NEWS

မုတ်သုံလေအားကောင်းတာကြောင့် တနိုင်ငံလုံးမိုးရွာသွန်းမှုများပြီး အချို့မြစ်ကြီးများ  စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနေ

CoverLogo
212 Views

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ  မုတ်သုံလေအားကောင်းနေတဲ့ အတွက် တနိုင်ငံလုံးမိုးရွာသွန်းမှု များ ပြီး မြစ်ကြီး အချို့မှာလည်း  မြစ်ရေတွေ စိုးရိမ်ရေမှတ်ထက်ကိုကျော်လွန် ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရဲ့ စက်တင်ဘာ ၁၀ ရက် နေ့ မိုးလေဝသအခြေနေ ထုတ်ပြန်ချက် တွေအရသိရပါတယ်။

ထူးခြားတဲ့ အခြေအနေ အရ  ယမန်နေ့က တရုတ်-မြန်မာနယ်စပ်ဒေသများမှာ  ဖြစ်ပေါ်ခဲ့တဲ့  လေပွေလှိုင်းဟာ  အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ တွေ ကို ဖြတ်ကျော်လျက်ရှိတယ်လို့ဆိုကာ ၎င်း လေပွေလှိုင်းဟာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်တယ်လို့ ခန့်မှန်း ကြောင်း မိုးဇလ က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် တိုင်းနဲ့ပြည်နယ် တွေ မှာ နေရာအလိုက်မိုးကြီးနိုင်တယ်လို့ ဆိုကာ မြန်မာ့ပင်လယ်ပြင်မှာတော့  မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ  ရံဖန်ရံခါ မိုးသက် လေပြင်းတွေ  ကျရောက်ပြီး လှိုင်းကြီးမယ်လို့ ဆိုပါတယ်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီ ကို  မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့မှာ ၉ ပေမှ ၁၂ ပေခန့် ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ  မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို  မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ  ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်တယ်လို့ သိရပါတယ်။

မြစ်ရေကြီးမှု သတိပေးချက်မှာတော့စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်၁ပေခန့်ရောက်ရှိနေပြီးနောက်တစ်ရက်အတွင်း လေးလက်မခန့်ဆက်လက်မြင့်တတ်နိုင်တယ်လို့ အသိပေးထားပါတယ်။

 သောင်းရင်းမြစ်ရေဟာလည်း မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ပေကျော် ရောက်ရှိနေပြီး လာမယ့်၁ရက်အတွင်း ၂ပေခွဲခန့် မြင့်တတ်လာနိုင်တယ်လို့သိရပါတယ်။

သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့စိုးရိမ်ရေမှတ်အောင်က် ၁ ပေကျော် မှာရှိနေပြီးလာမယ့်၂ရက်အတွင်း စိုးရိမ်ရေမှတ်ကိုရောက်ရှိလာမှာဖြစ်ပြီး ဘီးလင်းမြို့မှာတော့ သံလွင်မြစ်ရေဟာစိုးရိမ်ရေမှတ်အောက် ၂ပေခန့်မှာရှိနေပြီး လာမယ့် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်ကိုရောက်ရှိလာမယ်လို့ မိုးဇလ က ထုတ်ပြန်ထားပါတယ်။

အခုလို မြစ်ရေတွေ စိုးရိမ်ရေမှတ်ကျော်လွန်ရောက်ရှိနေတဲ့ အတွက် သက်ဆိုင်ရာ မြို့တွေရဲ့ မြစ်ကမ်းပါးအနီးနဲ့မြေနိမ့်ဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကျဖို့ကိုလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

စက်တင်ဘာလ ၁၀ရက်မနက်ပိုင်း အစောပိုင်း က မိုးရွာသွန်းမှုများတာကြောင့်  ထိုင်းမြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနေတဲ့ အတွက်တာချီလိပ်မြို့နယ်မှာ ရေကြီးပြီး မြေပြိုတာတွေ ဖြစ်ပွားခဲ့ကာ ဒေသခံပြည်သူတွေ ရေဘေးသင့်ဒဏ်ခံနေရတယ်လို့သိရပါတယ်။

Photo-ko Hla Moe 


Related posts

Cover
ဂျပန်ရောက် မြန်မာတွေ ဆူနာမီသတိပေးချက်ကို အလေးထားနားစွင့်ဖို့ အသိပေး
Jul 30, 2025
Cover
လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ရန်ကုန်မြစ်အတွင်း သမ္ဗာန်တစ်စီးတိမ်းမှောက်၊ ၃ ဦးပျောက်ဆုံးနေ
Jul 24, 2025
Cover
၂၄ နာရီ အတွင်း မြဝတီမြို့တွင် သောင်းရင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၁၂ ပေကျော်မြင့်တက်မည်ဟု မိုးဇလ သတိပေး
Jul 24, 2025
Cover
အပူပိုင်းမုန်တိုင်း ဝီဖာကြောင့် ဒေသအလိုက် မိုးကြီးမည်ဟု မိုးဇလထုတ်ပြန်
Jul 21, 2025
Cover
ချင်းတွင်း၊ စစ်တောင်းနှင့်ပဲခူးမြစ် တို့ မှာ ၂၄ နာရီ အတွင်း စိုးရိမ်ရေမှတ်ရောက်ရှိနိုင်
Jun 30, 2025
Cover
ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသဖြင့် မြို့နယ် ၅ ခု မှာ သတိပြုဖို့ လိုအပ်
Jun 28, 2025
Cover
၄၈ နာရီ အတွင်း ပဲခူးမြစ်နှင့်ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်ဟု မိုးဇလ သတိပေး
Jun 22, 2025
Cover
ညောင်တုန်းတွင် ကမ်းပါးပြိုကျသဖြင့် လူနေအိမ်အလုံး၂၀ ​ရေထဲမျောပါ
May 27, 2025