NEWS

မြန်မာစစ်တပ်ကို လောင်စာဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးကူညီပေးနေတဲ့ ကုမ္ပဏီ ၅ ခုကို ယူကေပိတ်ဆို့အရေးယူ

CoverLogo
655 Views

၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းမှာ  မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတာတွေကြောင့် စစ်တပ်သုံး လောင်စာဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီငါးခုကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူရတာဖြစ်တယ်လို့ အောက်တိုဘာ ၂၉ရက်မှာ ယူကေသံရုံးကထုတ်ပြန်ထားပါ တယ်။ 

ယူကေဟာ မိတ်ဖက်တွေဖြစ်တဲ့ အီးယူ၊ ကနေဒါနိုင်ငံတို့နဲ့အတူ ပူးပေါင်းပြီး စစ်တပ်ရဲ့ ရန်ပုံငွေ၊ လောင်စာဆီနဲ့ စက်ပစ္စည်းကိရိယာတွေ ပံ့ပိုးကူညီနေသော လမ်းကြောင်းကို ပိတ်ဆို့ကန့်သတ်လိုက်တာဖြစ်ပါတယ်။  

ပိတ်ဆို့အရေးယူခံထားရတဲ့ ကုမ္ပဏီတွေကတော့ Asia Sun Group Company , Swan Energy Company, Myan-Oil Company, Rich Ray Trading Company, Progress Technology Support Company(a.k.a Royal Shune Lei) နဲ့ King Royal Technologies Company တို့ဖြစ်ပါတယ်။  

“မြန်မာနိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်က အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကို လေ ကြောင်း တိုက်ခိုက်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်ခံနိုင်ဖွယ် မရှိပါဘူး။ အပြစ်မဲ့ အရပ်သားတွေအပေါ် ထိခိုက်ခြင်းဟာလည်း သည်းခံနိုင်ဖွယ်မဟုတ်ပါဘူး” ဟု ပိတ်ဆို့အရေးယူမှုများနှင့်ပတ် သက်၍ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး ကတ်သရင်းဝက်စ်က ပြောပါတယ်။ 

ယခုကဲ့သို့ ပိတ်ဆို့အရေးယူမှုအသစ်သည် မြန်မာစစ်တပ်အတွက် ဖိအားများစေဖြစ်ပြီး မြန်မာပြည်သူများ မျှော်မှန်းထားသည့် ငြိမ်းချမ်းသော ဒီမိုကရေစီအနာဂတ်အတွက် ယူကေက ကူညီထောက်ပံ့မှုများနှင့်အတူ အခိုင် အမာ ရပ်တည်နေကြောင်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   

မြန်မာစစ်တပ်ထံ လက်နက်နှင့်ဘဏ္ဍာရေးလွှဲပြောင်းရောင်းချမှုနှင့် လွှဲပြောင်းရောင်းချမှုများကို ကန့်သတ်ရန် ဗြိတိန်ဟာ မိတ်ဖက်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ 

ဗြိတိန်နိုင်ငံဟာ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးချိန်ထဲက မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူ တွေအတွက် လူသားချင်းစာနာမှုအကူအညီ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့အထောက်အပံ့တွေ အတွက် ပေါင်သန်း ၁၅၀ ကျော် ထောက်ပံ့ပေးခဲ့ပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသော တိုက်ပွဲတွေကြောင့် လူပေါင်း ၃.၄ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး  ၁၈ သန်းကျော်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေပါ တယ်။ 

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026