NEWS

မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာ ထိုင်းနိုင်ငံ အတွင်း ဝင်ရောက်လာတဲ့အပေါ် ထိုင်းနိုင်ငံသားအချို့ ဆန္ဒပြ

CoverLogo
713 Views
 
ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ များစွာ ဝင်ရောက်လာပြီး အလုပ်လုပ်ကိုင်လာသည့် အပေါ် မကျေနပ်တဲ့ ထိုင်းနိုင်ငံသား အချို့က စက်တင်ဘာ ၂၃ရက် မှာ ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြမှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေထံက သိရပါတယ်။
 
ဘန်ကောက်ရှိမြန်မာသံရုံး ရှေ့ကို မွန်းလွဲ ၁၂နာရီခွဲလောက်မှ နေ့လည်၂နာရီခွဲခန့်အထိ ထိုင်းနိုင်ငံသား သုံးဆယ်ခန့်က ဆန္ဒပြခဲ့တာဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံ အတွင်း ကို အများပြား ဝင်ရောက်လာမှုကို ဖြေရှင်းဖို့နဲ့ ထိုင်းနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ဆိုပြီး အဲဒီဆန္ဒပြပွဲမှာ တောင်းဆိုခဲ့ကြတယ်လို့ဆိုပါတယ်။
 
"မြန်မာနိုင်ငံသားတွေရဲ့ တရားမဝင် လုပ်ရပ်များဟာ ထိုင်းနိုင်ငံရဲ့ဂုဏ်သိက္ခာ ကိုကျဆင်းသလို ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်ကိုင်အခွင့်လမ်းတွေဆုံးရှုံးနေရတယ်ဆိုပြီး လော်စပီကာနဲ့ကြွေးကြော်ဆန္ဒပြနေတာပါ""လို့ မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးသူ AAC ကိုရဲမင်းက သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသားထားပါတယ်။
 
အခုလို မြန်မာသံရုံးရှေ့ မှာ ထိုင်းနိုင်ငံသားတွေ ဆန္ဒပြတာနဲ့ ပက်သက်ပြီး ထိုင်းရောက်မြန်မာ အလုပ်သမားတွေလည်း စိုးရိမ်မှု တွေရှိနေတယ်လို့ သိရပါတယ်။
 
""တရားဝင် MOU သမားတွေ အထောက်အထားပြည်စုံတဲ့သူတွေ အတွက်က စိုးရိမ်စရာမရှိပေမယ့် မြန်မာပြည်ထဲမှာ နေလို့မရတော့လို့ ထိုင်းဘက်မှာ အထောက်အထားမပြည့်စုံပဲ လာနေ နေတဲ့သူတွေ က ဘာတွေဆက်ဖြစ်လာမလဲ ဆိုပြီး စိုးရိမ်နေကြတယ် တချို့ကျတော့ ပြန်လွှတ်ရင်လည်း ပြန်ကြမယ်ဆိုတဲ့ အတွေးတွေ တွေးနေကြပြီ ခက်တာက နိုင်ငံရေး ကြောင့် ဒီဘက်မှာ လာရောက်ခိုလှုံနေရတဲ့သူတွေ နဲ့ ပြည်တွင်း စစ်ဘေးသင့်နေတဲ့ ဒေသက သူတွေ အတွက်က ပိုပြီးစိုးရိမ်ထိတ်လန့်စရာ အခြေနေ ဖြစ်နေတာပေါ့""လို့ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။
 
အခုလို ထိုင်းနိုင်ငံသားတွေ မြန်မာသံရုံးရှေ့ လာရောက် ဆန္ဒပြ မှုဟာ နိုင်ငံရေး နဲ့ ပက်သက်တဲ့နောက်ကွယ်မှ အကြောင်းရင်းတွေရှိနိုင်တယ်လို့ သုံးသပ်ပြောဆိုတာတွေရှိပြီး ယခုရက်ပိုင်း အတွင်း ထိုင်းရောက်မြန်မာရွှေ့ပြောင်း လုပ်သားတွေ အနေနဲ့ အသွားအလာ အနေထိုင် ပြောဆိုတာတွေ သတိထားဖို့လည်း မြန်မာနိုင်ငံသားအချင်းချင်း တို့က လူမှုကွန်ယက်ကနေအသိပေးထားတာတွေ တွေ့ရပါတယ်။
Photo-YeMin(AAC)

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026