NEWS

မလေးရှား တွင် အထောက်အထားမဲ့ မြန်မာလုပ်သားကို သူဌေး မှရိုက်နှက်နှိပ်စက်သဖြင့် ထွက်ပြေးလာရ

CoverLogo
332 Views
 
မလေးရှား နိုင်ငံ ကလန်း ရှိ အိန္ဒိယ စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သားတစ်ဦး ကို သူဌေးမှ ရိုက်နှက် နှိပ်စက်တာကြောင့် ထွက်ပြေး လာရတယ်လို့ ၎င်းမြန်မာလုပ်သားကို ကူညီပေးတဲ့ နှလုံးလှပရဟိတလူငယ်များသွေးအလှူရှင် အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား)ထံမှ သိရပါတယ်။
 
အထောက်အထားမဲ့ မြန်မာလုပ်သား ကို စားသောက်ဆိုင် သူဌေး ဆိုသူက ပန်းကန်လွတ်ကျတာကြောင့် ပါးရိုက်ခြင်း ၊အလုပ်တစ်ရက်နားလို့ဆိုကာ နိုင်လွန်ကြိုးဖြင့်ရိုက်နှက်တာကြောင့် မြန်မာလုပ်သားရဲ့ ဗိုက်နဲ့ကျော တို့မှာ ဒဏ်ရာတွေ ရရှိခဲ့ ပြီး အခွင့်ရေး ရချိန်တွင် ထွက်ပြေးလာခဲ့ရတာလို့ သိရပါတယ်။
 
""ကျွန်တော် ကို ဟင်းပွဲ တစ်ပွဲ မှောက် လို့ ပါးကိုနှစ်ချက်ရိုက်တယ် အဲ့​ေန့ကတော့ ကျွန်တော် ဘာမှ မပြောဘူး နေလိုက်တယ် နောက် ဗိုက်အောင့်လို့ အလုပ်တစ်ရက် နား တာ ကို နိုင်လွန်ကြိုး နဲ့ ရိုက်တယ် အတော်လေးရိုက်တာ ဗိုက်နဲ့ကျောမှာ အချိုးရာတွေ အများကြီးဘဲ ၊ရိုက်ပြီးတော့ နောက်​ေန့ မနက် ၂နာရီ ဆို ကျွန်တော် အလုပ်ဆင်းရမှာ ချက်ပြုတ်ရမှာ ဆိုတော့ အလုပ်ဆင်းရမယ့် အချိန် တံခါး ဖွင့်တာ နဲ့ ထွက်ပြေးလာတာပါ ထွက်ပြေးတဲ့အချိန် ဘယ်ပြေးရမလဲ မသိ ရောက်ရာ ထွက်လာရင်းနဲ့ ဒီဘက်မှာ မြန်မာလူမျိုးတွေ များတယ်ဆိုလို့ ဒီဘက်ကိုရောက်လာတာ""လို့ နစ်နာသူမြန်မာလုပ်သား ကိုဇော်ဇော်က ပြောပါတယ်။
 
ထွက်ပြေးလာတဲ့ မြန်မာလုပ်သားဟာ ကွာလာလမ်ပူ Subang Jaya နားက ဘူတာအနီး ရောက်ရှိ လာပြီး နောက် မြန်မာနိုင်ငံသား လုပ်သား အချို့နဲ့ တွေ့ဆုံ မိကာ ၎င်းရဲ့ အခက်ခဲများပြောပြသဖြင့် မြန်မာနိုင်ငံသား အချို့က စားသောက်ဖို့ ကူညီပေးပြီး နုလုံးလှပရဟိတလူငယ်များသွေးအလှူရှင်အဖွဲ့နဲ့ချိတ်ဆက် ပေးခဲ့တယ်လို့ သိရပါတယ်။
"ကျွန်တော်တို့ နေရာတာက သူဌေးက ပေးထားတဲ့ အခန်း လေ ၊အခန်းက CCTV တပ်ထားတော့ လူစိမ်းခေါ်လို့မရဘူး စားဖို့ကိုတော့ ကူညီပေးထားပါတယ် ဒီမှာ သူရောက်နေတာ ၅ရက်ရှိပြီ အိပ်ဖို့ကတော့ ဘူတာအောက်မှာ နေတယ်။ကျန်တာကိုတော​တခြား မြန်မာတွေလည်း စုပြီးကူညီပေးထားပါတယ်""လို့ ကူညီပေးထားတဲ့ မြန်မာနိုင်ငံသားလုပ်သားတစ်ဦးကပြောပါတယ်။
 
အလုပ်ရှင်ရိုက်နှက်တာကြောင့် ထွက်ပြေးလာရတဲ့ မြန်မာလုပ်သား ကိုဇော်ဇော်ဟာ ရန်ကုန်တိုင်း ဒလမြို့နယ်ကနေ မလေးရှား နိုင်ငံကို ပွဲစားမှ တစ်ဆင့်ရောက်လာတာ ၈လ ခန့်သာရှိသေးပြီး ပွဲစား ချိတ်ဆက်ပေးတဲ့ အလုပ်တွေမှာအဆင်မပြေသဖြင့် လိုင်းပေါ်မှ တစ်ဆင့် အလုပ်ရှာပေးသည့် ပွဲစားဖြင့်ချိတ်ဆက်ရာမှ ယခု စားသောက်ဆိုင်တွင် အလုပ် လုပ်ကိုင်ခြင်းဖြစ်ကာ ရိုက်နှက် နှိပ်စက်ခံရသလို ၎င်းရဲ့တန်းဖိုးရှိ ပစ္စည်းအချို့ကိုလည်း သူဌေးမှ ယူထားတယ်လို့ ဆိုပါတယ်။
""ကျွန်တော် လာတုန်းက ဖုန်း၂လုံးပါတယ် ငွေလက်စွပ်တစ်ကွင်း၊ငွေလက်ကောက် တစ်ကွင်းပါတယ် အကုန်လုံးသူဌေးကသိမ်းသွားတယ် ရိုက်နှက်တယ် အရမ်းနှိပ်စက်ပါတယ် အလုပ်သွင်းပေးတဲ့ ပွဲစားကို ဖုန်းဆက်တော့ မကိုင်တော့ဘူး ဒါကြောင့် လိုင်းပေါ်ကနေပွဲစားနဲ့ချိတ်ဆက်ပြီး အလုပ်မရှာပါနဲ့ မလာပါနဲ့ ""လို့နစ်နာသူမြန်မာလုပ်သားကိုဇော်ဇော်ကပြောပါတယ်။
 
လက်ရှိမှာ ရိုက်နှက်ခံရတဲ့ မြန်မာလုပ်သားကို နုလုံးလှပရဟိတလူငယ်များသွေးအလှူရှင် အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား)မှ ရုံးခန်းသို့ ခေါ်ဆောင်သွားပြီး နေထိုင်ဖို့နဲ့စားသောက် ဖို့ ကူညီပေးထားမယ့်အပြင် မြန်မာလုပ်သား အတွက် အလုပ်ပါရှာဖွေပေးမယ်လို့ နှလုံးလှပရဟိတလူငယ်များသွေးအလှူရှင် အဖွဲ့ ထံမှ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026