NEWS

မြန်မာပြည်က စက်ချုပ်ကျွမ်းကျင်လုပ်သားတွေ တရုတ်နိုင်ငံရှိ အထည်ချုပ်လုပ်ငန်းများသို့ ပြောင်းရွှေ့လုပ်ကိုင်လာ

CoverLogo
1.4K Views

တရုတ်နိုင်ငံက စက်မှုဇုန်တွေမှာ ဖွင့်လှစ်ထားတဲ့ အထည်ချုပ် စက်ရုံတွေမှာ  မြန်မာ စက်ချုပ်ကျွမ်းကျင်အလုပ်သမားတွေကို လမ်းစရိတ်စိုက် အရစ်ကျစနစ်နဲ့ ခေါ်ယူမှုတွေများပြားလာလို့ မြန်မာလုပ်သားတွေဟာ တရုတ်နိုင်ငံရှိ အထည်ချုပ်စက်ရုံတွေဆီသွားရောက်လုပ်ကိုင်မှုများနေတယ်လို့ သိရပါတယ်။ 

"အထည်ချုပ်တွေက စက်ချုပ်ကျွမ်းကျင်တွေခေါ်နေတာ။ စားရိတ်ငြိမ်း ကားခရောအကုန်ငြိမ်းတယ်။ စမတ်ကတ်တော့လုပ်လာခဲ့ရမယ်။ သူတို့ဆီရောက်ရင်ပထမဆုံးလစာကအပေါင်ထားထားရတယ်။ ဒုတိယလစာကနေစရကြတယ်။ သူတို့အတွက်စားစရိတ်နဲ့လမ်းစရိတ်ကိုပြန်ဖြတ်မယ် ပြီးမှသူတို့လစာပြန်ရမယ်။ ၃ လမပြည့်ခင်ပြန်ရင်တော့ လာတုန်းကလမ်းစားရိတ်နဲ့စားစရိတ် ပြန်လျော်ရမယ်။ အဲလိုခေါ်နေကြတော့လုပ်ချင်ကြသူတွေအများကြီးပဲ ကြားပွဲစားတွေလည်းပေါ်လာတယ်" လို့ ရွှေလီရောက်မြန်မာအလုပ်သမားကဆိုပါတယ်။ 

အလုပ်သမားခေါ်ယူမှုများပြားနေတာတွေဟာ  ရွှေလီ၊ မန်စီ၊ လျန်ဟယ် စတဲ့နေရာတွေက  အထည်ချုပ်စက်ရုံတွေမှာ လုပ်ကိုင်ဖို့အတွက် မြန်မာလုပ်သားအများအပြားခေါ်ယူနေသလို သွားရောက်လုပ်ကိုင်သူတွေဟာလည်း  များပြားလာနေတယ်လို့သိရပါတယ်။ 

"အသိတွေထဲကတော်တော်များများလည်း ရွှေလီဘက်ရောက်ကုန်ပြီ။မူဆယ်ထဲမှာလည်း အလုပ်အကိုင်ရှားလာသလိုဖြစ်လာပြီ။ တစ်ချို့ကအေဂျင်စီနဲ့ချိတ်ထွက်တာတစ်ချို့ကတော့ တရုတ်ထဲကစက်ရုံတွေမှာ၀င်လုပ်နေကြတဲ့သူတွေကနေ ချိတ်ဆက်ပြီးသွားကြတာ။ အဓိကကသူတို့စမတ်ကတ်ရဖို့ကြိုးစားဖို့ပါပဲ။ အတော်လေးသွားကြတယ်။ ကားခတွေကမန္တလေးကနေမူဆယ်အထိကို ၂သိန်းခွဲရှိတယ်။ လိုက်ချင်တဲ့သူကြိုချိတ်ရတာ။ သွားတဲ့သူတွေများကြတယ်လို့ မန္တလေးနဲ့မူဆယ်ပြေးဆွဲနေတဲ့ အောက်ဆိုက်ကားသမားတစ်ဦးကဆိုပါတယ်။  

အဲ့ဒီလိုသွားရောက်လုပ်ကိုင်ကြသူတွေဟာ  တရုတ်နိုင်ငံထဲကအထည်ချုပ်စက်ရုံတွေက  ၀င်ရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားများနဲ့ချိတ်ဆက်ပြီး သွားရောက်လုပ်ကိုင်ကြတာရှိသလို စက်ရုံအတွင်းကအလုပ်သမားတွေကပင် ပွဲစားပုံဖြင့်ခေါ်ယူကြတာတွေလည်းရှိနေပြီး  လမ်းစရိတ်စိုက်ပေးပြီးအရစ်ကျစနစ်နဲ့လစာကဖြတ်ပေမဲ့ ပွဲစားခအဖြစ်၅သိန်းကနေ၇သိန်းအထိပေးဆောင်ပြီးသွားနေကြတာတွေလည်းရှိတယ်လို့ သိရပါတယ်။ 

လုံချွမ်းမြို့နယ် ကျန်ဖုန်းစက်မှုဇုံ၊ တယ်ခုံကျေးရွာ သာရေစက်မှုဇုံကလည်း စက်ချုပ်ကျွမ်းကျင်ကို  အလုပ်သမား ၆၀ ခေါ်ယူလျှက်ရှိရာ ယခင်အလုပ်သမားဟောင်းများကိုချိတ်ဆက်ခေါ်ယူနေတာလည်းရှိသလို စမတ်ကတ်ရှိတဲ့မြန်မာအလုပ်သမားများကိုလည်း ပွဲစားဖြင့်လည်းခေါ်ယူနေတာကြောင့် စမတ်ကတ်ကိုပွဲစားဖြင့်ကျပ်ရှစ်သောင်းကနေ၂သိန်းအထိကုန်ကျခံပြုလုပ်ပြီး သွားရောက်နေကြသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ 

လက်ရှိပြည်တွင်းမှာ ကျွမ်းကျင်လုပ်သားရှားပါးမှုကြုံနေရပြီး လုပ်ခအနည်းငယ်တိုးပေးကာလူခေါ်နေရတဲ့အခြေအနေများလည်းဖြစ်နေပေမဲ့  တရုတ်နိုင်ငံကအထည်ချုပ်တွေဟာ တစ်လလျှင်မြန်မာငွေအနိမ့်ဆုံး ၇သိန်းကနေ ၁၀ သိန်းရရှိတဲ့အတွက် အလွယ်တကူ၀င်ထွက်သွားလာလို့ရတဲ့ တရုတ်နိုင်ငံကအထည်ချုပ်လုပ်ငန်းတွေဆီကို  ပြောင်းရွှေ့လုပ်ကိုင်လာကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ- လူမှုကွန်ယက်


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026