NEWS

မြန်မာလုပ်သား၂၀၀ ကျော် ကြိုတင်အကြောင်းမကြားဘဲ အလုပ်ရပ်နားခံရ

CoverLogo
379 Views
 
ထိုင်းနိုင်ငံ ချွန်ပူလီ ခရိုင် လယောင်မြို့ မှာရှိတဲ့ အလူမီနီယံ ခဲဘတ် ထုတ်လုပ်တဲ့ စက်ရုံ မှာ အလုပ် လုပ်နေတဲ့ မြန်မာ လုပ်သား ၂၀၀ ကျော် ကို အလုပ်ရှင် က ကြိုတင်အကြောင်းကြားမှု မရှိဘဲ အလုပ်ရပ်နားလိုက်တယ်လို့ မြန်မာအလုပ်သမားရေးကူညီပေးနေတဲ့ WAG အလုပ်သမား မဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။
 
၎င်းစက်ရုံ မှာ MOU /Name List /CI ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမား ၃၀၀ ကျော်ဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့ က စပြီး ကြားစပ်ကုမ္ပဏီမှတစ်ဆင့် ထိုစက်ရုံမှာ အလုပ်စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ရာ မှာ ၁ နှစ်ခန့်ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
 
လတ်တလောမှာတော့ မြန်မာလုပ်သား ၃၀၀ကျော် ထဲ မှ ၆၅ဦး ကိုသာ စက်ရုံ ဘက်မှ အလုပ်ခိုင်းစေတော့မယ် ပြောပြီး ကျန်မြန်မာလုပ်သား၂၀၀ကျော်ကိုတော့ ဇွန်လ ၁၁ရက် က စပြီး အလုပ်ထုတ်ပယ်လိုက်တယ်လို့ စက်ရုံ မှ စာရေးမ ဆိုသူက ပြောလိုက်တယ်လို့ အလုပ်သမားတွေထံမှ သိရပါတယ်။
 
အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၂၀၀ကျော်ရဲ့ မေလ ၁၀ရက်မှ ယနေ့အထိ ရရှိမယ့် လုပ်ခလစာ တစ်လစာ ကို မထုတ်ပေးဘူးလို့ လဲ နစ်နာသူ မြန်မာလုပ်သားတွေက ပြောပါတယ်။
 
အခုလို မြန်မာအလုပ်သမား ၂ဝဝ ကျော်ကို စက်ရုံမှ လုပ်အားခပေးခြင်းမရှိ တဲ့ အပြင် ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံရတဲ့ အတွက် WAG အဖွဲ့ ထံ အကူညီတောင်းခံရာမှာ တော့ ဇွန်လ ၁၃ ရက် မှာ အလုပ်သမားနှင့်သွားရောက်တွေ့ဆုံပြီး အမှုလက်ခံခဲ့တယ်လို့ WAG အလုပ်သမားမဟာမိတ် အဖွဲ့ ထံမှ သိရပါတယ်။
 
အခုလို မြန်မာလုပ်သား အများအပြား ကို အလုပ်ရှင်တွေ က ကြိုတင်အကြောင်းကြားမှုမရှိဘဲ စက်ရုံ အလုပ်ရုံ တွေကနေ ထုတ်ပယ်တာတွေ ယခုနှစ် အတွင်း မကြာခဏ ဖြစ်ပေါ်နေပြီး မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ အဖွဲ့စည်း တွေ က ကူညီ ဖြေရှင်းပေးမှသာ လုပ်ခလစာနဲ့ နစ်နာကြေးတွေ ပြန်လည်ရရှိခဲ့တာ တွေ ရှိတယ်လို့ သိရပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026