NEWS

မလေးရှားသွားမည့် လုပ်သား များ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး အသိပေးချက်များ လိုက်နာရန် အလုပ်သမားဝန်ကြီးဌာန အသိပေး

CoverLogo
239 Views
 
မြန်မာနိုင်ငံမှ မလေးရှား နိုင်ငံသို့ သွားရောက်လုပ်ကိုင် မယ့် လုပ်သားတွေအနေနဲ့ မလေးရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကျန်းမာရေးအသိပေးချက်တွေကို ဂရုပြုလိုက်နာကျရန် စစ်ကော်မရှင် လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။
 
မလေးရှား နိုင်ငံအတွင်း တီဘီရောဂါဖြစ်ပွားသည့်ဦးရေ ပိုမိုများပြားနေပြီး ထိရောက်တဲ့ ကုသမှုနှင့်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ကြရန် မလေးရှားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန (KKN) ၏ Facebook စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။
 
၎င်းထုတ်ပြန်မှုနဲ့ စပ်လျဉ်းပြီး မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ သွားရောက်မယ့် အလုပ်သမားများအားလုံး အနေဖြင့် တီဘီရောဂါကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအသိပေးချက်များကို ဂရုပြုလိုက်နာ ဆောင်ရွက်သွားဖို့ အကြံပြုထားခြင်းဖြစ်ပါတယ်။
 
မလေးရှားနိုင်ငံမှာ ၂၀၂၆ ခုနှစ်၊ နှစ်စအတွင်းမှာပဲ တီဘီရောဂါ (TB) အစုအဝေးသစ် ၁ဝ ခုနီးပါးကို စတင် ဖော်ထုတ်တွေ့ရှိထားပြီး ကူးစက်ပျံ့ပွားမှုတွေဖြစ်နေတယ်လို့ ကျန်းမာရေးဝန်ကြီး ဒါတက်ခ်ဆီရီဇူလ်ကီ ဖလိုင်အားမို့ က ပြောကြားပါတယ်။
 
ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ပြည်နယ်အလိုက် ကူးစက်မှုနှုန်းတွေကတော့ ဆီလန်ဂေါမှာ အစုအဝေး အများဆုံးအဖြစ် ၄ ခုထိ တွေ့ရှိထားပြီး လူနာ ၁ဝ ဦးထိ ရှိတယ်လို့ ဆိုပါတယ်။
 
ဒါပေမယ့် ဂျိုဟိုး မှာတော့ အစုအဝေး ၁ ခုသာ တွေ့ရှိရပေမယ့် လူနာပေါင်း ၃၇ ဦး အထိ ရှိကာ အကြီးမားဆုံး ကူးစက်မှုအဖြစ် မှတ်တမ်းတင် ထားပါတယ်။
 
ရောဂါလက္ခဏာတွေအနေနဲ့ ချောင်းဆိုး၊ ဖျားခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ဖြစ်နိုင်ပြီး ရင်ဘတ်ဓာတ်မှန် (X-ray) ရိုက်ခြင်း၊ သလိပ်စစ်ဆေးခြင်းနဲ့ အဏုကြည့်မှန် ပြောင်းနဲ့ ပိုးမွှားရှာဖွေခြင်းတို့မှ ရောဂါပိုးကို ရှာဖွေနိုင်တယ်လို့ သိရပါတယ်။
 
ပြည်သူတွေ အနေနဲ့ ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို စနစ်တကျ ဖုံးအုပ်ဖို့နဲ့ ရောဂါလက္ခဏာရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးဆက်သွယ်ကြရန် မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026