NEWS

မြစ်ကြီးနားတွင် ဧရာဝတီ မြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ ရေကြီးမှုဖြစ်ပွား၊  ပြည်သူများ ပိတ်မိနေပြီး  ကယ်ဆယ်ရေးအကူညီလိုအပ်နေ

CoverLogo
647 Views

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧရာဝတီ မြစ်ရေဟာ စိုးရိမ်ရေမှတ်ထက်ကျော်လွန်ရောက်ရှိနေပြီး ရေကြီးနစ်မြုပ်မှု တွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံ တွေ ထံ က သိရပါတယ်။

ဇွန်လ ၃၀ရက် နေ့ ည ၇နာရီ လောက်ကစပြီး ဧရာဝတီ မြစ်ရေဟာ မြစ်ကြီးနား မြို့ရဲ့ စိုးရိမ်ရေအမှတ် ဖြစ်တဲ့ ၁၂၀၀ စင်တီမီတာ တစ်ပေခန့် မြင့်တတ်လာပြီး လက်ရှိ ဇူလိုင် ၁ရက် နေ့မှာ စိုးရိမ်ရေအမှတ်ရဲ့ ၄ ပေဝန်းကျင်အထိ မြင့်လာတယ်လို့ သိရပါတယ်။

အခုလို ရေကြီးမြင့်တက်လာတာ လျင်မြန်တဲ့ အတွက် အချို့ ရပ်ကွက် တွေ မှာ ပြည်သူ များစွာ ပိတ်မိနေပြီး ကယ်ဆယ်ရေး အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

"မိုးကညကတည်းကအခုမနက်အထိ ရွာနေတုန်း ကျွန်တော်တို့ စီတာပူ နောင်ရာရပ်ကွက်မှာ လမ်းမပေါ်ရေက လူရင်ညွန့်လောက်ထိ ရောက်နေပြီ ရေစီးကလည်း သန်တယ် လူကြီးတွေ အမျိုးသမီးတွေ၊ ကလေးတွေ ဆို လမ်းလျှောက် သွားဖို့ အန္တရာယ်အရမ်းများတယ်  အိမ်တွေမှာ ပိတ်မိနေတဲ့ ပြည်သူတွေ အများကြီး ကူညီကယ်ဆယ်ရေးစက်လှေ တွေလိုအပ်တယ် "လို့ ဒေသခံပြည်သူတစ်ဦးကပြောပါတယ်။

ဒါ့အပြင်အချို့ အိမ်တွေထဲ မှာ ပိတ်မိနေတဲ့  ပြည်သူတွေကလည်း အွန်လိုင်းပေါ်က နေတစ်ဆင့် အကူညီတောင်း ထားတာတွေလည်း တွေ့ရပါတယ်။

"" လူကြီးနဲ့ ကလေးတွေ ပိတ်မိနေလို့ပါရှင်၊ကယ်ဆယ်ရေးတွေ လိုအပ်လို့ ကူညီကြပါဦး ဖုန်းအားတွေလည်း မရှိတော့လို့ပါ ခေမာသီရိ လမ်းသွယ် ၂၄ ရမ်ပူကြိူဆိုပါ၏ အကျော်ညာဘက်ခြမ်းမှာပါ""လို့ AyeWint Htet Htet ဆိုတဲ့ fbအကောင့်ကနေ အကူညီတောင်းထားတာတွေ့ရပါတယ်။

အခုလို ရေကြီးနစ်မြုပ်တာကြောင့်​နေအိမ် တွေ မှာ ပိတ်မိနေတဲ့ ပြည်သူထောင်ချီ ရှိနိုင်တယ်လို့ ဒေသခံ အချို့ကပြောပါတယ်။

ကချင်ပြည်နယ် အတွင်း စစ်ဘေးရှောင်စခန်းတွေ မှာလည်း နေထိုင်သူတွေ အနေနဲ့ စစ်ဘေးအပြင် မြစ်ရေကြီးတဲ့ဒဏ်ကိုပါ ခံစားနေရတဲ့ အတွက် အခက်ခဲ များစွာ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

 


Related posts

Cover
အာဆင်းနစ် မြစ်ဝှမ်းမှ မိခင်များနှင့် မျိုးဆက်သစ်တို့အတွက် ခြိမ်းခြောက်မှု
Sep 01, 2026
Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026