NEWS

မြန်မာနိုင်ငံတွင်ဆင်းရဲနွမ်းပါးသူ ၇ သန်းထိတိုးလာ

CoverLogo
781 Views

ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှုအစီရင်ခံစာအရမြန်မာနိုင်ငံမှာဆင်းရဲနွမ်းပါးသူအရေအတွက်ဟာကိုဗစ်-၁၉ကပ်ရောဂါမတိုင်ခင်ကထက်(၇)သန်းတိုးလာတယ်လို့ဇွန်လ(၁၂)နေ့မှာသတင်းထုတ် ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့၂၀၂၄ခုနှစ်အစပိုင်းမှာပဲနိုင်ငံ့လူဦးရေရဲ့(၃၂)ရာခိုင်နှုန်းဟာဆင်းရဲနွမ်းပါးတဲ့အခြေအနေကိုရောက်ရှိလာပြီး၂၀၁၅ခုနှစ်ကမြင်တွေ့ခဲ့ရတဲ့အခြေအနေကိုပြန်လည်ရောက်ရှိလာတယ်လို့ဖော်ပြထားပါတယ်။

“ကျွန်မတို့အရင်လိုထမင်းဝအောင်မစားရတော့ဘူး။ထမင်းနပ်မှန်သေးပေမယ့်အရင်လိုဆာတိုင်းမစားနိုင်တော့ဘူး။ဆန်ဈေးတွေလည်းတက်တယ်။တစ်ခြားဟာတွေလည်းအကုန်လိုက်တက်တော့အရင်လိုမမစားနိုင်တော့ဘူး”လို့ ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံရဲ့စီးပွားရေဟာ ကုန်ထုတ်လုပ်မှုအပေါ်အဟန့်အတားဖြစ်စေတဲ့ပဋိပက္ခ၊ စီးပွားရေးမတည်ငြိမ်မှုနဲ့နေရပ်ရွှေ့ပြောင်းရတာတွေကြောင့်စိန်ခေါ်မှုတွေရင်ဆိုင်နေရပြီး စီးပွားရေးတိုးတက်မှုဆက်လက်နှေးကွေးနေမယ်လို့အစီရင်ခံစာမှာပါရှိပါတယ်။

“ကျန်းမာရေးနှင့်ပညာရေးတို့တွင်ရင်းနှီးမြှုပ်နှံမှုလျော့ကျလာခြင်း၊ အလုပ်အကိုင်ကျဆင်းလာခြင်းနှင့်ကောင်းမွန် သည့်အလုပ်များရှားပါးလာခြင်း၊ ပြည်ပရွှေ့ပြောင်းသည့်လူဦးရေများလာသည့်အတွက်ပြည်တွင်းတွင်းလူစွမ်းအားအရင်းအမြစ်များဆုံးရှုံးနေရခြင်းက ရေရှည်တွင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပို၍နှောင့်နှေးစေနိုင်ပါသည်"လို့ ကမ္ဘာဘဏ်၏မြန်မာ၊ ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံများဆိုင်ရာအစီအစဉ်ဦးဆောင်သူနှင့်အကြီးတန်းစီးပွားရေးပညာရှင်ကင်မ်အယ်လန်အဒ်ဝပ်ကပြောထားပါတယ်။

ငွေကြေးဖောင်းပွမှုနဲ့အလုပ်လက်မဲ့နှုန်းတွေကဆက်လက်မြင့်တက်နေဖွယ်ရှိနေတဲ့အတွက် ဆင်းရဲမှုအခြေအနေမှာမြန်မာနိုင်ငံအနှံ့အပြားမှာဆိုးရွားနေမှာဖြစ်ပြီးဝင်ငွေကျဆင်းမှုနဲ့အိမ်ထောင်စုတွေအသုံးစရိတ်ချွေတာရမှုကလည်းစားသုံးမှုနဲ့လက်လီရောင်းဝယ်ဖောက်ကားရေးကိုအတားအဆီးဖြစ်စေတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026