NEWS

မြန်မာကလေး ၁၉၀ ကျော်ပညာသင်နေတဲ့ စာသင်ကျောင်းကို ထိုင်းရဲ များဝင်ရောက်စစ်ဆေးပြီး မြန်မာဆရာ ၄ ဦး ဖမ်းဆီးခံရ

CoverLogo
437 Views
 
ထိုင်းနိုင်ငံ စူရပ်ဌာနီပြည်နယ်မှာရှိတဲ့ Koh Phangan International Church စာသင်ကျောင်း ကို ဇန်နဝါရီ ၂၉ရက်နေ့က ထိုင်း လူဝင်မှုကြီးကြပ်ရေးအရာရှိဝင်စစ်ဆေးခဲ့ပြီး မြန်မာကျောင်းဆရာ၊ဆရာမ လေးဦး ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။
၎င်းကျောင်းမှာ မြန်မာကလေး ကျောင်းသား၊ကျောင်းသူ ၁၉၀ကျော် ရှိပြီး ကလေးမိဘ တွေ ဟာ Koh Phangan မှာ အလုပ်လုပ်နေတဲ့ မြန်မာ လုပ်သား တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အလုပ်လုပ်ချိန်မှာ သားသမီးတွေ ကို ပြုစုကြည့်ရှု ဖို့ အချိန်မရှိတာကြောင့် ၎င်းကျောင်းမှာ တစ်လ လျှင် ဘတ် ၃၀၀မှ ၅၀၀ ထိ ပေးပြီး ကျောင်းထားကျတာ ဖြစ်တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
၎င်းစာသင်ကျောင်းမှာ ခွင့်ပြုချက် မရှိဘဲ ဖွင့်ထားတဲ့ ကျောင်းဖြစ်ကာ ဆရာ၊ဆရာမ များ မှာလည်း အလုပ်ပါမစ် မရှိတဲ့ သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပါဝင်နေသူတွေကို တရားမဝင်ကျောင်းဖွင့်ခြင်း၊ အလုပ်ပါမစ်မရှိပဲ အလုပ်ခိုးလုပ်ခြင်းတွေနဲ့ အရေးယူမယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
ထိုင်း ရဲတွေက မြန်မာဖတ်စာအုပ် ၃၁အုပ် ကို သက်သေအဖြစ်ယူသွားပြီး သံသယရှိသူတွေကို Koh Phangan ရဲစခန်းကို ပို့ထားတယ်လို့ သိရပါတယ်။
Ref-Khaosod English

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026