NEWS

မလေးရှား၊ ဂျိုဟိုးပြည်နယ်ရှိ စက်ရုံ ၂ ရုံ မှအထောက်အထားမဲ့ မြန်မာအလုပ်သမားအမျိုးသမီး ၆၈ ဦး အဖမ်းခံရ

CoverLogo
274 Views

မလေးရှား နိုင်ငံ ဂျိုဟိုးပြည်နယ်ရှိ လျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့စက်ရုံ ၂ ရုံကို ဩဂုတ်လ ၈ရက်နေ့က မလေးရှား အာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးရာ အထောက်အထားမပြည့်စုံတဲ့ မြန်မာအလုပ်သမားအမျိုးသမီး ၆၈ ဦး အဖမ်းခံရတယ်လို့ မလေးရှားသတင်းဌာနများရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။

ပတ်ဝန်းကျင်ရဲ့ တိုင်ကြားမှုကြောင့် မလေးရှားအာဏာပိုင်တွေက  ယင်းစက်ရုံ နှစ်ရုံကို ဝင်ရောက်စစ်ဆေးရာမှ အလုပ်သမားပေါင်း ၁၈၇ ဦး ကို စစ်ဆေးရာတွငအထောက်အထားမပြည့်စုံသူ ၇၉  ဦး ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေထဲမှာ  မြန်မာအမျိုးသမီး ၆၈ ဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၆ ဦး၊ တရုတ် အမျိုးသမီး ၂ ဦး၊ နီပေါ အမျိုးသား ၁ ဦး၊ အင်ဒိုနီးရှား  အမျိုးသမီး ၁ ဦး နဲ့ စက်ရုံမန်နေဂျာ ဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံ မှာ ယခုလိုမျိုး  အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ကို   စီမံချက်နဲ့ ဖမ်းဆီးတာတွေ မကြာခဏ လုပ်ဆောင်လျက်ရှိသလို ပတ်ဝန်းကျင်တိုင်ကြားမှုကြောင့် လဲ ဝင်ရောက်စစ်ဆေး ဖမ်းဆီးတာတွေ ရှိတဲ့ အတွက် မလေးရောက် မြန်မာအလုပ်သမားတွေ အနေနဲ့ အထူးသတိပြု နေထိုင်ဖို့ မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတွေက မကြာခဏအသိပေးပြောကြားပေးနေရတယ်လို့ သိရပါတယ်။

 


Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025