NEWS

မြန်မာရွှေ့ပြောင်းလုပ်သား ဇနီးမောင်နှံ ထိုင်းအစိုးရထီ ဘတ် ၆ သန်းဆုပေါက်

CoverLogo
228 Views
 
စက်တင်ဘာ ၁၆ ရက် က ဖွင့်လှစ်ခဲ့တဲ့ ထိုင်းအစိုးရထီဖွင့်ပွဲမှာ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား ဇနီးမောင်နှံနှစ်ဦး ဘတ် ၆ သန်းဆုပေါက် ခဲ့ကာ ကံထူးရှင်ဖြစ်ခဲ့တယ်လို့ ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက် ရေးကော်မတီ MHAC ထံမှ သိရပါတယ်။
 
မြန်မာလုပ်သား ဇနီးမောင်နှံနှစ်ဦးဟာ မွန်ပြည်နယ်ကနေ ထိုင်းနိုင်ငံ မှာ အလုပ်လုပ်ကိုင်နေတာ နှစ်၂၀ရှိပြီ ဖြစ်ပြီး လက်ရှိမှာတော့ စာမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ရှိ သံရည်ကြိုစက်ရုံမှာ အလုပ်လုပ်ကိုင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
 
ဆုငွေထုတ်ယူပေး ဖို့ အတွက် ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေတဲ့ အေအေစီရဲမင်း ဦးဆောင်သော M.H.A.C မဟာမိတ်အဖွဲ့ထံကို အကူအညီတောင်းခံလာတဲ့ အတွက် MHAC ရုံးအဖွဲ့က စက်တင်ဘာလ ၁၇ ရက်နေ့မှာဘဲ နေ့ချင်းပြီး ထီဆုငွေများ ထုတ်ယူပေးခဲ့ပြီး ကာယကံရှင် ဇနီးမောင်နှံနှစ်ဦးလက်၀ယ်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
 
ထိုင်းအစိုးရတရားဝင်ထီ ဖြစ်တာ ကြောင့် ဆုငွေ ဘတ် ၆ သန်း အတွက် ထိုင်းအစိုးရမှ အခွန် ဖြတ်တာ မှာ ယခင် က ဘတ် ၃ သောင်းသာဖြတ်ပေမယ့် ယခုတွင် ထီဆုငွေ အတွက် အခွန် ဘတ် ၆ သောင်း ဖြတ်တယ်လို့ MHAC အဖွဲ့ ထံမှ သိရပါတယ်။
 
M.H.A.C မဟာမိတ်အဖွဲ့ အနေနဲ့ ထိုင်းအစိုးရထီ ဘတ် ၆ သန်းဆုပေါက်တဲ့ ထိုင်းရောက်မြန်မာလုပ်သားများကို ဆုကြေးငွေ ကူညီပြီး အခမဲ့ ထုတ်ယူပေးခဲ့တာဆိုရင် နှစ်စောင်တွဲ ကံထူးရှင် ၇ ဦး အပါအဝင် ကံထူးရှင် စုစုပေါင်း ၅၈ ဦးအထိရှိပြီဖြစ်ကြောင်း သိရပါတယ်။

Related posts

Cover
ကမ္ဘောဒီးယားက ကျားဖြန့်အလုပ်ရုံများသို့ မြန်မာလုပ်သားများ လိမ်လည်ရောင်းစားခံရပြီဒုက္ခရောက်နေ
Dec 25, 2025
Cover
အလုပ်ထုတ်ခံရသည့် ထိုင်းက မြန်မာလုပ်သား ၂၄ဦး ကို ညှိနှိုင်းမှုအရ အလုပ်ရှာစဉ်ကာလ၌ လုပ်အားခရမည်
Dec 25, 2025
Cover
ပြည်ပခွင့်ပြန်လုပ်သားများ ရန်ကုန်လေဆိပ်ရောက်ပါက မပျက်မကွက် သတင်းပို့ရမည်ဟုဆို
Dec 25, 2025
Cover
လျှပ်စစ်ပစ္စည်း ထုတ်စက်ရုံမှ မြန်မာလုပ်သား ၄၃ ဦး အကြောင်းမဲ့ အလုပ်ထုတ်ခံရ
Dec 24, 2025
Cover
ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ အလုပ်ရှာဖို့ နယ်စပ်ဖြတ်လာကြတဲ့ မြန်မာ၂၇ဦး အဖမ်းခံရ
Dec 24, 2025
Cover
အကူညီတောင်းခံမှုများအတွက် အခကြေးငွေပေးစရာမလိုကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အသိပေး
Dec 24, 2025
Cover
ထိုင်းမှာ ရက် ၂၀ အတွင်း မြန်မာလုပ်သား ၄၉၀၀ ကျော် အဖမ်းခံရ
Dec 23, 2025
Cover
မလေးရှားမှ ဖမ်းခံရသော မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို နေရပ်ပြန်ပို့ခံရ
Dec 22, 2025