် ပြီးရင် ကမ္ဘာ့ရွှေအရောင်းအဝယ်အတူလုပ်မယ်ဆိုပြီး စည်းရုံးခိုင်းတယ်သူတို့ပြောတဲ့အတိုင်းမလုပ်ရင်ဒဏ်ပေးတယ် ကျင်စက်နဲ့ ကြာပွတ်တွေလည်းရှိတယ် သူတို့ပြောတဲ့အတိုင်းမလုပ်နိုင်ရင်တကယ်လုပ်ပါတယ် သူတို့ပြောတဲ့အတိုင်းလုပ်နိုင်ရင် လစာပေးတယ်။မရတဲ့သူတွေလည်းအများကြီးပါ"လို့ ယင်းကပြောပါတယ်။ 

 

အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် အလုပ်ချိန်က မနက် ၁၁ နာရီကနေ ည ၂ နာရီထိလုပ်ကိုင်ရပြီး တနင်္ဂနွေနေ့မှာတော့ ညနေ ၅ နာရီကနေ ၁ နာရီထိ လုပ်ခိုင်းတယ်လို့ ဆိုပါတယ်။ လုပ်ခိုင်းတဲ့အတိုင်းမလုပ်နိုင်ပါက အမျိုးသမီးတွေထိုင်ထ ၁၀၀ အမျိုးသားတွေဒိုက် အခါ ၁၀၀ ထိုးခိုင်းပြီး ဒဏ်ပေးလေ့ရှိတယ်လို့ ပြောပါတယ်။ 

 

" FOREVER အမည်နဲ့ဟော်တယ် ဖွင့်ထားပြီး နောက်မှာကျားဖြန့်လုပ်တာပါ ၂၁ ထပ်တိုက်ပါ။ တရုတ်လူမျိုး တွေက မြန်မာစကားပြန်တွေနဲ့ပါ Van pak len မြို့မှာ"လို့ လွတ်မြောက်လာတဲ့လူငယ်က ပြောပါတယ်။ 

 

ပြန်လည်ထွက်ပြေးခဲ့တဲ့ လူငယ် ၇ ယောက်ထဲမှာ အမျိုးသမီးငယ် ၂ ဦးပါဝင်ပြီး သူတို့အနေနဲ့ မှတ်ပုံတင်တွေ သိမ်းဆည်းခံထားရပြီး သက်ဆိုင်ရာကိုတိုင်ကြားဖို့ အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။ 

 

"ကျားဖြန့်မှန်း မသိခဲ့ပါဘူး။သိတော့မလုပ်ချင်ဘူးပေးထွက်ပါလို့ပြောပါတယ်။ သူတို့က ပေးမထွက်ပါဘူး မင်းတို့အတွက်ပိုက်ဆံတွေအများကြီးအကုန်ခံထားရတယ်လို့ပြောပါတယ်။ကျွန်တော်တို့လို လူငယ်တွေကို အရေးကြီးသတိပေးချင်တာက မသွားစေချင်ဘူး။ ရက် ၄၀ တိတိလည်းသူတို့သင်ပေးရတာပါ ဆိုပြီးလစာတွေဘာတွေမပေးပါဘူး။နောက်ထပ်မခံရအောင်ခေါ်တဲ့သူတွေရဲ့ပုံတွေကိုတစ်ခြားလူတွေသိစေချင်ပါတယ်။"လို့ လွတ်မြောက်ခဲ့တဲ့ လူငယ်ကပြောပါတယ်။ 

 

အဆိုပါ လုပ်ငန်းမှာ မြန်မာလူငယ် ၁၈၀ ဝန်းကျင်ရှိနေပြီး တရုတ်လူမျိုးတွေဦးစီးတဲ့ အဆိုပါ ကျားဖြန့်လုပ်ငန်းမှာ မြန်မာစကားပြန်တွေနဲ့ ခိုင်းစေနေတာလို့ သိရပါတယ်။ 

 

သူတို့အနေနဲ့ ထွက်ပြေးဖို့ကြိုးစားတာကို တွေ့ရှိပါက ထိုးကြိတ်တာ ကြာပွတ်နဲ့ရိုက်တာတွေပြုလုပ်တာကြောင့် ကူညီကယ်ဆယ်ပေးကြဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။ 

 

Application - https://bit.ly/3oNDLga

Website Link - https://www.myanmarlabournews.com

Telegram Link - https://t.me/myanmarlabournews 

 

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026