NEWS

မလေးရှား၊ ဂျိုဟိုးပြည်နယ်ရှိ စက်ရုံ ၂ ရုံ မှအထောက်အထားမဲ့ မြန်မာအလုပ်သမားအမျိုးသမီး ၆၈ ဦး အဖမ်းခံရ

CoverLogo
346 Views

မလေးရှား နိုင်ငံ ဂျိုဟိုးပြည်နယ်ရှိ လျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့စက်ရုံ ၂ ရုံကို ဩဂုတ်လ ၈ရက်နေ့က မလေးရှား အာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးရာ အထောက်အထားမပြည့်စုံတဲ့ မြန်မာအလုပ်သမားအမျိုးသမီး ၆၈ ဦး အဖမ်းခံရတယ်လို့ မလေးရှားသတင်းဌာနများရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။

ပတ်ဝန်းကျင်ရဲ့ တိုင်ကြားမှုကြောင့် မလေးရှားအာဏာပိုင်တွေက  ယင်းစက်ရုံ နှစ်ရုံကို ဝင်ရောက်စစ်ဆေးရာမှ အလုပ်သမားပေါင်း ၁၈၇ ဦး ကို စစ်ဆေးရာတွငအထောက်အထားမပြည့်စုံသူ ၇၉  ဦး ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေထဲမှာ  မြန်မာအမျိုးသမီး ၆၈ ဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၆ ဦး၊ တရုတ် အမျိုးသမီး ၂ ဦး၊ နီပေါ အမျိုးသား ၁ ဦး၊ အင်ဒိုနီးရှား  အမျိုးသမီး ၁ ဦး နဲ့ စက်ရုံမန်နေဂျာ ဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံ မှာ ယခုလိုမျိုး  အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ကို   စီမံချက်နဲ့ ဖမ်းဆီးတာတွေ မကြာခဏ လုပ်ဆောင်လျက်ရှိသလို ပတ်ဝန်းကျင်တိုင်ကြားမှုကြောင့် လဲ ဝင်ရောက်စစ်ဆေး ဖမ်းဆီးတာတွေ ရှိတဲ့ အတွက် မလေးရောက် မြန်မာအလုပ်သမားတွေ အနေနဲ့ အထူးသတိပြု နေထိုင်ဖို့ မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတွေက မကြာခဏအသိပေးပြောကြားပေးနေရတယ်လို့ သိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026