NEWS

မလေးရှားရှိ နိုင်ငံခြားသား လုပ်သားတွေ အတွက် အနည်းဆုံးလုပ်ခ တစ်လ ရင်းဂစ် ၁၇၀၀ သတ်မှတ်

CoverLogo
875 Views
 
မလေးရှား နိုင်ငံရှိ မြန်မာအပါအဝင် နိုင်ငံခြားသား လုပ်သားတွေ အတွက် အနည်းဆုံး လုပ်ခ လစာ ကို ဩဂုတ်လ ၁ရက်ကစပြီး တစ်လလျင် မလေးရှား ငွေ ရင်းဂစ် ၁၇၀၀ သတ်မှတ်လိုက်တယ်လို့ မလေးရှား လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
 
နိုင်ငံခြားသားလုပ်သားတွေ အတွက် အနည်းဆုံးလုပ်ခ ကို ယခင်က ၁၅၀၀ ရင်းဂစ် သတ်မှတ်ခဲ့ ပြီး ၂၀၂၅ခု နှစ် ဇန်နဝါရီလ မှာ တော့ ရင်းဂစ် ၁၇၀၀ အထိ တိုးမြှင့်သတ်မှတ်ပေးခဲ့ပါတယ်။
 
နှစ်ဆန်းပိုင်းကတည်းက အနည်းဆုံးလုပ်ခ ရင်းဂစ် ၁၇၀၀ တိုးမြှင့်ပေး ပေမယ့် လုပ်ငန်း အများစုမှာ တိုးမြှင့်ပေးခြင်းမရှိတဲ့ အတွက် ဩဂုတ် ၁ရက်က စပြီး အလုပ်ရှင်များ အားလုံး အလုပ်သမားအရေအတွက် မခွဲခြားဘဲ တစ်လ လျှင် ရင်းဂစ် ၁၇၀၀ ပေးရမယ်လို့ ဆိုပါတယ်။
 
ယခု သတ်မှတ်ချက်မှာ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ဒေသခံများနဲ့ နိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားသားအလုပ်သမား၊ စာချုပ်အလုပ်သမားနဲ့ အလုပ်သင် အလုပ်သမား အားလုံး အကျုံးဝင်ပြီး အိမ်အကူ လုပ်သားအတွက် တော့ အကျုံးမဝင်ဘူးလို့သိရပါတယ်။
 
""ကျွန်တော်တို့ သူဌေးက ၂လပိုင်း ကတည်းက အခြေခံလစာကို ၁၇၀၀ ရင်းဂစ် တိုးပေးတယ် တချို့စက်ရုံတွေ လည်း တိုးမပေးတာတွေရှိတယ် အခုဩဂုတ်၁ရက်ကစပြီး မဖြစ်မနေတိုးပေးရမယ်ဆိုတော့မရသေးတဲ့ မလေးရောက်နေတဲ့ မြန်မာလုပ်သားတွေ အဆင်ပြေတာပေါ့ ဒီမှာလည်း ကုန်ဈေးနှုန်းက လည်း ပိုမြင့်လာတော့ လစာတိုးလည်းသိပ်တော့ မထူးပါဘူး""လို့မလေးရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
ယခုသတ်မှတ်လိုက်တဲ့ အခြေခံလစာ ကို လုပ်ငန်းရှင်ဘက်က ပေးချေခြင်း မပြုပါက ၂၀၁၁ခုနှစ် အမျိုးသားလစာညွှန်ကြားရေးကောင်စီ ဥပဒေပြဌာန်းချက် အရ ပြစ်မှုမြောက်သည်ဟု သတ်မှတ်ခံရမှာဖြစ်ပြီး အမှုထင်ရှားပါက လုပ်ငန်းရှင်ကို အလုပ်သမားတစ်ဦးအတွက် ဒဏ်ငွေ ရင်းဂစ် ၁၀၀၀၀ ချမှတ်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။
 
ပြစ်ဒဏ်ခံယူပြီးတိုင် ဆက်လက်ကျူးလွန်ပါက ရင်းဂစ် ၁၀၀၀ ထပ်ပေါင်း ဒဏ်ငွေပေးရမှာဖြစ်ပြီး အများဆုံးဒဏ်ငွေ ရင်းဂစ် ၂၀၀၀၀ သို့မဟုတ် ထောင်ဒဏ် ၅နှစ် ချမှတ်ခံရမယ်လို့ သိရပါတယ်။
 
အနည်းဆုံးလုပ်ခ ရင်းဂစ် ၁၇၀၀ မှာ တရားဝင် အထောက်အထားပြည့်စုံတဲ့ နိုင်ငံခြားသား လုပ်သားတွေ ကိုသာမဖြစ်မနေပေးမှာဖြစ်ပြီးအထောက်အထား မပြည့်စုံသူတွေကတော့အလုပ်ရှင် အလုပ်သမား သဘောဆန္ဒသာဖြစ်တယ်လို့ သိရပါတယ်။မလေးရှားငွေကြေး ရင်းဂစ် ၁၇၀၀ ဟာ မြန်မာငွေကျပ် ၁၇ သိန်း၀န်းကျင်ရှိတယ်လို့သိရပါတယ်။
 
မြန်မာနိုင်ငံမှာတော့ အလုပ်သမားတွေအတွက် အနည်းဆုံးအခကြေးငွေကို တလလျင် မြန်မာငွေ ၁၄၄၀၀၀ ကျပ်နဲ့ ထောက်ပံ့ကြေး တစ်လကို ၆ သောင်းကျပ်ပေးဖို့ သတ်မှတ်ပြီးနောက်ပိုင်း အခကြေးငွေတိုးပေးဖို့ လုပ်ဆောင်တာမတွေ့ရသလို အခြေခံပြည်သူတွေအနေနဲ့ မြင့်တက်နေတဲ့ကုန်ဈေးနှုန်းကြား မငတ်ရုံစားသောက်လုပ်ကိုင်နေရပြီး အာဟာရပြတ်လပ်မှုတွေပါ ဖြစ်ပေါ်လျက်ရှိပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026