NEWS

မဲဆောက်တွင် ယာဉ်မတော်တဆမှုကြောင့် မြန်မာနှစ်ဦး သေဆုံး

CoverLogo
265 Views
 
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက် တွင် ဖေဖေါ်ဝါရီ ၁၁ရက် ဒီကနေမနက်ပိုင်းမှာ ယာဉ်မတော်တဆမှု ဖြစ်ပွား တာကြောင့် ယာဉ်ပေါ်လိုက်လာပါလာတဲ့ မြန်မာနှစ်ဦး သေဆုံးခဲ့တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေ အရသိရပါတယ်။
 
ဘန်ကောက်ကနေ မဲဆောက် သို့ မောင်းနှင်လာတဲ့ အဖြူရောင် တိုယိုတာ ကားငယ်တစ်စီးဟာ မဲဆောက်-တာ့ခ် လမ်းမကြီးပေါ် စာသင်ကျောင်းအနီးမှာ ရပ်ထားတဲ့ ကုန်တင်တွဲကား တစ်စီးကို အရှိန်ပြင်းပြင်းနဲ့ အနောက်မှ ဝင်တိုက်မိပြီး ယာဉ်ပေါ်ပါလာတဲ့ မြန်မာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ မှာ အခင်းဖြစ်တဲ့နေရာမှာပင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ယာဉ်အရှေ့ခန်းမှာလိုက်ပါလာတဲ့ အသက် ၄၉ နှစ်အရွယ် ထိုင်းနိုင်ငံသား ကတော့ ကားအပျက်အစီးတွေကြားထဲ ညပ်နေတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေက အချိန်အတော်ကြာ ကယ်ထုတ်ခဲ့ရကာ မဲဆောက်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။
 
ယာဉ်မတော်တဆမှုကြောင့် NISCO(Thailand)co.,ldဝန်ထမ်းကတ် ကိုင်ဆောင် ထားသူ အသက် ၂၀ အရွယ် မခင်နှင်းဝေ နဲ့ အသက်၂၈နှစ်အရွယ် ကိုမျိုးမင်းဦးတို့သေဆုံးခဲ့ ပြီး ရဲတပ်ဖွဲ့ရဲ့ ကနဦးစုံစမ်းချက်အရ သူတို့ဟာ ဘန်ကောက်ကနေ အလုပ်သမားရေးရာကိစ္စတွေအတွက် မဲဆောက်နယ်စပ်ဂိတ်ကို ဦးတည်လာတာဖြစ်ပြီး ဂိတ်ရောက်ဖို့ ၅ ကီလိုမီတာအလိုမှာ ခုလိုဖြစ်ပွါးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
လက်ရှိမှာတော့ မဲဆောက်ရဲစခန်းက သက်သေတွေကို ဆက်လက်စစ်ဆေးနေပြီး သေဆုံးသူ မြန်မာနိုင်ငံသား ၂ ဦးရဲ့ မိသားစုဝင်တွေဆီ အကြောင်းကြားဖို့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ထိုင်းသတင်းတွေ အရသိရပါတယ်။
Ref-MGR

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026