NEWS

မလေးရှား အော်ပရာစီ စစ်ဆင်ရေးအတွင်း မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

CoverLogo
1.1K Views
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ စမှုံညှင်းမှာ တရာမဝင်နိုင်ငံခြားသာများ ဖမ်းဆီးရေး (အော်ပရာစီ)အတွင်း နိုင်ငံခြားသား ၅၆၁ ဦးဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲမှာ မြန်မာအလုပ်သမားတွေ ပါဝင်တယ်လို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။
 
"မြန်မာတွေ ပါတာပေါ့ ။ ဖူးပွင့်ခိုင်တို့၊ အေမီစျာန်တို့အသုတ်က အလုပ်သမား ၃၀ ကျော်တောင် ပြန်မလွတ်လာ ကြသေးဘူး။ ခုကလည်း အော်ပရာစီပဲ ။ အထောက်အထားမပါတဲ့ ၅၀၀ ကျော် အဖမ်းခံရတယ်။ "လို့ မလေးရောက် မြန်မာတဦးကပြောပါတယ်။
လူပုဂ္ဂိုလ် ၇၅၂ ဦး စစ်ဆေးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နီပေါ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ သီရိလင်္ကာ ၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဆီရာလီယွန်နဲ့ ကင်မရွန်း စတဲ့ နိုင်ငံသား ၅၆၁ ဦးကို ကျူးလွန်မှု အမျိုးမျိုးကြောင့် ထိန်းသိမ်းခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာက ထုတ်ပြန်ထားပါတယ်။
 
မလေးရှားနိုင်ငံ တနိုင်ငံလုံးမှာ တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီမှုတွေ ဆက်တိုက်ပြုလုပ်နေပြိ ဇန်နဝါရီ ၁၉ ရက် ည ၁၁ နာရီမှာ စမှုံညှင်း၊ ဘိုင်ဒူးရီတိုက်ခန်းတွေနဲ့ ရပ်ကွက်အတွင်းကို မလေးရှား အာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နီပေါ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ကမ္ဘောဒီးယား ၊ ဆီယာရာလီယွန်နဲ့ ကင်မရွန်းနိုင်ငံသားတွေဖြစ်ပြီး ပတ်ဝန်းကျင်ရဲ့ တိုင်ကြားချက်နဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
 
ဖမ်းဆီးရရှိခဲ့သူတွေကို အရေးယူဖို့ လူဝင်မှုကြီးကြပ်ရေးဌာန ဘူးကေ့အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိထားပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026