NEWS

မြန်မာဆောက်လုပ်ရေးလုပ်သား၂၃ ဦးကိုလုပ်ခမပေးဘဲ အလုပ်ထုတ်လို့ သက်ဆိုင်ရာကို တိုင်ကြား

CoverLogo
284 Views

ထိုင်းနိုင်ငံ၊ ချာချင်ဆောင် ဆွယ်(၈) ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမား၂၃ ဦး ကို အလုပ်ရှင် သူဌေး မှ လုပ်အားခ မပေးဘဲ အလုပ်ထုတ်မှု ဖြစ်ပေါ်ခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ WAG အလုပ်သမား မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။ 

မြန်မာအလုပ်သမား အမျိုးသား ၁၇ ဦးနဲ့အမျိုးသမီး ၆ ဦးတို့ ဟာ CI စာအုပ်ကိုင်ဆောင်ထားသူတွေ ဖြစ်ပြီး ၎င်းဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတာ ၈လ ကျော် ကြာပြီ ဖြစ်တယ်လို့ သိရပါတယ်။ 

ယခု ၂၀၂၅ခုနှစ် ဇန်နဝါရီ လ၁ရက်ကစပြီး ဖေဖေါ်ဝါရီလ ၄ရက်အထိ အလုပ်သမား တွေရရှိမယ့် လုပ်ခလစာ ကို မရှင်းပေးတော့ဘဲ ဖေဖေါ်ဝါရီ ၅ရက်နေ့မှာ အလုပ်မှအကြောင်းမဲ့  ထုတ်ပယ်တာ ခံလိုက်ရတယ်လို့ ဆိုပါတယ်။ 

အလုပ်သမားတစ်ဦး ကို အလုပ်ရှင်စီမှ ရရှိမယ့် လစာပမာဏ ဟာ ဘတ် ၁၃၀၀၀ ရှိပြီး အလုပ်သမား၂၃ဦး အတွက် စုစုပေါင်း ၂၉၉၀၀၀ ဘတ် ရှိတယ်လို့ ဆိုပါတယ်။ 

အခုလို လုပ်ခ မပေး ဘဲ အလုပ်မှ ထုတ်ပယ်ခံရတဲ့ အတွက် မြန်မာအလုပ်သမားတွေ မှာ စားဝတ်နေရေး

အခက်ခဲ ဖြစ်ပေါ် တဲ့ အတွက် WAG-အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံခဲ့ပါတယ်။ 

WAG အလုပ်သမားမဟာမိတ်အဖွဲ့နဲ့ အတူ အလုပ်သမားတွေ က လုပ်ခလစာ ပြန်ရဖို့ အတွက်  နယ်‌မြေခံ ဆဝါဒိကန်ရုံး(အလုပ်သမားရုံး)သို့ ဖေဖေါ်ဝါရီ ၂၀ ရက်က သွားရောက်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

  

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026