NEWS

မလေးရှားသို သွားမည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၁၆ ဦး ထိုင်းတွင် ဒုတိယအကြိမ် အဖမ်းခံရ

CoverLogo
389 Views

မလေးရှားနိုင်ငံ တွင် သွားရောက် အလုပ်လုပ်ကိုင်ဖို့ အတွက်   ထိုင်းနိုင်ငံ အတွင်း အထောက်အထားမဲ့  နယ်စပ်ဖြတ်ကျော် လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၆ ဦး ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 


နိုဝင်ဘာ ၃ ရက်  ချွမ်ဖွန်ပြည်နယ်၊ မောင်းခရိုင်၊ အဝေးပြေးလမ်းမကြီးမှာ  ထိုင်း အမြန်လမ်းရဲတပ်ဖွဲ့ မှ ကင်းလှည့်စစ်ဆေးနေစဉ် သံသယဖြစ်ဖွယ် အနက်ရောင်ပစ်ကပ်ကားတစ်စီး ကို စစ်ဆေးတာမှာ ယာဉ်မောင်းဖြစ်သူ မြန်မာနိုင်ငံသား ဝေယံ အသက်(၃၂ နှစ်) နှင့်အတူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆ ဦးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ 


ကနဦး စစ်ဆေးချက်အရ  မြန်မာရွှေ့ပြောင်းအလုပ်သမားအားလုံးဟာ အောက်တိုဘာ ၂၆ ရက် က ရတ်တဖမ် အဝေးပြေးလမ်းမကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့တဲ့  အဖွဲနှင့် တူညီကြောင်း သိရှိရပြီး  ၎င်းတို့ကို  တရားမဝင် ဝင်ရောက်လာမှုနဲ့  တရားစွဲဆိုခဲ့ကာ အောက်တိုဘာ ၃၀ ရက် တွင်  ကန်ချနဘူရီပြည်နယ်ရှိ ဘုရားသုံးဆူတောင်ကြားမှတစ်ဆင့် မြန်မာနိုင်ငံသို ပြန်လည်ပိုဆောင်ရန် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ တယ်လို့ ထိုင်းသတင်းမှာဖေါ်ပြထားပါတယ်။ 


၎င်းတိုအားလုံးကို ဖမ်းဆီးပြီး သုံးရက်အကြာ မှ   မြန်မာဘက်သို ပြည်နှင်ဒဏ် ပေးခဲ့ပေမယ့်   မြန်မာပွဲစားတစ်ဦးနဲ့ ထပ်မံဆက်သွယ်ပြီး လုပ်သား တစ်ဦးလျှင် ဘတ် ၂၀,၀၀၀ ကျော် ပေးဆောင်ကာ  ထိုင်းနိုင်ငံသို တရားမဝင် ပြန်လည်ဝင်ရောက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 


မြန်မာနိုင်ငံ အတွင်း မတည်မငြိမ် မှု တွေကြောင့် မလေးရှား တွင် အလုပ်ရှာဖွေရန်ရည်ရွယ်ကာ အခုလို ထပ်မံဝင်ရောက် တာဖြစ်တယ်လို့ မြန်မာလုပ်သားတွေက ထွက်ဆိုပါတယ်။ 


ဒါ့အပြင် မြန်မာယာဉ်မောင်း ဆိုသူမှာ ယာဉ်းမောင်းခအဖြစ်လုပ်သားတစ်ဦးအတွက် ဘတ် ၁၀၀၀ နှုန်း ရရှိကာ ယခင်က ပရာချွပ်ခီရီခန်ပြည်နယ်မှာ   ဆောက်လုပ်ရေးလုပ်သားများအတွက် မြန်မာစကားပြန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ   ဝင်ငွေ ရရှိမှု များတာ ကြောင်​ စမွတ်စခွန်ပြည်နယ်ရှိ သူငယ်ချင်းတစ်ဦးထံမှ ကားငှားကာ ယခုအလုပ်ကို လက်ခံခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။ 


ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားများ ကို အမြန်လမ်းရဲတပ်ဖွဲမှ လူဝင်မှုကြီးကြပ်ရေးဌာနသို ဥပဒေအရ အရေးယူရန် လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026