NEWS

မြန်မာဒုက္ခသည် ၄ သောင်းကျော်ကို အလုပ်လုပ်ခွင့်ပေးမယ့်အစီအစဉ် အောက်တိုဘာ ၁ ရက် စတင်အသက်ဝင်မည်

CoverLogo
180 Views
 
ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းတွေမှာနေထိုင်နေတဲ့ မြန်မာနိုင်ငံကစစ်ဘေးဒုက္ခသည် တွေ ကို ထိုင်းနိုင်ငံ အတွင်း တရားဝင်အလုပ်လုပ်ခွင့်​ပေးမယ့် အစီအစဉ် အောက်တိုဘာ ၁ ရက် က စတင် အကျိုးသက်ရောက်မယ်လို့ ထိုင်း ပြည်ထဲရေးဒုတိယဝန်ကြီး Theerarat Samrejvanich က စက်တင်ဘာ ၉ ရက်မှာ ပြောကြားခဲ့တယ်လို​ ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။
 
အခုလို ထိုင်း-မြန်မာနယ်စပ် စစ်ဘေးရှောင်စခန်းတွေက မြန်မာဒုက္ခသည်တွေ ကို ထိုင်းနိုင်ငံဘက်မှ တရားဝင်အလုပ်လုပ်ခွင့် ပြုတာဟာ ၄၁ နှစ် အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
 
မြန်မာဒုက္ခသည်တွေ ကို အလုပ်လုပ်ခွင့်ပေးမယ့်အစီစဉ်ကို ဩဂုတ်လ ၂၆ ရက်နေ့က ထိုင်းအစိုးရအဖွဲ့က အတည်ပြုခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်အကျိုးသက်ရောက်မှာဖြစ်ပါတယ်။
 
ကမ္ဘောဒီးယား နဲ့ နယ်စပ်အငြင်းပွားမှု ဖြစ်ပြီးနောက် ထိုင်းနိုင်ငံ အတွင်းလုပ်သားရှားပါးမှု ပြသာနာကို ဖြေရှင်း ဖို့ အတွက် အခုလို အစီစဉ်တွေ ထိုင်းအစိုးရဘက်ကလုပ်ဆောင်လာတာဖြစ်ပါတယ်။
 
အလုပ်သမားဝန်ကြီး Phongkwin Chungruangkit ရဲ့ အဆိုအရ Mae Hong Son, Tak, Kanchanaburi နဲ့ Ratchaburi စတဲ့ ပြည်နယ် ၄ ခုထဲက ယာယီခိုလှုံရေးစခန်း ၉ ခုမှာ နေထိုင်နေတဲ့ မြန်မာစစ်ဘေးဒုက္ခသည် တွေ ကို အလုပ်လုပ်ခွင့်ပေးမယ်လို့ သိရပါတယ်။
 
အလုပ်လုပ်ချင်တဲ့ သူတွေဟာ ထိန်းချုပ်ထားတဲ့နေရာကနေ ထွက်ခွာခွင့်လျှောက်လွှာနဲ့ အလုပ်လုပ်ခွင့်လျှောက်လွှာကို တင်ပြရမှာဖြစ်ပြီး ပြည်နယ်အုပ်ချုပ်ရေးဌာနမှာ မှတ်ပုံတင်ထားပြီး ပါက အလုပ်လုပ်ဖို့အတွက် တရားဝင်ခွင့်ပြုမိန့် ထွက်ရှိတဲ့နေ့ကစလို့ တစ်နှစ်အထိ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်ပေးသွားမယ်လို့ဆိုပါတယ်။
 
ထိုင်းအစိုးရအနေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေထဲက လူဦးရေ ၄၂၀၀၀ ခန့် ကို အလုပ်ပေးသွားနိုင်မယ်လို မျှော်လင့်ထားကြောင်းသိရပါတယ်။
Ref-Khaosod English

Related posts

Cover
ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းမှ မြန်မာလုပ်သား ၂၀၀ ကျော် ထိုင်းနိုင်ငံအတွင်း ပထမဆုံး အကြိမ် တရားဝင် အလုပ်လုပ်ကိုင်
Nov 07, 2025
Cover
ဓါတုသိုလှောင်ကန် ပေါက်ကွဲ မှု ကြောင့် သေဆုံးခဲ့သည့် မြန်မာလုပ်သားနှစ်ဦးအတွက် နစ်နာကြေး ထိုင်းဘတ် ၂သန်းကျော် ရရှိ
Nov 07, 2025
Cover
ကားအနောက်ဘက်တွင် တာလပတ်ဖြင့် ဖုံးအုပ် ခေါ်ဆောင်လာသည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၁၆ ဦး အဖမ်းခံရ
Nov 07, 2025
Cover
အကြောင်းမဲ့အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၁၈ ဦးမှ ထိုင်းအလုပ်ရှင်ကို တရားစွဲမည်
Nov 06, 2025
Cover
၅ ရက်အတွင်း ထိုင်းနိုင်ငံ သို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် မြန်မာ ၆၀ ကျော် အဖမ်းခံရ
Nov 06, 2025
Cover
ပန်းရောင်ကတ်ပြန်ဖွင့်ရန် ပြည်ထဲရေးဝန်ကြီးဌာနစီစစ်နေ
Nov 06, 2025
Cover
ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၄၇ ဦး ကို စစ်ကော်မရှင်ထံလွှဲပို့
Nov 05, 2025
Cover
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ ကျော် အဖမ်းခံရ
Nov 05, 2025