NEWS

မြန်မာလုပ်သား ၃၂၀ ဦး အလုပ်ဝင်ပြီး လေးလ ခန့် တွင် အကြောင်းမဲ့အလုပ်ထုတ်ခံရ

CoverLogo
196 Views
 
ထိုင်းနိုင်ငံ ချာချင်ဆောင် ရှိ အလုပ်ရုံတစ်ခုတွင် မြန်မာလုပ်သား ၃၂၀ ကို အလုပ်ဝင်ပြီး လေးလ မပြည့်ခင်မှာ စက်ရုံဘက်မှ အကြောင်းမဲ့ အလုပ်ထုတ်ပစ်လိုက်တယ်လို့ ၄င်း ကိစ္စကို ကူညီပေးနေတဲ့ 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့) ထံမှ သိရပါတယ်။
 
အခုလို အလုပ်ထုတ်တာကို စက်ရုံဘက်မှ တိုက်ရိုက် ပြောတာမဟုတ်ဘဲ ကြားခံ အေဂျင်စီက အဆောင်ခန်းတွေ အထိ လာရောက် အကြောင်းကြားသွားတာဖြစ်တယ်လို့ သိရပါတယ်။
 
အလုပ်ရုံဘက်က လည်း အလုပ်ကနေ ထုတ်ပယ် လိုက်ပြီး တာဝန်ယူမှုမရှိတဲ့ အတွက် အေအေစီရဲမင်းဦးဆောင်သော 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)ထံ နစ်နာသူ မြန်မာလုပ်သားတွေက အကူညီတောင်းခံလာတဲာကြောင့် အောက်တိုဘာလ၃ရက်နေ့မှာ ကူညီမှုများစတင်ခဲ့တယ်လို့ MHACမဟာမိတ်အဖွဲ့ ထံမှသိရပါတယ်။
 
""အလုပ်ဝင်တာက The First အေဂျင်စီကနေ ချိတ်ပြီးဝင်တာ လစာကိုလည်း The First ကတစ်ဆင့်ပေးတယ် တကယ်ဖြစ်လာတော့သူတို့ဘက်က ခေါင်းရှောင်တယ် ပထမဆုံး သူတို့နဲ့အရင်ညှိနှိုင်းတယ် အဆင်မပြေလို့ ကိုရဲမင်းတို့ရဲ့MHACအဖွဲ့ကို အကူညီတောင်းလိုက်တာပါ""လို့ နစ်နာသူအလုပ်သမားတစ်ဦးကပြောပါတယ်။
 
MHACမဟာမိတ်အဖွဲ့အနေနဲ့ အလုပ်မှထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေကို သက်ဆိုင်ရာအစိုးရအဖွဲ့ စဝါဒီကန် ၊ကျဟကန်၊ တောမော၊ရဲ စတဲ့ ဌာနအသီးသီးမှ တာဝန်ရှိအရာရှိများမှ စက်ရုံနှင့်ကြားခံagencyတို့ ကို ခေါ်ယူညှိနှိုင်မှုများ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
 
ညှိနှိုင်းမှုအရ အလုပ်သမားတွေရဲ့ လုပ်အားခ၊နစ်နာကြေး၊ စမတ်ကြေး နှင့်သက်တမ်းတိုးလုပ်ငန်းစဉ်နှင့်ပတ်သတ်တာတွေကို ပေးဆောင်ဖို့ စက်ရုံနှင့်ကြားခံအေဂျင်စီ ရဲ့တာဝန်ရှိသူတွေက ထိုင်းနိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)သားများရှေ့၌ပင် ကတိကဝတ်ပြုခဲ့တယ်လို့ သိရပါတယ်။
 
အလုပ်သမားတွေရဲ့ လုပ်အားခ လစာ နစ်နာကြေး စမတ်ကြေး တွေကို အောက်တိုဘာ ၅ရက်မှာ စက်ရုံဘက်မှ ပေးမယ်လို့ ကတိပြုခဲ့ ပြီး𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)အနေနဲ့ မြန်မာလုပ်သားတွေနဲ့ အတူနစ်နာမှုများရရှိရန် ဆက်လက်ရပ်တည်ကူညီသွားမယ်လို့သိရပါတယ်။
 
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဖစ်ဘူရီခရိုင်ရှိ ခက်ကွန်း စက်ရုံမှ မြန်မာလုပ်သား၁၄၅၀ဦးကို အလုပ်ဝင်ပြီး ၄လခန့်မှာ ပဲ အကြောင်းမဲ့အလုပ်ထုတ်တဲ့ အတွက် MHACမဟာမိတ်အဖွဲ့အနေနဲ့ ကူညီပေးခဲ့ပြီး နစ်နာကြေးတွေရရှိအောင်ကူညီပေးခဲ့တယ်လို့သိရပါတယ်။

Related posts

Cover
ပြည်ပခွင့်ပြန်လုပ်သားများ ရန်ကုန်လေဆိပ်ရောက်ပါက မပျက်မကွက် သတင်းပို့ရမည်ဟုဆို
Dec 25, 2025
Cover
လျှပ်စစ်ပစ္စည်း ထုတ်စက်ရုံမှ မြန်မာလုပ်သား ၄၃ ဦး အကြောင်းမဲ့ အလုပ်ထုတ်ခံရ
Dec 24, 2025
Cover
ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ အလုပ်ရှာဖို့ နယ်စပ်ဖြတ်လာကြတဲ့ မြန်မာ၂၇ဦး အဖမ်းခံရ
Dec 24, 2025
Cover
အကူညီတောင်းခံမှုများအတွက် အခကြေးငွေပေးစရာမလိုကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အသိပေး
Dec 24, 2025
Cover
ထိုင်းမှာ ရက် ၂၀ အတွင်း မြန်မာလုပ်သား ၄၉၀၀ ကျော် အဖမ်းခံရ
Dec 23, 2025
Cover
မလေးရှားမှ ဖမ်းခံရသော မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို နေရပ်ပြန်ပို့ခံရ
Dec 22, 2025
Cover
ပြည်ပလုပ်သားစေလွှတ်မှု ကန့်သတ်ပိတ်ပင်ခံရပြီးနောက်ပိုင်း အလိမ်ခံရတာတွေပိုများလာ
Dec 22, 2025
Cover
မြန်မာအလုပ်သမား ၁၇ဦး ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်မှထုတ်ခံရ
Dec 20, 2025