NEWS

မူဆယ်ကတဆင့် တရုတ်ပြည်ကို  တပတ်ကတ်နှင့် ဝင်ရောက်ပြီး ပြန်ထွက်သူနည်းသည့်အတွက် တရုတ်ဘက်မှ အဖမ်းဆီးနေ့စဉ်ပြုလုပ်

CoverLogo
715 Views

မူဆယ်ကတဆင့် တရုတ်ပြည် နယ်စပ်ကို တစ်ပတ်တာသက်တမ်းရှိ TBP, BP စတဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်တို့နဲ့ ဝင်ရောက်လာပြီး ပြန်ထွက်သူအလွန်နည်းတဲ့အတွက် တရုတ်ပြည်တွင်း ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ မူဆယ်ဒေသခံတွေထံကသိရပါတယ်။

ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်နဲ့ ဝင်ရောက်သူဟာ  ၇ရက်ပြည့်ပါကမူဆယ်ဘက်ကို  ပြန်လည်ထွက်ခွာရပြီး ပြန်လည်ဝင်ရောက်ရန်အတွက် လုပ်ဆောင်ရတယ်လို့ဆိုပါတယ်။

လတ်တလောမှာတော့ မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်ပြည်တွင်း အလုပ်သွားရောက်လုပ်သူတွေဟာ ၇ရက်ပြည့်သော်လည်း ပြန်လည်ထွက်ခွာလာခြင်း မရှိတာများနေတယ်လို့ ဆိုပါတယ်။

""အခုကတစ်ပတ်ကတ်နဲ့ဝင်ပြီး ပြန်မထွက်တဲ့သူကများတယ်။ အဲဒီတော့ တရုတ်ဘက်မှာ တစ်ပတ်ကတ်နဲ့ဝင်တဲ့သူတွေ ပြန်ထွက်ပါ ရက်ကျော်ရင် ဖမ်းမယ် ဆိုတာ မျိုး ကို တရုတ်ရဲတွေက လိုက်လံ ကြေညာတာတွေရှိသလို အဖမ်းစီးလည်းများနေတယ်။""လို့ မူဆယ်ဒေသခံတစ်ဦးကပြောပါတယ်။

ဖမ်းဆီးတာမှာ တချို့ကို ပြစ်ဒဏ်ပေးပြီး တချို့ကို ပြည်တွင်း ကို ပြန်ပို့ကာ တရုတ်ပြည်အတွင်း ပြည်ဝင်ခွင့် ၃နှစ်မှ ၅နှစ် အထိ ပိတ်ခံရတဲ့သူလည်းရှိတယ်လို့ဆိုပါတယ်။

လက်ရှိမှာ တရုတ်ပြည်အတွင်း နေထိုင်ရက် သက်တမ်းကျော်လို့ ဖမ်းဆီးခံသူ မြန်မာနိုင်ငံသားများ နေ့စဉ် ရာနဲ့ချီရှိပြီး ရပ်ကွက်တိုင်းမှာ စစ်ဆေးဖမ်းဆီးတာတွေ လုပ်နေတယ်လို့သိရပါတယ်။

   ""တစ်ပတ်ကတ်နဲ့ဝင်ပေမယ့်လဲ တရုတ်ဘက်က လုပ်ငန်းရှင်က သူတို့အစိုးရထံမှာအလုပ်လုပ်ခွင့်ကတ် လျှောက်ပေးရင်တော့ တစ်နှစ် လုပ်လို့ရတယ်။ဒါကလဲ လုပ်ငန်းရှင်က အာမခံပြီး လုပ်ပေးမှရတာ ကျန်တဲ့ တစ်ပတ်ကတ်တို့ စာအုပ်နီ တို့ ကိုင်ထားတဲ့ သူကတော့ တပတ်ပြည့်တာနဲ့ နယ်စပ်ဂိတ်ကနေပြန်အထွက်ပြပြီး အဝင်တုံး ပြန်ထုရတာ မဟုတ်ရင် တော့ အဖမ်းခံရနိုင်တယ်""လို့ မူဆယ်ဒေသခံကပြောပါတယ်။

ယခင်နှစ်ကုန် ပိုင်းက မူဆယ် မြို့နယ် အတွင်း တိုက်ပွဲ များကြောင့် နယ်စပ်ဂိတ်ကတစ်ဆင့် တရုတ်ပြည်ကို မြန်မာနိုင်ငံသားတွေ ဝင်ရောက်တုန်းက သက်မှတ်ရက် ကျော်သော်လည်း  ဖမ်းဆီးမှု အလွန်နည်းကာ ယခုနှစ်ဆန်းပိုင်းကစပြီး ရက်ကျော်နေထိုင်သူတွေ ကို ဖမ်းဆီးတာ များလာတာ ဖြစ်တယ်လို့ သိရပါတယ်။

 


Related posts

Cover
ကန်ချနဘူရီတွင် အထောက်အထားမဲ့ဝင်ရောက်သည့် မြန်မာ ၇၅ဦး အဖမ်းခံရ၊စက်တင်ဘာ ပထမပတ်အတွင်း နယ်စပ်ဖြတ်ကျော်ရင်း ဖမ်းဆီးခံရသူ ၁၀၀၀ ကျော်ရှိလာ
Sep 08, 2025
Cover
နိုင်ငံကူးလက်မှတ်လျှောက်ထားသူများ စလစ်ရပြီး စာအုပ်မထွက်သူများနေ
Sep 08, 2025
Cover
ဆေးကုသမှုမခံယူပါက အသက်အန္တရာယ်ရှိနေလို့ အကူအညီတောင်းခံ
Sep 07, 2025
Cover
မလေးရှား ရှိ KTV ဖျော်ဖြေစင်တာတွင် အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီး ၂၀ ကျော်အဖမ်းခံရ
Sep 07, 2025
Cover
အလုပ်သွင်းပေးမည်ဆိုကာ မြန်မာလုပ်သား ၆၀ နီးပါးထံမှ အလုပ်စမတ်ခများ လိမ်ယူသွား
Sep 07, 2025
Cover
အထောက်အထားမစုံ"ဟုဆိုကာ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၈ ဦး ကျန့်ခေါက်ကြေးနှင့်နစ်နာကြေးများပြန်ရ
Sep 06, 2025
Cover
ထိုင်း Home Rich Full စက်ရုံတွင် အလုပ်သမားများ ကျန်းမာရေးနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်နေရ
Sep 06, 2025
Cover
Everlao ဦးထုပ်စက်ရုံ စစ်ဆေးမှုအား လိမ်ညာခိုင်းပြီး၊ လျှော်ကြေး‌ရမှ နေရပ်ပြန်လွှတ်မယ်ဟု ခြိမ်းခြောက်
Sep 05, 2025