NEWS

မူဆယ်ဆင်ဖြူဂိတ်မှ တစ်နိုင်တစ်ပိုင်ကုန်သယ်ယူခွင့် တရုတ်ပြန်လည်ခွင့်ပြုပေမဲ့ အခြားဂိတ်ကိုပြန်လည်ပိတ်ထား

CoverLogo
639 Views

 တရုတ်မြန်မာနယ်စပ်မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်မှတဆင့် ယာဉ်ငယ်များ၊ ဆိုင်ကယ်များဖြင့် ကုန်သယ်ယူခွင့် တွေကို နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပေမဲ့  အခြားသောဂိတ်ကိုပြန်လည်ပိတ်ထားလိုက်ပြန်တယ်လို့ သိရပါတယ်။ 

" ဆင်ဖြူဂိတ်က ဂိတ်ပြန်ဖွင့်တယ်ဆိုပေမယ့် အစားအ​​သောက်နဲ့  တစ်နိုင်တစ်ပိုင်ပဲ သယ်ခွင့်ပေးတာလို့ပြောကြတယ်။  ပြန်ဖွင့်တယ်ဆိုပေမဲ့ကန့်သတ်ချက်နဲ့ပဲဖြစ်တယ်။ ဒီဘက်ကိုဖွင့်ပေးပြီး  မိန့်ဝိန်းဂိတ်ကိုလည်း  ပိတ်လိုက်တယ်။  မိန့်ဝိန်းဂိတ်က အခုအထိပိတ်ထားလို့ မူဆယ်မှာ ကုန်စိမ်းတွေ ဈေးကြီးတယ်။ အခြားကုန်တွေလည်းဈေးကြီးနေတုန်း" လို့ မူဆယ်ဒေသခံတစ်ဦး က ပြောပါတယ်။ 

တရုတ်မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကိုပြီးခဲ့တဲ့နိုဝင်ဘာလ ၁၀ ရက်နေ ညပိုင်းမှစတင်ကာ တရုတ်ဘက်က ၁၀ ရက်ခန့်အကြာ ဖြတ်သန်းခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၉ရက်နေ့မှာတော့  ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်ပေမဲ့လည်း  စားသောက်ကုန်တင်တဲ့ မိန့်ဝိန်းဂိတ်ကိုတော့  ပိတ်ထားလို့ တရုတ်ဘက်ကနေမူဆယ်ကိုပို့မယ့် ကုန်စိမ်းကားတွေပိတ်မိကာ  ကုန်စိမ်းတွေပျက်စီး ပုပ်သိုးပျက်စီးတာရှိသလို  မူဆယ်မှာဈေးအဆမတန်ကြီးမြင့်တာတွေ့ပါဖြစ်လာတယ်လို့ သိရပါတယ်။ 

ပိတ်လိုက်တဲ့ မူဆယ်နယ်စပ်ဆင်ဖြူ ဂိတ်ကိုဖွင့်ပေးရာမှာလည်း  ကားအသေးတွေနဲ့ ကုန်သယ်ဖို့ တစ်နိုင်တစ်ပိုင်သယ်ယူဖို့နဲ့  စားသောက်ကုန်ကိုသာပြန်ဖွင့်ပေးခြင်းဖြစ်ပြီး အခြားသောကုန်ပစ္စည်းတွေကိုတော့ ဆက်လက်ကန့်သတ်ထားတယ်လို့လည်း သိရပါတယ်။ 

မူဆယ်မြို့တွင် ကုန်တင်ယာဉ်ကြီးများဖြင့် ကုန်သယ်ယူရာမှာ  ကုန်တင်ယာဉ်များက ၁၀၅ မိုင် နယ်စပ်ကုန် သွယ်ရေးဂိတ်တွင် အခွန်ဆောင်ပြီးနောက် မန့်ဝိန်းဂိတ်မှတဆင့် အသုံးပြု ဖြတ်သန်းကြခြင်းဖြစ်ပါတယ်။ 

သို့သော် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ကျင်စန်းကျော့ နယ်စပ်ဂိတ်တို့ကို ညီနောင်မဟာမိတ်တို့မှ သိမ်းယူခဲ့ပြီး  ကုန်စိမ်း၊ အခြေခံအသုံးအဆောင်များနှင့် အခြားသော ကုန်သယ်ယူမှုများကို ဆင်ဖြူဂိတ်မှတဆင့် ယာဉ်ငယ်များ၊ ဆိုင်ကယ်များဖြင့် သယ်ယူနေကြရာမှ  တရုတ်ဘက်ကပိတ်ထားလိုက်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ 

မူဆယ်မြို့ နဲ့ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ရဲ့  နှစ်နိုင်ငံကုန်သွယ်ရာမှာ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်နဲ့ မန့်ဝိန်းဂိတ် စတဲ့ဂိတ် ၃ ဂိတ်ရှိရာမှာ ကုန်တွေကို ဆိုင်ကယ်၊ သုံးဘီးကားတွေနဲ့ ကုန်သယ်မှုကို ဆင်ဖြူဂိတ်ကနေ ကုန်ကားကြီးတွေနဲ့ သယ်ယူရာမှာတော့ မန့်ဝိန်းဂိတ်ကိုအသုံးပြုကာ  သီးသန့် လူအဝင်အထွက်ကိုတော့ နန်းတော်ဂိတ်ကိုအသုံးပြုတယ်လို့ သိရပါတယ်။

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews 

#MyanmarLabourNews


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026