NEWS

မြန်မာလုပ်သား ၁၅၀၀ ခန့်ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်

CoverLogo
355 Views
 
ထိုင်းနိုင်ငံ ဖက်ခ်ျဘူရီခရိုင် ခက်ကွန်း(Cal-Comp) လျှပ်စစ်စက်ရုံရှိ မြန်မာအလုပ်သမား ၁၄၅၀ ဦးကို စက်ရုံဘက်မှ ကြိုတင်အကြောင်းမကြားဘဲ ရုတ်တရက် အလုပ်ထုတ်ခံလိုက်ရတယ်လို့ ကူညီပေးနေတဲ့ အလုပ်သမားအဖွဲ့စည်းတွေထံမှ သိရပါတယ်။
 
ဒီကနေ့ (စက်တင်ဘာ ၃၀) နံနက်ပိုင်းမှာ မြန်မာအလုပ်သမားများ စက်ရုံ သို့ အလုပ်ဝင်ရောက်လာစဉ် စက်ရုံ တာဝန်ရှိသူတွေက စာရွက်မှာ လက်မှတ်ထိုးရန် အပြင်သို့ တန်းစီးခေါ်ထုတ်ခဲ့ပြီး ရုတ်တရက် အလုပ်ထုတ်လိုက်ခြင်းဖြစ်တယ်လို့ နစ်နာသူ အလုပ်သမားတွေကပြောပါတယ်။
 
""သူတို့လက်မှတ်ထိုးခိုင်းတဲ့စာရွက်က ဘာစာရွက်မှန်းသေချာမဖတ်ခိုင်းဘဲ အတင်းလက်မှတ်ထိုးခိုင်းတာ လက်မှတ်ထိုးပြီးမှ အလုပ်ထုတ်တဲ့စာရွက်ဆိုတာသိတာစက်ရုံက အရှုံးပေါ်နေလို့ အလုပ်ထုတ်တာလို့ပြောတယ် ထုတ်ခံရတာလဲ မြန်မာလုပ်သားတွေကြီးဘဲအခုလည်း ကျွန်တော်တို့ကို စက်ရုံအမိုးအောက်လဲမနေခိုင်းဘူး သောက်ရေပေးမသောက်ဘူး အိမ်သာဆိုလည်း မိန်းကလေးတွေကိုပါ ပေးမသုံးတော့ဘဲ စက်ရုံကနေအဓမ္မ ထွက်ခိုင်းနေတာ""လို့အလုပ်သမားတစ်ဦးကပြောပါတယ်။
 
အလုပ်ထုတ်ခံရတဲ့ မြန်မာ လုပ်သားတွေမှာ ယခုစက်ရုံမှာ အလုပ် ဝင်လုပ်ရဖို့ အလုပ်စမတ်ခ တစ်ဦး ကို ဘတ် ၁၉၀၀၀ အထိ ပေးခဲ့ ရပြီး အလုပ်ဝင်ပြီး ၃လ အကြာအခုလို အကြောင်းမဲ့ အလုပ်ထုတ်တာဖြစ်တယ်လို့ အလုပ်သမားတွေကဆိုပါတယ်။
 
အလုပ်ထုတ်ချိန်တွင် စက်ရုံဘက်မှ အောက်တိုဘာ ၁ ရက်အထိ လုပ်ခရှင်းပေးပြီးရုတ်တရက်အလုပ်ထုတ်နစ်နာကြေး ဘတ် ၄၅၆၃ ဘတ်သာ ပေးဆောင်တယ်လို့သိရပါတယ်။
 
အခုလို အကြောင်းမဲ့ အလုပ်ထုတ်ခံရတဲ့ အတွက် မြန်မာအလုပ်သမားတွေ မှာ မကျေနပ်တဲ့ စက်ရုံရှေ့တွင် စုဝေးနေကျ
သည့် အတွက် စက်ရုံဘက်မှ ထိုင်းရဲများခေါ်ကာ စောင့်ကြည့်ခိုင်းထားတယ်လို့ MHAC မဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းက လူမှုကွန်ယက်မှတစ်ဆင့် ပြောပါတယ်။
 
""အလုပ်စမတ်ခ တစ်ဦးကို ၁၉၀၀၀ ဘတ် ယူပြီး ၃လ လောက် ခေါ်ခိုင်းလိုက် အလုပ်ဖြုတ်လိုက် ငွေယူလူသစ်သွင်းလိုက် လုပ်နေတဲ့ လူပါးဝတဲ့ ဆပ်ကုမ္ပဏီ တစ်ခုက မြန်မာလုပ်သားတွေ ကို ဒုက္ခပေးနေတာ MHAC မဟာမိတ်အဖွဲ့ မှ ထိုင်းဥပဒေပါအတိုင်း ကူညီပေးဖို့ သွားရောက်နေပါတယ်""လို့ MHAC မဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ကလည်း မဟာချိုင်ရှိ Cal-Comp လျှပ်စစ် စက်ရုံ မှ MOU စနစ်ဖြင့် ခေါ်ယူထားတဲ့ မြန်မာလုပ်သား ၁၀၀၀ ကျော်ကို ရုတ်တရက်အလုပ်ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026