NEWS

မလေးရှား တွင် ရက်၄၀ကျော် အတွင်း မြန်မာအပါအဝင် အထောက်အထားမဲ့ လုပ်သား ၆၀၀၀ကျော် အဖမ်းခံရ

CoverLogo
293 Views
 
မလေးရှား နိုင်ငံ တွင် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေကို စီမံချက်နဲ့ ဖမ်းဆီးရာ ၂၀၂၆ခုနှစ် ဇန်နဝါရီလမှဖေဖေါ်ဝါရီလ ၁၄ရက်အထိ မြန်မာအပါအဝင် နိုင်ငံခြားသား လုပ်သား ၆၀၀၀ကျော် အဖမ်းခံရတယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
နိုင်ငံတဝှမ်း ကို အော်ပရာစီ စီမံချက် ဖြင့် နိုင်ငံခြားသား လုပ်သားတွေကို စစ်ဆေးရာ စစ်ဆေးရေး အကြိမ် အရေအတွက် ၁၇၀၀ ခန့် ပြုလုပ်ခဲ့ပြီး နိုင်ငံခြားသား လုပ်သား ၂၇၀၀၀ ဦး ကို စစ်ဆေးခဲ့တယ် လို့ ထုတ်ပြန်ထားပါတယ်။
 
၎င်းစစ်ဆေးမှု တွင် အထောက်အထားမရှိတဲ့ နိုင်ငံခြားသား လုပ်သားတွေ ကို ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသားတွေ အပါအဝင် အထောက်မပြည့်စုံတဲ့ရွှေ့ပြောင်းလုပ်သား ၆၂၀၀ဦးကို ဖမ်းဆီးခဲ့သလို တရားမဝင် လုပ်သားတွေကို ခိုင်းစေမှု နဲ့ အလုပ်ရှင် ၂၃၀ဦး ကို ပါ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
 
"အဖမ်းခံရတဲ့ ထဲ မြန်မာတွေ လည်း အတော်များများ ပါတယ် အခုက ဘယ်လိုမှ မှန်းမရတော့ဘူး တခါမှ အော်ပရာစီ မဝင်တဲ့ နေရာတွေ တောင် ဝင်စစ်နေတာ အခုအော်ပရာစီက အထောက်အထားရှိပြီး ပါမစ်နဲ့ အလုပ်နေရာ မတူတာ လည်းဖမ်းတယ် အဲ့တော့ အော်ပရာစီလို ့ကြားတာနဲ့ ဝေးဝေးရှောင်နေ မလွတ်ဘူးဆိုရင်လည်း အေးဆေးသာအဖမ်းခံလိုက် မိမိရဲ့မှတ်ပုံတင်တို့ ပတ်စပို့တို့ရှိရင် ကိုယ်နဲ့မကွာသာထား ဒါမှ ပြစ်ဒဏ်ကျပြီးရင် မြန်မာပြည် ပြန်ဖို့ လွယ်ကူမှာ မဟုတ်ရင် ထိန်းသိမ်းရေးစခန်းမှာတင်နှစ်ချီကြာသွားလိမ့်မယ်""လို့ မလေးရှားရှိ မြန်မာလုပ်သားအရေးကူညီပေးသူတစ်ဦးကပြောပါတယ်။
 
မလေးရှား လူဝင်မှုကြီးကြပ် ရေးအာဏာပိုင် တွေ က မြန်မာ အပါအဝင် တရားမဝင် ရွှေ့ပြောင်း နေထိုင်သူတွေ အထောက်အထားမဲ့ အလုပ်လုပ်နေ သူတွေကို နှိမ်နင်းရေ တိုးလုပ်နေ သလို သူတို့ နိုင်ငံသားတွေကိုလည်း ပတ်ဝန်းကျင်မှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ တွေ့ရှိပါက သတင်းပေးကြဖို့ကို လည်း သတင်းထုတ်ပြန် တိုက်တွန်းထားတယ်လို့ သိရပါတယ်။
 
ဒါကြောင့် အော်ပရာစီ စီမံချက်တွေ မှာ ပတ်ဝန်းကျင်ရဲ့ တိုင်ကြားမှု ကြောင့် နိုင်ငံခြားသား လုပ်သားအများဆုံးရှိတဲ့ နေရာ တွေ ဝင်ရောက်စစ်ဆေးခံရတာ အများဆုံး ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်အတွင်း မှာ အထောက်အထားမရှိလို့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား ၁၀၀၀၀ နီးပါးရှိ တယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026