NEWS

မြန်မာလုပ်သား ၃၂၀ ဦး အလုပ်ဝင်ပြီး လေးလ ခန့် တွင် အကြောင်းမဲ့အလုပ်ထုတ်ခံရ

CoverLogo
412 Views
 
ထိုင်းနိုင်ငံ ချာချင်ဆောင် ရှိ အလုပ်ရုံတစ်ခုတွင် မြန်မာလုပ်သား ၃၂၀ ကို အလုပ်ဝင်ပြီး လေးလ မပြည့်ခင်မှာ စက်ရုံဘက်မှ အကြောင်းမဲ့ အလုပ်ထုတ်ပစ်လိုက်တယ်လို့ ၄င်း ကိစ္စကို ကူညီပေးနေတဲ့ 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့) ထံမှ သိရပါတယ်။
 
အခုလို အလုပ်ထုတ်တာကို စက်ရုံဘက်မှ တိုက်ရိုက် ပြောတာမဟုတ်ဘဲ ကြားခံ အေဂျင်စီက အဆောင်ခန်းတွေ အထိ လာရောက် အကြောင်းကြားသွားတာဖြစ်တယ်လို့ သိရပါတယ်။
 
အလုပ်ရုံဘက်က လည်း အလုပ်ကနေ ထုတ်ပယ် လိုက်ပြီး တာဝန်ယူမှုမရှိတဲ့ အတွက် အေအေစီရဲမင်းဦးဆောင်သော 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)ထံ နစ်နာသူ မြန်မာလုပ်သားတွေက အကူညီတောင်းခံလာတဲာကြောင့် အောက်တိုဘာလ၃ရက်နေ့မှာ ကူညီမှုများစတင်ခဲ့တယ်လို့ MHACမဟာမိတ်အဖွဲ့ ထံမှသိရပါတယ်။
 
""အလုပ်ဝင်တာက The First အေဂျင်စီကနေ ချိတ်ပြီးဝင်တာ လစာကိုလည်း The First ကတစ်ဆင့်ပေးတယ် တကယ်ဖြစ်လာတော့သူတို့ဘက်က ခေါင်းရှောင်တယ် ပထမဆုံး သူတို့နဲ့အရင်ညှိနှိုင်းတယ် အဆင်မပြေလို့ ကိုရဲမင်းတို့ရဲ့MHACအဖွဲ့ကို အကူညီတောင်းလိုက်တာပါ""လို့ နစ်နာသူအလုပ်သမားတစ်ဦးကပြောပါတယ်။
 
MHACမဟာမိတ်အဖွဲ့အနေနဲ့ အလုပ်မှထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေကို သက်ဆိုင်ရာအစိုးရအဖွဲ့ စဝါဒီကန် ၊ကျဟကန်၊ တောမော၊ရဲ စတဲ့ ဌာနအသီးသီးမှ တာဝန်ရှိအရာရှိများမှ စက်ရုံနှင့်ကြားခံagencyတို့ ကို ခေါ်ယူညှိနှိုင်မှုများ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
 
ညှိနှိုင်းမှုအရ အလုပ်သမားတွေရဲ့ လုပ်အားခ၊နစ်နာကြေး၊ စမတ်ကြေး နှင့်သက်တမ်းတိုးလုပ်ငန်းစဉ်နှင့်ပတ်သတ်တာတွေကို ပေးဆောင်ဖို့ စက်ရုံနှင့်ကြားခံအေဂျင်စီ ရဲ့တာဝန်ရှိသူတွေက ထိုင်းနိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)သားများရှေ့၌ပင် ကတိကဝတ်ပြုခဲ့တယ်လို့ သိရပါတယ်။
 
အလုပ်သမားတွေရဲ့ လုပ်အားခ လစာ နစ်နာကြေး စမတ်ကြေး တွေကို အောက်တိုဘာ ၅ရက်မှာ စက်ရုံဘက်မှ ပေးမယ်လို့ ကတိပြုခဲ့ ပြီး𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)အနေနဲ့ မြန်မာလုပ်သားတွေနဲ့ အတူနစ်နာမှုများရရှိရန် ဆက်လက်ရပ်တည်ကူညီသွားမယ်လို့သိရပါတယ်။
 
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဖစ်ဘူရီခရိုင်ရှိ ခက်ကွန်း စက်ရုံမှ မြန်မာလုပ်သား၁၄၅၀ဦးကို အလုပ်ဝင်ပြီး ၄လခန့်မှာ ပဲ အကြောင်းမဲ့အလုပ်ထုတ်တဲ့ အတွက် MHACမဟာမိတ်အဖွဲ့အနေနဲ့ ကူညီပေးခဲ့ပြီး နစ်နာကြေးတွေရရှိအောင်ကူညီပေးခဲ့တယ်လို့သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026