NEWS

မြန်မာလုပ်သားများ တင်ဆောင်လာသည့် မော်တော်ယာဉ် မြစ်ထဲ ထိုးကျ၊ ယာဉ်မောင်း လွတ်မြောက်

CoverLogo
303 Views
 
ထိုင်းနိုင်ငံ၊ ကန်ချနားဘူရီ ပြည်နယ်မှာ မြန်မာရွှေ့ပြောင်း လုပ်သားတွေကို တင်ဆောင်လာတဲ့ ပစ်ကပ် မော်တော်ယာဉ်တစ်စီး မြစ်ထဲ ထိုးကျမှုဖြစ်ပွားခဲ့တယ်လို့ ဧပြီ ၂၅ရက်က ထိုင်းသတင်းဌာန Khasod English မှာ ဖေါ်ပြထားပါတယ်။
ထိုင်း ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီရာကနေ အခုလို ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
အဝေးပြေး ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးလို့ မြန်မာရွှေ့ပြောင်း လုပ်သားတွေကို တင်ဆောင်လာတဲ့ မော်တော်ယာဉ်ကားက ဘန်လတ်ရာ လမ်းဆုံကနေ Kwai Yai မြစ်ကူးတံတား Nong Bua အထိ အရှိန်ပြင်းပြင်း မောင်းနှင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက် မြစ်ကမ်းဘေးမှာ ကားရေဆေး နေတဲ့ ဒေသခံတစ်ဦးရဲ့ ကားကို မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ မော်တော်ယာဉ်က တိုက်မိပြီး မြစ်ထဲ ဆင်းသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မော်တော်ယာဉ် မြစ်ထဲကို ကျသွားပြီး ယာဉ်မောင်းဖြစ်သူက ရေကူးလွတ်မြောက် သွားပေမဲ့ ယာဉ်အနောက်ခန်းမှာ ပါလာတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား အမျိုးသား၊ အမျိုးသမီး နဲ့ ကလေးငယ် စုစုပေါင်း ၁၉ဦး ကတော့ ယာဉ်ပေါ်မှာ ကျန်ရစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာရွှေ့ပြောင်း လုပ်သားတွေက ရန်ကုန်ကနေ လာရောက်သူတွေဖြစ်ပြီး ဆန်ခလာဘူရီခရိုင် နယ်စပ်ကနေ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
ဒီခရီးအတွက် ပွဲစားဆိုသူကို တစ်ဦး ထိုင်းဘတ် ၈၅၀၀၀ ပေးခဲ့ရတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
ဖမ်းဆီးရမိသူတွေထဲက အရွယ်ရောက်ပြီးသူ အားလုံး ကို တရားမဝင် ဝင်ရောက်မှုဖြင့် အမှုဖွင့်ထားပြီး မြစ်ကိုဖြတ်ကူးပြီး ထွက်ပြေးသွားတဲ့ ကားမောင်းသူ ကို ထိုင်း ရဲတပ်ဖွဲ့ က ဖမ်းဆီးနိုင်ဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။
Ref- Khasod English

Related posts

Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026
Cover
မလေးရှားသွားရန် ဘတ် ၅ သောင်း မှ ၁သိန်း အထိ ပေးလာရသည့် မြန်မာလုပ်သား ၆၀ နီးပါး ထိုင်းတွင်အဖမ်းခံရ
Mar 07, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် စက်ရုံကို သက်ဆိုင်ရာသို့ တိုင်ကြားပြီးနောက် မြန်မာလုပ်သား ၁၀၀ ကျော် အခွင့်အရေးများပြန်ရ
Mar 07, 2026