NEWS

မြန်မာလုပ်သားများ တင်ဆောင်လာသည့် ကားတိမ်မှောက်သဖြင့် ၂ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရ

CoverLogo
367 Views
 
ထိုင်းနိုင်ငံ ဖတ္တလွန် ပါဘွန်မြို့နယ် တွင် မြန်မာလုပ်သားတွေကို တင်ဆောင်လာတဲ့ Fortuner ကားတစ်စီး ဟာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွါးခဲ့တာကြောင့် ၂ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရာရှိခဲ့တယ်လို့ ထိုင်သးသတင်းတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။
 
ဇန်နဝါရီ ၂၁ရက် မနက် အစောပိုင်း က မြန်မာလုပ်သားတွေကို တင်ဆောင်လာတဲ့ ကားဟာ ပါဘွန်မြို့နယ်၊ ထုန်းနာရီကျေးရွာအုပ်စုရှိ အရပ်ဘက်လုံခြုံရေး ကင်းစခန်းအနီး ကားတစ်စီးလုံး လမ်းဘေးကို ထိုးကျတိမ်းမှောက် သွားခဲ့တဲ့အပြင် ကားအတွင်းမှာ လဲ မြန်မာလုပ်သား အမြောက်အမြားကို အပြည့်အသိပ် တင်ဆောင်လာတာကြောင့် ထိခိုက်မှု ပိုမိုများပြားခဲ့ရတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ယာဉ်တိမ်းမှောက် မှုကြောင့် အခင်းဖြစ်တဲ့ နေရာမှာတင် ၁ ဦး သေဆုံးခဲ့ပြီး နောက်ပိုင်းမှာ ထပ်မံ သေဆုံးသူ ၂ ဦးအထိ ရှိလာကြောင်း ဒဏ်ရာရရှိသူ စုစုပေါင်း ၁၇ ဦးရှိပြီး ၎င်းတို့ ထဲမှ အသက်အန္တရာယ် စိုးရိမ်ရတဲ့ (အနီရောင်အဆင့်) လူနာ ၇ ဦးအထိ ပါဝင်နေတယ်လို့ ဆိုပါတယ်။
 
အခင်း ဖြစ်ရာ နေရာကို ဒေသခံ ကယ်ဆယ်ရေးအဖွဲ့ များ လာရောက် ကူညီကျပြီး ဒဏ်ရာရရှိသူတွေကို နီးစပ်ရာ ပါဘွန်၊ တမုတ်၊ ဘန်ကယောက်၊ ရတ်တာဖွန် နဲ့ ခွန်နီယန်း ဆေးရုံတွေကို အရေးပေါ် ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
 
လက်ရှိမှာတော့ ယာဉ်တိမ်းမှောက်မှုနဲ့ ပက်သက်ပြီး တာဝန်ရှိသူတွေက မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းကို စစ်ဆေးနေသလို၊ ပါဝင်တဲ့ မြန်မာလုပ်သားတွေဟာ တရားဝင် အထောက်အထားရှိသူ တွေ ဟုတ်မဟုတ်နဲ့ ကားမောင်းသမားရဲ့ အခြေအနေကိုပါ ဆက်လက်စုံစမ်း စစ်ဆေးနေတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
Ref- matichon online

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026