NEWS

မလေးရှား တွင် အော်ပရာစီ ဖမ်းဆီးမှု ပိုဆိုးလာသဖြင့် မြန်မာလုပ်သားများ အထူးဂရုစိုက်နေထိုင်ကျရန် လူမှုအဖွဲ့စည်း များသတိပေး

CoverLogo
311 Views
 
မလေးရှား နိုင်ငံမှာ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးတဲ့ (အော်ပရာစီ) အခြေအနေဟာ တနိုင်ငံလုံးအနှံ တင်းတင်းကြပ်စစ်ဆေး ဖမ်းဆီးလာတဲ့ အတွက် မလေးရောက် မြန်မာလုပ်သားတွေ အနေနဲ့ အထူးဂရုပြုနေထိုင်ကျဖို့ မလေးရှားရှိ မြန်မာလူမှုအဖွဲ့စည်းတွေက သတိပေးထားပါတယ်။
 
မလေးရှား အာဏာပိုင် တွေက အထောက်အထားမဲ့ နိုင်ငံခြားသား လုပ်သားတွေကို ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ကတည်း က တင်းကြပ်စွာ စစ်ဆေး ဖမ်းဆီးလာတာ ဖြစ်ပြီး ယခု ၂၀၂၆ခုနှစ် နှစ်စ မှာ လည်း ဒရုန်းနည်းပညာတွေနဲ့ အသုံးပြု ဖမ်းဆီးလာသလို ဘယ်နေရာမဆို ဝင်ရောက်စစ်ဆေး ပိုင်ခွင့် လည်း ပေးလိုက်တာကြောင့် ဖမ်းဆီးမှု ပိုမိုတင်းကြပ်လာတယ်လို့ သိရပါတယ်။
 
"အခုက စားသောက် ဆိုင် ၊စက်ရုံစတဲ့ ဘယ်နေရာမဆို ဝင်ရောက် စစ်ပိုင်ခွင့်ရှိပြီ ဒီလို စစ်ဆေးလို့ ကိုယ်မှာရှိတဲ့ ပါမစ် နဲ့ ဆိုင်နာမည်နဲ့ မတူ ရင်လည်း အရေးယူခံရမှာ ဒီတော့ လက်ရှိအခြေနေက ပါမစ် ရှိတဲ့သူတွေတောင် ကြောက်ရမယ့် အနေထားဖြစ်နေပြီ ပါမစ်နဲ့ဆိုင်နာမည် မတူတာလည်း မြန်မာနိုင်ငံသားတွေ များတယ် ဒါကြောင့် အော်ပရာစီ လို့ ကြားတာနဲ့ ဝင်ပြီဆိုတာ နဲ့ ရှောင်ရှားရမယ့် အချိန်အခါရောက်နေပြီ အရင်က မဝင် ပါဘူးဆိုတဲ့ နေရာ တွေ တောင်အခု ဝင်စစ်ဆေးနေတာ ဖြစ်လို့ အခုချိန်ဟာ အထူးဂရုစိုက်ဖို့ လိုတယ်လို့"နုလုံးလှပရဟိတလူငယ်များသွေးအလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
လက်တလောမှာလည်း မလေးရှား နိုင်ငံ အတွင်း အော်ပရာစီ ဖမ်းဆီးမှု တွေကြောင့် အထောက်အထားမဲ့ မြန်မာလုပ်သား တွေ အများပြား အဖမ်းခံနေရသလို အထောက်အထားမပြည့်စုံဘဲ အလုပ်လုပ်နေရတဲ့ မြန်မာလုပ်သားတွေလည်း စိုးရိမ်စိတ်များနဲ့ နေထိုင်နေရတယ်လို့ မလေးရှားရောက်မြန်မာလုပ်သားတွေကပြောပါတယ်။
 
"အခုက ဘယ်နေရာမှ မလုံခြုံတော့ဘူး မလေးရှား ဘက်က လည်း သူ့နိုင်ငံထဲ တရားမဝင် လုပ်သား မရှိအောင် ဥပဒေအရ စစ်ဆေးတာ အပြစ် မဟုတ်ဘူးလေ ကျွန်တော်တို့ဘက်က ဥပဒေ မလိုက်နာသလို ဖြစ်နေတာမြန်မာ နိုင်ငံ အေးချမ်းရင် ချက်ချင်းပြန်မှာ ကိုယ့်ဒေသမှာ တောင်ယာဘဲ လုပ်ရပါစေ အခု က ဒေသမှာမငြိမ်းချမ်းတော့ ပြန်စရာ ကို မရှိသလို ဖြစ်နေလို့ ဒီမှာနေနေရတာ မလွယ်ကူလှပါဘူး အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်းမစားရဖြစ်နေတာ"လို့ မလေးရှားရောက် မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
၂၀၂၅ခုနှစ်အတွင်း အထောက်အထားမရှိလို့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား ၁၀၀၀၀ နီးပါးရှိပြီး ၎င်းတို့ကို ဥပဒေအရ အရေးယူကာ ပြစ်ဒဏ်ကျခံ ပြီးပါက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် လျက်ရှိကြောင်း သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026