NEWS

မလေးရှား Meru ဈေးမှာ အလုပ်လုပ်နေတဲ့  အထောက်အထားမဲ့ မြန်မာအလုပ်သမား ၅၀၀ ကျော် အဖမ်းခံရ

CoverLogo
674 Views

မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်  ကလန်း မဲရူးဈေးကြီးမှာ  မလေးရှားအာဏာပိုင်တွေက အထောက်အထားမဲ့ နိုင်ငံခြားသား လုပ်သား တွေ ကို ဝင်ရောက်စစ်ဆေးဖမ်းဆီး တာမှာ မြန်မာအလုပ်သမား ၅၀၀ကျော် အဖမ်းခံရတယ်လို့ မလေးရှားဒေသတွင်းသတင်းတွေအရ သိရပါတယ်။ 

 

ဖေဖေါ်ဝါရီ ၂၂ရက် နံနက်ပိုင်း က ဈေးကြီး အတွင်း ဝင်ရောက် စစ်ဆေးတာမှာ အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသား အလုပ်သမား ၆၃၀ကိုဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 

 

ဖမ်းမိသူတွေ ထဲ မှာ အင်ဒိုနီးရှား၉ဦး၊ ဘင်္ဂလားဒေရှ့် ၈၅ဦး ၊ အိန္ဒိယ ၅ဦး၊ နီပေါ ၁ဦး နဲ့ မြန်မာ အလုပ်သမား ၅၃၀ဦး တို့ ဖမ်းဆီးခံခဲ့ရကာ အများစုမှာ အသက်၁၇နှစ်မှ ၅၇နှစ်ကြား အမျိုးသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

""ဒီဈေးက အသီးအနှံ သားငါး တွေ ရောင်းတဲ့ဈေး အဲ့မှာ က မြန်မာအလုပ်သမားတွေ အများစု လုပ်ကျတာက ကုန်တင်ကုန်ချ များတယ် တရားမဝင် လာနေလို့ အဖမ်းခံရတယ်ဆိုပေမယ့် မြန်မာနိုင်ငံရဲ့ အခြေနေ ကြောင့် ဒီကို လာနေကြရတာလေ ကိုယ့်နိုင်ငံမှာ အဆင်ပြေနေရင် ဘယ်လာနေမလဲ  အခုလို မြန်မာအလုပ်သမား အများကြီး တနေရာထဲ အဖမ်းခံရတာ အတော်လေး စိတ်မကောင်း ဖြစ်မိတယ် မလေးမှာ အော်ပရာစီ ဝင်တာ အခုနှစ်ထဲ အရမ်းကြမ်းလာပြီ မြန်မာတွေ အချင်းချင်းလဲ သတိ ပေးနေကြရတာပဲ တချို့ အနေထိုင် မတတ်တဲ့ မြန်မာလုပ်သားအချို့ကြောင့်လဲ ပတ်ဝန်းကျင်က တိုင်လို့ ဝင်စစ်ဆေးတာတွေ ဖမ်းတာတွေ လည်းရှိတယ် အခုလို အဖမ်းဆီးကြမ်းနေတဲ့အချိန်မြန်မာတွေ အနေထိုင်လေးစည်းကမ်းရှိစေချင်တယ် ""လို့ မလေးရောက် မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။ 

 

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဇွန်လ ၁ ရက်က စပြီး  မလေးရှား နိုင်ငံ အတွင်းတရားဝင်  နိုင်ငံခြားသားလုပ်သားခေါ်ယူမှု ကို ပိတ်ပင်ခဲ့ ပြီးနောက် ပိုင်းအထောက် အထားမဲ့ နိုင်ငံခြားသား လုပ်သားတွေ ကို ဖမ်းဆီးမှု မှာ အရှိန်မြှင့် လာတယ်လို့ သိရပါတယ်။ 

 

အခုလို အဖမ်းဆီး ကြမ်းနေပေမယ့် မြန်မာနိုင်ငံ အတွင်း နိုင်ငံရေး မတည်မငြိမ်မှု နဲ့ စားဝတ်နေရေး အခက်ခဲ တွေ ကြောင့် မြန်မာအလုပ်သမားတွေ အနေနဲ့ ထိုင်းနိုင်ငံကတစ်ဆင့် မလေးရှား နိုင်ငံ ကို တရားမဝင် ဝင်ရောက်တာတွေ ရှိနေပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် မှု ကြောင့် ဖမ်းဆီးခံရတာတွေရှိကာ ဖေဖေါ်ဝါရီ ၂၁ရက် ညနေပိုင်း က တင် မြန်မာအလုပ်သမားအမျိုးသား ၁၅ဦး ၊အမျိုးသမီး ၁၃နဲ့ ကလေးငယ်တစ်ဦး တို့ ထိုင်း-မလေးရှား နယ်စပ်မှာ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ 

 

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026