NEWS

မလေးရှား ဂျိုဟိုးပြည်နယ် တွင် အထောက်အထား မရှိသည့် မြန်မာလုပ်သား ၃၀၀ ခန့် အဖမ်းခံရ

CoverLogo
311 Views
 
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် ရှိ စက်ရုံ ကို အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးရာ အထောက်အထားမရှိ တဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၃၀၀ခန့် အဖမ်းခံရကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
ဒီဇင်ဘာ ၁၆ ရက်က ညပိုင်းမှာ ဂျိုဟိုး ပြည်နယ်ရှိ ကွန်ပျူတာ အစိတ်အပိုင်း တွေ ပြုလုပ်တဲ့ စက်ရုံ တွင် အလုပ်လုပ်ခွင့် လက်မှတ် မပါဘဲ အလုပ်လုပ်နေတဲ့ နိုင်ငံခြား သား အများအပြား ရှိနေကြောင်း သတင်းရရှိတဲ့အတွက် ဝင်ရောက် စစ်ဆေးရာ အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသား လုပ်သား ၃၅၆ဦး ကို ဖမ်းဆီးခဲ့တယ် လို့ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
 
အဖမ်းခံရသူ ၃၅၆ဦး တွင် မြန်မာနိုင်ငံသား အမျိုးသား ၂၄၆ဦး၊အမျိုးသမီး ၅၃ ဦး၊ပါကစ္စတန်နိုင်ငံသား၃ ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၆ ဦး၊နီပေါနိုင်ငံသား ၁ ဦး၊ အိန္ဒိယ နိုင်ငံသား ၂၂ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁ ဦး၊ နီပေါနိုင်ငံသား ၁ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံအမျိုးသမီး ၃ ဦးပါဝင်ကြောင်း သိရပါတယ်။
 
အဖမ်းခံရသူ တွေ အားလုံး ကို ၁၉၅၆/၆၃ခုနှစ် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ ၁၉၆၃ခုနှစ် လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းတွေအရ အရေးယူသွားမှာဖြစ်ကာ Setia Tropika လူဝင်မှုကြီးကြပ်ရေးဌာန မှာ ထားရှိထားတယ်လို့ သိရပါတယ်။
 
မလေးရှား နိုင်ငံ အတွင်း မှာ အထောက်အထားမရှိတဲ့ နိုင်ငံခြားသား တွေကို ဖမ်းဆီးမှု ကို နိုင်ငံအနှံ နေ့စဉ် ပြုလုပ်နေပြီး အဖမ်းခံရသူတွေ ထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများဆုံး ဖြစ်နေကာ ဒီဇင်ဘာ ၆ရက်တစ်ရက်ထဲမှာတင် အဖမ်းခံရသူဦးရေ ၆၅၀ခန့်ရှိတဲ့အတွက် ယခုလအတွင်းအထောက်အထားမရှိလို့ အဖမ်းခံရတဲ့ မြန်မာလုပ်သားဦးရေ ၁၀၀၀ကျော် ရှိပြီ ဖြစ်ကြောင်း သိရပါတယ်။
HTH

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026