NEWS

မြန်မာလုပ်သား၂၀ ကျော်ရဲ့ တစ်နှစ်စာလုပ်ခ ဘတ်တစ်သန်းကျော် ရလိုမှု အဆင်ပြေ

CoverLogo
225 Views
 
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ဆောက်လုပ်ရေးဆိုက်တစ်ခုမှာ အလုပ်လုပ်နေတဲ့ MOU/CI ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမား ၂၁ ဦးရဲ့ လုပ်အားခ တစ်နှစ်စာ ကို သူဌေးက မပေးတဲ့ အတွက် ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးနေတယ် WAG မဟာမိတ်အဖွဲ့မှ ကူညီဖြေရှင်းပေးခဲ့ရာလုပ်ခလစာရရှိရန် ညှိနှိုင်းမှုအဆင်ပြေခဲ့တယ်လို့ သိရပါတယ်။
 
၎င်းဆောက်လုပ်ရေးမှ မြန်မာလုပ်သား ၂၁ဦးဟာ ဖိုးလက်မောင်းသူဌေးနဲ့လုပ်ကိုင်ခဲ့တာ မှာ သူဌေးဖြစ်သူက လုပ်သားတွေရဲ့ လုပ်အားခ တစ်နှစ်စာ စုစုပေါင်း ကျန်ငွေ ဘတ် ၁၄၀၀၀၀၀ ကို မပေးဘူးလို့ ဆိုပါတယ်။
 
လုပ်ခလစာ မရတဲ့ အတွက် မြန်မာအလုပ်သမားတွေဟာ အခက်ခဲ ဖြစ်ပေါ်တာကြောင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ကို အကူညီတောင်းခံခဲ့ တဲ့ အတွက် အောက်တိုဘာ ၂ရက်နေ့မှာ မြို့နယ်ဆဝါဒီကန်ရုံးကို အလုပ်သမားတွေနဲ့အတူ တိုင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
 
အခုလို တိုင်ကြားတဲ့အတွက် ဆဝါဒီကန်ရုံးမှ သူဌေး ဖြစ်သူကို ဆက်သွယ်ခေါ်ယူပြီး အလုပ်သမားတွေရှေ့မှာ ညှိနှိုင်းပေးခဲ့ရာ ကျန်ရှိလုပ်ခလစာ စုစုပေါင်း ဘတ် ၁၄၀၀၀၀၀ ကို ၅လ အတွင်း အကြေပေးမယ်လို့ သဘောတူခဲ့ပြီး ယနေ့အောက်တိုဘာ ၁၄ရက်မှာ လုပ်ခလစာ တဖြတ်ကို ပေးခဲ့တယ်လို့ သိရပါတယ်။
 
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေ ကို လုပ်ငန်းရှင် အချို့က လုပ်ခလစာ ပုံမှန်မပေးတာတွေ ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်တာတွေ မကြာခဏ ဖြစ်ပေါ်နေပြီး ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအဖွဲ့စည်းတွေက ကူညီ တိုင်ကြားကာ ဖြေရှင်းပေးနေရပါတယ်။

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026