NEWS

မြစ်ကြီးနားနှင့်လားရှိုးရုံးတို့တွင် နိုင်ငံကူးလက်မှတ် ဘိုကင်တင်ထားသူများ ရန်ကုန် မန္တလေးနှင့်တောင်ကြီးရုံးတို့တွင်ဆောင်ရွက်နိုင်

CoverLogo
466 Views

နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့ အတွက် မြစ်ကြီးနားနဲ့ လားရှိုးတို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတို့မှာ လျှောက်ထားရန်  ကြိုတင်ရက်ချိန်းရယူထားသူတွေ အနေနဲ့ ရန်ကုန်၊မန္တလေးနဲ့တောင်ကြီး ရုံးတို့မှာ သွားရောက် လုပ်ဆောင်နိုင်တယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး က ဩဂုတ်လ ၁၃ ရက် မှာ အသိပေးထားပါတယ်။


နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး မြစ်ကြီးနား ရုံးခွဲ မှာ၂၀၂၄ခုနှစ် ဇူလိုင်  ၂၂ရက် ကစပြီး appointment date ရယူထားပြီး နိုင်ငံကူးလက်မှတ် လျှောက်ထား သူတွေ ကိုဩဂုတ်လ ၁၃ရက်က စပြီး မန္တလေးရုံးမှာ သွားရောက်ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။


ဒါ့အပြင် လားရှိုးရုံးခွဲ မှာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၅ရက် နေ့ကစပြီး appointment date ရယူထားပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေကို ဩဂုတ် ၁၃ရက်ကစပြီး ရန်ကုန်ရုံးနဲ့ တောင်ကြီး ရုံးတို့မှာ ဆောင်ရွက် နိုင်တယ်လို့ ကြေညာထားပါတယ်။


"မြစ်ကြီးနားတို့လားရှိုးတို့ မှာက နယ်မြေအခြေနေကြောင့် သွားလာလို့မရတော့ဘူး နိုင်ငံကူးလက်မှတ်ထုတ်ပေးနိုင်တဲ့ရုံးတွေလည်း အဲ့နေရာ တွေမှာ ပိတ်ထားတဲ့ အတွက် မြစ်ကြီးနား၊ လားရှိုး ရုံးတွေမှာ စာအုပ်လုပ်ဖို့ အွန်လိုင်း ဘိုကင် တင်ထားသူတွေက ရန်ကုန်၊ မန္တလေး၊ တောင်ကြီးရုံးတွေမှာ သွားလုပ်လို့ရတယ်ဆိုပြီး အသိပေးကြေညာတာပါ"လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။


လက်ရှိမှာ နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူတွေ အနေနဲ့  ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေ မှာ ရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေမှာ လုပ်ဆောင်နိုင်မယ့် နေ့ရက်ကိုအွန်လိုင်းကနေကြိုတင်ဘိုကင်ယူကာ လုပ်ဆောင်ရတာဖြစ်ပါတယ်။


ပြည်တွင်းမှာ နိုင်ငံကူးလက်မှတ်လျှောက်ထားသူများတဲ့ အတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားရန်အွန်လိုင်း မှ ကြိုတင်ရက်ချိန်း ယူရာမှာ အနည်းဆုံး ၃လ မှ အများဆုံး ၆ လကျော်ထိ စောင့်ရကာ အမြန်လုပ်ဆောင်လိုသူတွေ ကို ပွဲစားများ မှ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးမှဝန်ထမ်းတွေနဲ့ ချိတ်ဆက်လုပ်ပေးတာရှိပြီး ငွေကျပ် သိန်း၂၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026