NEWS

မလေးရှားသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၂၅ဦး အဖမ်းခံရ

CoverLogo
965 Views
 
မလေးရှား နိုင်ငံ ကလန်တန်ပြည်နယ် တွင် အထောက်အထားမရှိဘဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၂၇ဦးကို ဖမ်းဆီးခဲ့တယ်လို့ မလေးရှားလူဝင်မူကြီးကြပ်ရေး ဌာနကထုတ်ပြန်ထားပါတယ်။
 
ကလန်တန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးမှ ဖေဖေါ်ဝါရီ ၂၀ရက်မှာ Wakaf Che Yeh ရှိ ၂၄နာရီညဈေးအနီး က ဟိုတယ်တစ်ခု ကို ဝင်ရောက်စစ်ဆေးရာ မှာ မင်္သကာစရာ ကား လေးစီး ကို တွေ့ရှိပြီးဆက်လက် စစ်ဆေးရာ မြန်မာအမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၈ဦး စုစုပေါင်း ၂၀ဦး ကို ကနဦး ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
 
ထို့နောက် ဟိုတယ်အခန်းများ အတွင်း စစ်ဆေးရာ မြန်မာနိုင်ငံသို့ ပြန်ရန် စောင့်နေတဲ့ မြန်မာနိုင်ငံသား ၅ဦး ကို ဖမ်းမိခဲ့သလို ဟိုတယ်ခေါင်မိုးပေါ်ပုန်းအောင်းနေတဲ့ တရုတ်နိုင်ငံသား ၂ဦးထပ်မံဖမ်းဆီးရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၂၇ဦးရဲ့ နောက်ကွယ်မှ ချုပ်ကိုင်သူ လို့ ယူဆရတဲ့ အသက်၃၁နှစ်အရွယ် မြန်မာ ၁ဦး ကိုလည်းလူဝင်မူကြီးကြပ်ရေး ဌာနကဖမ်းဆီးရရှိကြောင်းထုတ်ပြန်ထားပါတယ်။
 
ဖမ်းခံရသူ ၂၇ ဦး ကို လူဝင်မူကြီး ကြပ်ရေးအက်ဥပဒေ ၁၉၅၉၊၆၃ပုဒ်မ ၆(၁)(ဂ) အရတရားဝင်အထောက်အထားမရှိဘဲအတွင်းသို့ ဝင်ရောက်မူဖြင့်ဖမ်းဆီးခဲ့ပြီး အဓိက သံသယရှိသူ မြန်မာနိုင်ငံသား တစ်ဦးကိုတော့ လူကုန်ကူးမှုတိုက်ဖျက်ရေးအက်ဥပဒေ ၂၀၀၇ ပုဒ်မ၂၆(က)အရဖမ်းဆီးထားတယ်လို့ သိရပါတယ်။
 
သယ်ယူပို့ဆောင်တာမှာ အသုံးပြုတဲ့ ကား၄စီးကိုလည်း သိမ်းဆည်းထားကြောင်း ထုတ်ပြန်ထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026