NEWS

မလေးရှား တွင် အထာက်အထားမရှိသည့် မြန်မာလုပ်သား ၆၉ ဦး ထပ်မံအဖမ်းခံရ

CoverLogo
534 Views
 
မလေးရှား နိုင်ငံ ကွာလာလမ်ပူ Setapak မှာ အထောက်အထားမရှိတဲ့ မြန်မာလုပ်သား ၆၉ ဦး ကို စက်တင်ဘာ ၁၁ ရက်မနက်ပိုင်းမှာ မလေးရှား အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
တရားမဝင်နေထိုင်သူတွေများနေကြောင်း တိုင်ကြားမှုအရ Setapak ရှိ အထပ် ၁၉ ပါအဆောက်အဦး ကို အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးတာမှာ အထောက်အထားမရှိတဲ့ နိုင်ငံခြားသားလုပ်သား ၁၂၅ ဦး ကို စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
 
ဖမ်းဆီးခံရသူများထဲမှာ အသက် ၁၆ နှစ်မှ ၇၀ နှစ်အတွင်းရှိ အမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၄၃ ဦးနှင့် ကလေးတစ်ဦး ပါဝင်ကြောင်း ဖော်ပြထားပြီး ၎င်းတို့ထဲတွင် မြန်မာနိုင်ငံသား ၆၉ ဦး၊ အိန္ဒိယ (၂၅)ဦး၊ ပါကစ္စတန် (၁၄)ဦး၊ အင်ဒိုနီးရှား (၁၂) ဦးနဲ့ ဘင်္ဂလားဒေ့ရှ် (၅)ဦး တို့ပါဝင်တယ်လို့ သိရပါတယ်။
 
""သိရသလောက်က မလေးနိုင်ငံသားတွေက တိုင်လို့ ဝင်စစ်ဆေး ပြီးဖမ်းတာ သတင်းဖေါ်ပြချက်အရဆိုရင် နိုင်ငံခြားသား လုပ်သားတွေက မူးယစ်သောက်စားတာတွေ မူးယစ်ဆေးသုံးစွဲတာတွေ ကြောင့် မို့ တိုင်ကြားတဲ့အတွက် အော်ပရာစီဝင်တာလို့ သိရတယ် ကိုယ်ကအထောက်ထားမရှိဘူးဆိုရင်လည်း အနေအထိုင်ဆင်ခြင်သင့်တယ်
မလေးမှာ အော်ပရာစီဝင်တာနဲ့ မြန်မာနိုင်ငံသား အဖမ်းခံရတာ အများဆုံးပါနေတယ် သွားလာသတိပြုဆင်ခြင်ဖို့လိုတယ်""လို့မလေးရောက်မြန်မာနိုင်ငံသားတစ်ဦးကပြောပါတယ်။
 
ယခု စစ်ဆေးဖမ်းဆီးမှုအတွက်အာဏာပိုင်တွေအနေနဲ့ နှစ်ပတ်ကြာ အချိန်ယူခဲ့ ပြီးနေအိမ်အလုံးရေ ၃၈၀ ကို ပိတ်ဆို့ရှာဖွေ ခဲ့တာလို့ မလေးသတင်းမှာဖေါ်ပြထားပါတယ်။
 
ဖမ်းဆီးခံရသူများသည် တရားဝင်ခရီးသွားစာရွက်စာတမ်း သို့မဟုတ် မှတ်ပုံတင် အစစ်အမှန်မရှိခြင်း သို့မဟုတ် သက်တမ်းကုန်ဆုံးနေခြင်း စတဲ့ အကြောင်းအရင်းတွေ ကြောင့် ဖမ်းဆီးခံရပြီး အဲဒီအမှုများကို ၁၉၅၉/၆၃ အင်မီဂရေးရှင်းဥပဒေ၊ ပုဒ်မ ၆(၁)(c) နှင့် ၁၅(၄) အရ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဖမ်းခံရတဲ့ နိုင်ငံခြားသားလုပ်သားတွေဟာ အိမ်ရာခန်းများကို တစ်လလျင် မလေးငွေ RM700 မှ RM1,200 အထိ ပေးချေငှားရမ်းထားကြောင်းသိရပါတယ်။
 
အိမ်ပိုင်ရှင်များဟာ မိမိတို့ အိမ်ရာမှာ နေထိုင်နေတဲ့ နိုင်ငံခြားသားများတွင် တရားဝင် စာရွက်စာတမ်းများ ရှိမရှိ စစ်ဆေးပေးရမှာ ဖြစ်ကာ ထိုသို့ မပြုလုပ်ပါက တရားမဝင် နေထိုင်သူများကို လက်ခံထားတဲ့အတွက် ၁၉၅၉/၆၃ အင်မီဂရေးရှင်းဥပဒေ ပုဒ်မ ၅၆(၁)(d) အရ တရားစွဲဆိုခံရနိုင်တယ်လို့ သတိပေးထားကြောင်းသိရပါတယ်။
 
လက်ရှိမှာ မလေးရှားနိုင်ငံ အတွင်း အဖမ်းဆီးများကြမ်းနေပြီး နေ့စဉ်လိုလိုအထောက်အထားမဲ့ မြန်မာလုပ်သားတွေလည်း ဖမ်းခံရတာတွေ ရှိရာ ယခုလ ၁၀ ရက်အတွင်းမှာတင် မြန်မာလုပ်သား ၃၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။
Ref-BERNAMA

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026