NEWS

မြန်မာလုပ်သား ၁၇ဦး စမတ်ကြေးနှင့် ဘတ်စာရွက်စာတမ်းများအလိမ်ခံရ

CoverLogo
278 Views
 
ထိုင်းနိုင်ငံ ပါကျင်ပူလီမြို့နယ်ရှိ မြန်မာလုပ်သမား(၁၇)ဦးကို ပွဲစားဆိုသူက စမတ်ကြေးများနဲ့ ဘတ်စာရွက်စာတမ်းတွေ လိမ်လည်သွားတယ်လို့ ၎င်းအမှု ကို ကူညီပေးနေတဲ့ UFF-Labour အဖွဲ့ထံမှ သိရပါတယ်။
 
မြန်မာလုပ်သမား(၁၇)ဦးဟာ ပွဲစားထံ မှာ အလုပ်စမတ်ကြေး ဘတ် ၃၀၀၀၊ ၅၀၀၀၊ ၇၀၀၀ စသည်ဖြင့် အသီးသီးနဲ့ ပတ်စပို့စ် (passport)စာအုပ်များကိုလဲ‌ပေးထားတဲ့အပြင် ဝပ်ပါမစ် သက်တမ်းထိုးဖို့ငွေအကြေပေးထားသူများနဲ့ ဘတ်အသစ်တင်ထားသူများလဲ ပါဝင်တယ်လို့ သိရပါတယ်။
 
အခုလို ကုန်ကျငွေများနဲ့ စာရွက်စာတမ်းအထောက်အထားတွေ ပေးထားပေမယ့် ၎င်း ပွဲစားဟာ အလုပ်မရှာပေးနိုင်တဲ့ အပြင်အလုပ်သမားများရဲ့ စာအုပ်များ ဘတ်သစ်တင်ထားသူများ သက်တမ်းတိုးထားသူများရဲ့ စာရွက်စာတမ်းများကို မပေးသေးပဲ အမျိုးမျိုးအကြောင်းပြပြီး အချိန်ကြန့်ကြာနေတဲ့ အတွက် မြန်မာလုပ်သားတွေ မှာ အခက်ခဲတွေ ဖြစ်နေရတယ်လို့ ဆိုပါတယ်။
 
ဒါကြောင့် နစ်နာသူ အလုပ်သမားတွေဟာ မြန်မာအလုပ်သမား အရေး ကူညီပေးနေတဲ့ UFF-Labour အဖွဲ့ထံ တိုင်ကြားခဲ့တာကြောင်​့ မတ်လ ၂၂ရက် မှာ ၎င်းအဖွဲ့ မှ မဟာချိုင်တာဝန်ခံ ကိုမျိုးမင်းထွန်းနှင့်အတူအဖွဲ့သားများမှဦးဆောင်ပြီး သွားရောက်ဖြေရှင်းပေးခဲ့ရာ ပွဲစားဖြစ်သူက ပက်စပို့စ်စာအုပ်တစ်ချို့ကိုတော့ ပြန်လည်ပေးခဲ့ပြီး ကျန်တဲ့ကိစ္စတွေကိုတော့ နောက်တစ်ပတ် တနင်္ဂနွေနေ့သို့ ပြန်လည်ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026