NEWS

မလေးရှား ရှိ ပလတ်စတစ်စက်ရုံ တွင် ဂတ်စ်အိုးပေါက်ကွဲမီးလောင်မှုကြောင့် မြန်မာလုပ်သားတစ်ဦးသေဆုံး

CoverLogo
475 Views

မလေးရှားနိူင်ငံ ဆလန်းကောပြည်နယ် တလုပ်ကုန်းရပ်ကွက် ရှိ ပလပ်စတစ် စက်ရုံ မှာ ဂတ်စ်အိုးပေါက်ကွဲ ပြီး မီးလောင်မှု ကြောင့် မြန်မာအလုပ်သမား တစ်ဦးသေဆုံးခဲ့တယ်လို့  မြန်မာလူမူကူညီရေးအသင်း (မလေးရှား)အသင်း မှ သိရပါတယ်။ 

 

ဖေဖေါ်ဝါရီ ၁၇ရက် က မြန်မာအလုပ်သမား ကိုထက်လင်းရှိန်း မှာ စက်ရုံ အတွင်း အလုပ်လုပ်နေစဉ် ရုတ်တစ်ရက် ဂတ်စ်အိုးပေါက်ကွဲမီးလောင်မှုဖြစ်ခဲ့ ရာ ဒဏ်ရာများရရှိခဲ့သဖြင့်   ဆေးရုံ ကို ပို့ဆောင်ပေးခဲ့ပေမယ့်ဒဏ်ရာ အခြေနေ ပြင်းထန်တဲ့ အတွက် ဆေးရုံ အရောက် မှာတင်ကွယ်လွန်ခဲ့တယ်လို့ ဆိုပါတယ်။ 

 

ကွယ်လွန်ခဲ့တဲ့ မြန်မာအလုပ်သမား ဟာ အသက်၃၀ သာရှိသေးပြီး ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ဂုံမင်းအရှေ့ကွင်းကျေးရွာ ကနေ မလေးရှား နိုင်ငံ ကို လာရောက် အလုပ် လုပ်သူ ဖြစ်တယ်လို့ သိရပါတယ်။ 

 

ကျန်ရစ် တဲ့ ခန္ဓာကိုယ်ကိုဖေဖေါ်ဝါရီ ၂၅ရက် နေ့က မလေးရှားနိူင်ငံ ဆလန်းကောပြည်နယ် ကလန်းမြို့ဆေးရုံကြီး အအေးခန်းမှသယ်ဆောင်ပြီး ဆလန်းကောပြည်နယ် ကလန်းမြို့ ဟိန္ဒိူသုသန် မှာ  နံနက်၁၂နာရီခွဲ တွင်သဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

 

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026