NEWS

မလေးရှားသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၃ဦးနှင့်ယာဉ်မောင်း ထိုင်းနိုင်ငံသား အဖမ်းခံရ

CoverLogo
457 Views
မလေးရှား နိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၃ဦးနဲ့ယာဉ်မောင်းဖြစ်သူ ထိုင်းနိုင်ငံသား ကို မလေးရှားရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
 
နိုဝင်ဘာ ၁ရက် ညပိုင်းမှာ မလေးရှား နိုင်ငံ ကလန်တန်ပြည်နယ် သို့ ထိုင်းနိုင်ငံ နယ်စပ် ကနေ ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၆ဦးနဲ့အမျိုးသမီး၇ဦး တို့ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
 
၎င်းမြန်မာနိုင်ငံသားများ ကို ထိုင်းနိုင်ငံသား ယာဉ်မောင်း ဖြစ်သူက ခေါ်ဆောင်လာတာ ဖြစ်ပြီး မလေးရှား အာဏာပိုင်တွေက တားဆီးစစ်ဆေး ချိန်မှာ ထွက်ပြေးရန် ကြိုးစားခဲ့ပေမယ့် ယာဉ်မှာ လမ်းဘေးသို့ ထိုးကျသွားတာကြောင့် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
 
ဖမ်းဆီးခံရတဲ့ အထောက်အထားမရှိတဲ့ မြန်မာ ၁၃ ဦးကို ၁၉၅၉/၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၆(၁)(ဂ) အရ စစ်ဆေးအရေးယူခဲ့ပြီး
ယာဉ်မောင်းဖြစ်သူ အသက် ၃၈ နှစ်အရွယ် ထိုင်းနိုင်ငံသားကို တော့ ၂၀၀၇ ခုနှစ် ပြဌာန်းချက် လူကုန်ကူးမှုအက်ဥပဒေအရ ဖမ်းဆီးခဲ့ကာIPD Tumpat(အိုင်ပီဒီတွန်ပါးရဲစခန်း သို့ ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
 
မလေးရှား နိုင်ငံ သို့ အလုပ်လုပ်ကိုင်ရန် လာရောက်ရင်း တရားမဝင် နယ်စပ်ဖြတ်ကျော်လို့ အခုလို အဖမ်းခံရတဲ့ မြန်မာနိုင်ငံ သားတွေ ရှိသလို မလေးရှားနိုင်ငံ အတွင်း အထောက်အထားမရှိဘဲ နေထိုင် အလုပ်လုပ်ကိုင်လို့ အဖမ်းခံရတဲ့ မြန်မာအလုပ်သမားတွေ လည်း လစဉ် ဦးရေ ရာချီရှိနေပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026