NEWS

မိုးပျံလမ်းတံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ထိခိုက်သေဆုံးတဲ့ မြန်မာလုပ်သားတွေအတွက် နစ်နာကြေးဘတ် ၈ သိန်းကျော်မှ ဘတ်တစ်သန်း အထိပေး

CoverLogo
42 Views

ဒီဇင်ဘာ ၃၊ ၂၀၂၄ 

ထိုင်းနိုင်ငံ၊ ဆမွတ်ဆာခွန်ခရိုင် မဟာချိုင်မြိုကနယ် ဖလန်ဆောင်လမ်းမကြီီးပေါ်မှာ ဆောက်လုပ်နေတဲ့ မိုးပျံတံတား ဆောက်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ  ကရိန်းပြိုကျလို့ထိခိုက်သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမားတွေကို နစ်နာကြေးဘတ် ၈ သိန်းကျော်မှ ဘတ်တစ်သန်းအထိ ပေးအပ်သွားမယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့လနိုဝင်ဘာ ၂၉ ရက် မနက် ၄ နာရီခန့်မှာ အဆိုပါဆောက်လက်စ မိုးပျံလမ်းတံတားပြိုကျတာကြောင့်  မြန်မာလုပ်သား၄ဦးနဲ့ထိုင်အလုပ်သမား၂ဦး စုစုပေါင်းအလုပ်သမား ၆ဦးသေဆုံးခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉ဦးရှိတယ်လို့သိရပါတယ်။  

လက်ရှိသေဆုံးလုပ်သားတွေဟာ ထိုင်းနိုင်ငံမှာ တရားဝင်အထောက်ထားမရှိပေမဲ့လည်း ယခုဖြစ်စဉ်မှာ ဆောက်လုပ်ရေး  ကုမ္ပဏီဘက်က လုပ်ငန်းခွင်အတွင်း ထိခိုက်မှုနည်းစေဖို့ အလုပ်မဝင်ခင် အလုပ်သမားတွေကိုဘေးအန္တရာယ်လုံခြုံရေးသင်တန်းပေးဖို့ပျက်ကွက်ခဲ့လို့  ကျန်ရစ်သူမိသားစုဝင်တွေကို နစ်နာကြေးပေးဆောင်ရမယ်လို့ ဒဏ်ကြေးအဖြစ်သတ်မှတ်ခဲ့တာလို့လည်းသိရပါတယ်။

"မြန်မာလုပ်သား ၄ ဦးနဲ့ထိုင်းလုပ်သားနှစ်ဦး အားလုံးပေါင်း ၆ဦးပါ။ သဂြိုလ်စရိတ်က လောလောဆယ် ၅သောင်းစီရပါတယ်။ နစ်နာကြေးကတော့ တစ်ဦးကိုဘတ် ၈ သိန်း ၆ သောင်းကနေ ဘတ်တစ်သန်းကြားရပါမယ်။ ထိခိုက်ဒဏ်ရာရရှိသူ ၉ဦးထက်မနည်းရှိတယ်။ သူတို့ကိုလည်းအလုံးစုံကျန်းမာရေးကုသပြီးတဲ့အထိ ကျန်းမာရေးစရိတ် ဘတ်တစ်သန်းပေးမှာဖြစ်ပြီး နေ့စဉ်အလုပ်ပျက်တဲ့ရက်တွေအတွက်လည်း နေ့စဉ်လုပ်အားခတွေပေးဖို့ သက်ဆိုင်ရာအလုပ်ရှင်တွေ သဘောတူထားကြပါပြီ" လို့ မြန်မာပြည်သားများအရေး  ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။  

သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား ၄ဦးက်ို လတ်တလောနာရေးအတွက် ဘတ် ၅သောင်းစီပေးအပ်ထားပြီး နစ်နာကြေးကိုတော့  ဘတ် ၈၆၀၀၀၀ ကျော်ကနေ  ဘတ်တစ်သန်းအထိပေးအပ်မှာဖြစ်တဲ့အပြင်  ထိခိုက်ဒဏ်ရာရရှိသူ ၉ဦးကိုလည်း ဆေးကုသပြီးစီးသည်အထိ ကုသစရိတ်ဘတ်တစ်သန်းနဲ့ အလုပ်ပျက်ရက်တွေအတွက် နေ့စဉ်လုပ်အားခတွေပေးအပ်သွားဖို့ အလုပ်ရှင်တွေနဲ့သဘောတူညီမှုရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။  

အဆိုပါဖြစ်စဉ်ကြောင့် လုပ်ငန်းခွင်အတွင်းသေဆုံးသွားတဲ့မြန်မာအလုပ်သမား  ၄ဦးဟာ    အဲဒီလုပ်ငန်းခွင်မှာ အလုပ်ဝင်နေတာ နှစ်လခန့်ရှိပြီး  အဆိုပါ မိုးပျံတံတားဆောက်လုပ်ရေးလုပ်ငန်းခွင်ဟာ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း ၁၀ ခုထက်မနည်း လုပ်ဆောင်နေတဲ့လုပ်ငန်းခွင်ဖြစ်တယ်လို့လည်း သိရပါတယ်။  

လမ်းတံတားပြိုကျမှုမှာ သေဆုံးခဲ့ရတဲ့ မြန်မာနိုင်ငံ သား တွေရဲ့ ရုပ်အလောင်းတွေကို လာမယ့် တနင်္ဂနွေနေ့မှာ သင်္ဂြိုဟ်မယ်လို့သိရပါတယ်။ 

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews


Related posts

Cover
ရုရှားနိုင်ငံကို မြန်မာမှ လုပ်သားစေလွှတ်ဖို့ အေဂျင်စီ အချို့နှင့်ဝန်ကြီးဌာန ဆောင်ရွက်နေ
Dec 02, 2024
Cover
အမှန်တကယ် အလုပ်ခန့်နိုင်ခြင်းမရှိဘဲ လုပ်သားစေလွှတ်မှုကြောင့် နစ်နာဆုံးရှုံးမှုများနေရ
Nov 30, 2024
Cover
ကိုရီးယားရောက် ရွှေ့ပြောင်းလုပ်သားများ မိမိကိုယ်ကိုအဆုံးစီရင်မှုမှာ လုပ်ငန်းခွင်တွင်းထိခိုက်မှုကြောင့်ကွယ်လွန်သူအရေအတွက်နဲ့ညီမျှနေ
Nov 30, 2024
Cover
ထိုင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကရိန်းပြိုကျလို့ သေဆုံးသူ ၁၀ ဦးအထိရှိလာ
Nov 30, 2024
Cover
ဆောက်လုပ်ဆဲ မိုးပျံတံတား ပြိုကျပြီး မြန်မာအလုပ်သမားများ ထိခိုက်သေဆုံးမှုရှိဟုဆို
Nov 29, 2024
Cover
ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာအလုပ်သမား ၁၈၀ ကျော်ကို နေရပ်ပြန်ပို့
Nov 29, 2024
Cover
ဒီဇင်ဘာလမှာ ပန်းရောင်ဘတ် အသစ်လျှောက်ခွင့်ပေးမည်ဟုဆို
Nov 28, 2024
Cover
မြန်မာအလုပ်သမား ၃၀၀ ကျော်ကို ငွေလိမ်သွားသည့်ထိုင်းအမျိုးသမီး ၂ ဦးကို ဖမ်းမိ
Nov 28, 2024