NEWS

မြန်မာမှာ လူဦးရေ ၆ သိန်းကျော်ရေဘေးသင့်ခဲ့တယ်လို့ ကုလသမဂ္ဂရုံး OCHA myanmar ထုတ်ပြန်

CoverLogo
594 Views

မြန်မာနိုင်ငံရဲ့ပြည်နယ် နဲ့ တိုင်း ၉ ခုက မြို့နယ် ၅၉ မြို့နယ်မှာ စက်တင်ဘာ ၁၀ ရက်ကစတင်တဲ့ရာဂိမုန်တိုင်း နောက်ဆက်တွဲမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်တာတွေဖြစ်ပေါ်ပြီး လူဦးရေပေါင်း ၆၃၁၀၀၀ ခန့် ရေဘေးသင့်ခဲ့ပြီး သေဆုံး၊ပျောက်ဆုံးနဲ့ဒဏ်ရာရ ရှိသူတွေရာနဲ့ချီရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိုနှိုင်းရေးရုံး OCHA myanmar က သတင်းထုတ်ပြန်ပါတယ်။ 

ရေကြီးနစ်မြုပ်တာတွေကြောင့် မြန်မာနိုင်ငံရဲ့​မြို့တော် နေပြည်တော်နဲ့ ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့ အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ကိုးခုရှိ ၅၉ မြို့နယ် ကို ထိခိုက်ခဲ့ကြောင်း၊ သတင်းအချက်အလက်များ အတည်ပြုနိုင်ရန် အခက်အခဲများရှိနေပေမယ့် နိုင်ငံတစ်ဝန်း ရေဘေးသင့်သူ ၆ သိန်းကျော် ရှိကာရာနဲ့ချီလူသေဆုံးမှုများရှိခဲ့ပြီး အများအပြား ပျောက်ဆုံးလျက်ရှိတယ်လို့ ဆိုပါတယ်။ 

လက်ရှိအချိန်အထိ  နေရာအများစုမှာ ရေလွှမ်းနေဆဲဖြစ်ပြီး ဘေးလွတ်ရာရွှေ့ပြောင်းခြင်းနဲ့ အရေးပေါ်အကူအညီပေးခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိနေသလို အခက်အခဲများ ရှိနေပေမယ့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များက ထိခိုက်မှုများကို စတင်သတင်းပေးပို့လျက်ရှိပြီး၊ အခြေအနေပေးသ​​လိုတုံ့ပြန်ရေးလုပ်ငန်းများ စတင်နိုင်ရန် စီစဉ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိုနှိုင်းရေးရုံး OCHA myanmar က အသိပေးဖော်ပြထားပါတယ်။ 

ပြည်တွင်းမှာဖြစ်ပွားနေတဲ့ ရေဘေးအခြေအနေ ကိုလက်ရှိအချိန်အထိ ဆိုးရွားစွာရင်ဆိုင်နေရတဲ့ဒေသတွေရှိနေ သေးကာ စားရေးရိက္ခာနဲ့အခြေ ခံလူသုံးကုန်တွေ လိုအပ်နေတဲ့ နေရာဒေသတွေလည်း အမြောက်များရှိနေပါတယ်။ 

စစ်ကောင်းစီအနေနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ ရေဘေးမှာ ရေဘေးသင့်ပြည်သူ ၃ သိန်းကျော်နဲ့ သေဆုံးသူ ၂၂၆ ဦး၊ ပျောက်ဆုံးသူ ၇၇ ဦး ရှိနေတယ်လို့ စက်တင်ဘာ ၁၆ရက် ညနေ၄နာရီအထိ နောက်ဆုံးထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြထားပါတယ်။ 

ဒေသတွင်း သတင်းတွေနဲ့ လူမှုကူညီရေး အဖွဲ့တွေရဲ့ ရေဘေးကြောင့် သေဆုံး၊ ပျောက်ဆုံးသူ စာရင်းအချို့မှာတော့ သေဆုံးသူအရေအတွက်၄၀၀ ကျော်နဲ့ ပျောက်ဆုံသူလည်းရာချီရှိနေတာ ဖြစ်သလို သေဆုံး၊ ပျောက်ဆုံးအရေအတွက်တွေလည်း ထပ်တိုးလာနိုင်တယ်လို့သိရပါတယ်။ 

Photo-MFSD-​နေပြည်​တော် တပ်ကုန်း

 


Related posts

Cover
အာဆင်းနစ် မြစ်ဝှမ်းမှ မိခင်များနှင့် မျိုးဆက်သစ်တို့အတွက် ခြိမ်းခြောက်မှု
Sep 01, 2026
Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026