NEWS

မြန်မာဆောက်လုပ်ရေးလုပ်သား၂၁ ဦးအား လုပ်ခ ၁ နှစ်ကျော်ကြာ မရှင်းပေးလို့ တိုင်ကြား

CoverLogo
363 Views
 
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတခုမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၂၁ ဦးရဲ့ လုပ်ခလစာတွေကို အလုပ်ရှင်ဘက်က တနှစ်ကျော်ကြာ ပုံမှန်မရှင်းပေးတာကြောင့် အဆိုပါ လုပ်ခလစာတွေရရှိရေးအတွက် မြို့နယ် ဆဝါဒီကန် ရုံးကို သွားရောက်တိုင်ကြားခဲ့ကြတယ်လို့ သိရပါတယ်။
 
အဲ့ဒီနောက် အလုပ်ရှင်က ၅ လအတွင်း အကြေပေးမယ်လို့ ကတိကဝတ်ပြုခဲ့ကြောင်း လိုက်ပါကူညီပေးခဲ့တဲ့ WAGအလုပ်သမားမဟာမိတ်အဖွဲ့၏ထုတ်ပြန်ချက်အရသိရပါတယ်။
 
အဆိုပါအလုပ်သမား တွေဟာ MOU၊ CI နဲ့ လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေဖြစ်ပြီး အဆိုပါဆောက်လုပ်ရေးလုပ်ခွင်မှာ သုံးနှစ်ခန့်လုပ်ကိုင်ခဲ့ကြာရာမှ လွန်ခဲ့သောတစ်နှစ်ခန့်မှစကာ အလုပ်ရှင်မှလုပ်ခလစာပုံမှန်မရှင်ပေးဘဲ စားသောက်ရေးအတွက်ကြိုတင်ငွေ သာထုတ်ပေးခဲ့တာလို့ သိရပါတယ်။
 
"တနလာ်နေ့ကိုတော့အလုပ်ရှင်က သူလေးဝှီးစာဖြတ်ပေးမယ်။ကျန်တဲ့ဟာကိုတော့သူငါးလနဲ့အကျေရာခိုင်နှုန်းနဲ့ပေးသွားမယ်ပေါ့လက်မှတ်ထိုးသွားပါတယ်"လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းကပြောပါတယ်။
 
အဆိုပါအလုပ်သမားများလုပ်ခလစာရရှိရေးနှင့်ပတ်သတ်ပြီး WAGအလုပ်သမားမဟာမိတ်အဖွဲ့မှ အောက်တိုဘာ၂ရက်နေ့မှာ အလုပ်သမားများနှင့်အတူ မြို့နယ်ဆဝါဒီရုံးသို့ သွားရောက်တိုင်ကြားခဲ့ကြရာမှ မြို့နယ်ဆဝါဒီကန်ရုံးမှသူဌေးဖြစ်သူအားဖုန်းဆက်ခေါ်ယူ ညှိနှိုင်းပေးခဲ့ခြင်းဖြစ်ပြီး သူဌေးဖြစ်သူမှ အလုပ်သမားတွေ ရဲ့ လုပ်အားခတစ်သိန်းလေးသောင်းဘတ်ခန့်အား ငါးလအတွင်းအကျေပေးမည်ဖြစ်ကြောင်း ဆဝါဒီကန်ဝန်ထမ်းများ WAG အဖွဲ့နဲ့ အလုပ်သမားတွေ ရှေ့မှာ ကတိစာချုပ်လက်မှတ်ရေးထိုးခဲ့တာလို့ သိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026