NEWS

မလေးရှား ရှိ တရားမဝင် ဖျော်ဖြေရေးစင်တာတွင် အလုပ်လုပ်နေသော မြန်မာ ၂၀ ဦး အဖမ်းခံရ

CoverLogo
328 Views
 
မလေးရှားနိုင်ငံ ၊ Negeri Sembilan ပြည်နယ် ၊ နီလိုင် (NILAI)မြို့ မှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ ဖျော်ဖြေရေးစင်တာ ကို မလေးရှား ရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေးတာမှာ မြန်မာနိုင်ငံသား ၂၀ဦး အဖမ်းခံရတယ်လို့ မလေးရှား သတင်းတွေကဖေါ်ပြထားပါတယ်။
 
၂၀၂၆ခုနှစ် ဇန်နဝါရီ ၁ရက် မနက် အစောပိုင်းမှာ ၎င်း ဖျော်ဖြေစင်တာ ပြုလုပ်ထားတဲ့ အဆောက်အဦးကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပြီး အသက်၂၀မှ၄၀ကြားရှိ အမျိုးသမီး ၁၄ဦး အပါအဝင် မြန်မာနိုင်ငံသား ၂၀ဦး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
 
၎င်းနေရာမှာ ယခင်ကလည်း တရားစွဲဆိုခြင်းနှင့် ချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေရာဖြစ်ပေမယ့် လွန်ခဲ့တစ်လ ခန့်က ဖျော်ဖြေရေးစင်တာအဖြစ် တရားမဝင် ပြုပြင်မွမ်းမံအသုံးပြုနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ဖမ်းဆီးခံရသူအားလုံးထဲမှာ နှစ်ဦးဟာ ဆိုင်စောင့်တွေဖြစ်ပြီး ခိုင်လုံတဲ့ သက်သေခံအထောက်အထား (ID) မပြသနိုင်တာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
 
၎င်းတို့ရဲ့ အဆိုအရ တစ်နေ့ကို ရင်းဂစ် ၄၀၀မှ ၆၀၀ ခန့်အထိ အမြတ်အစွန်း ဖျော်ဖြေရေးစင်တာဟာ ပတ်ဝန်းကျင်ရှိ နိုင်ငံခြားသားတွေကို ပစ်မှတ်ထား ဝန်ဆောင်မှု ပေးတယ်လို့ သိရပါတယ်။
 
ရဲတပ်ဖွဲ့အနေနဲ့ ဖျော်ဖြေရေးစင်တာအတွင်းမှ အသံချဲ့စက်များ၊ လက်ပ်တော့ပ်များ၊ တီဗီများ၊ ဝိုင်ဖိုင်စက်များ၊ ကုမ္ပဏီတံဆိပ်တုံးများနှင့် ငွေသား ရင်းဂစ် ၆၆၀ အပါအဝင် လုပ်ငန်းသုံးပစ္စည်းအမျိုးမျိုးကို သိမ်းဆည်းခဲ့ကာမြန်မာနိုင်ငံသား၂၀ ဦး ကို နောက်ထပ်စစ်ဆေးမှုတွေပြုလုပ်ရန် နီလိုင်ခရိုင်ရဲစခန်း အချုပ်တွင် ထိန်းသိမ်းထားကြောင်း သိရပါတယ်။
 
မလေးရှား နိုင်ငံ အတွင်း အထောက်အထားမရှိတဲ့ နိုင်ငံခြားသား လုပ်သားတွေကို တင်းကြပ်စွာစစ်ဆေးဖမ်းဆီး သလို တရားမဝင် လုပ်ငန်းတွေနဲ့ လုပ်ကိုင်နေတဲ့ လုပ်သားတွေကိုလည်း ဖမ်းဆီးလျက်ရှိရာ ၂၀၂၅ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံသား တစ်သောင်းခန့် အဖမ်းခံရကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
Ref-Sinar Harian

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026