NEWS

မလေးရှားမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၈၀ ကျော်အဖမ်းခံရ

CoverLogo
168 Views
 
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ် pangsapari putra permai၊ Kembangan မှာအထောက်အထားမဲ့ နိုင်ငံခြားသား လုပ်သားတွေ ကို ဖမ်းဆီးရာ မြန်မာနိုင်ငံသား ကလေး ၃၀ ဦး အပါအဝင် စုစုပေါင်း ၃၈၀ကျော် အဖမ်းခံခဲ့ရတယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင် ၁၅ ရက် ည ၁၀ နာရီ ခန့်ကမလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတွေနဲ့ မလေးရှားရဲတပ်ဖွဲ့ တို့က ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ မြန်မာအပါအဝင် အထောက်အထားမရှိတဲ့ နိုင်ငံခြားသား လုပ်သား ၄၉၆ ဦး အဖမ်းခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးထိမ်းသိမ်းခံရသူတွေ ထဲ မှာမြန်မာနိုင်ငံသား အမျိုးသား ၂၇၅ဦး၊အမျိုးသမီး၈၀ဦးနှင့်ကလေး ၃၀ဦး၊ အင်ဒိုနီးရှားအမျိုးသား ၃၇ ဦးနဲ့ အမျိုးသမီး၂၅ ဦး၊ ဘင်္ဂလားဒေ့ရှ်အမျိုးသား ၁၅ ဦး၊ ပါကစ္စတန် အမျိုးသား၁၃ ဦး၊ ပါကစ္စတန် အမျိုးသား ၁၄ ဦး၊ ထိုင်း အမျိုးသား ၃ ဦး၊ ထိုင်း အမျိုးသမီး ၁ ဦး၊ ကမ္ဘောဒီးယား အမျိုးသမီး ၁ ဦးနဲ့ ကမ္ဘောဒီးယား ကလေးငယ် ၂ ဦးတို့ပါဝင်တယ်လို့ ဆိုပါတယ်။
""လူနေအိမ်တွေ တိုက်ခန်းတွေ ဘလော့ ၄ ခုလောက်ကို ဝင်စစ်ဆေးဖမ်းသွားတာ အဲ့မှာနေတာက ရိုဟင်ဂျာတွေလည်း များတယ် အခုက မလေးရှား နေရာစုံကို အော်ပရာစီ ဆက်တိုက်ဖမ်းဆီးမှုတွေ လုပ်နေတာ တစ်ရက်ထဲကို လေးနေရာလောက် ဝင်ဖမ်းနေတာအထောက်အထားမရှိရင် ပိုပြီး ဂရုစိုက်နေဖို့တော့ လိုတယ်""လို့ မလေးရှားရှိမြန်မာလုပ်သားအရေးကူညီပေးနေသူတစ်ဦးကပြောပါတယ်။
အဖမ်းခံရ တဲ့ သူတွေ ကို ဆက်လက်စစ်ဆေး ဖို့ အတွက်စမုန်ညင်းကန့်မှာ ထိမ်းသိမ်းထားတယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မလေးရှားအစိုးရအနေ နဲ့ နိုင်ငံအတွင်း အထောက်အထားမရှိတဲ့ နိုင်ငံခြားသား လုပ်သားတွေ ကို စီမံချက်နဲ့ ဖမ်းဆီးမှုကို ယခု၂၀၂၅ ခုနှစ် တွင်သာမက လာမယ့် ၂၀၂၆ခုနှစ် အထိ ပိုမိုတင်းကြပ်စွာ ဆောင်ရွက် သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Related posts

Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့ ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင်
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု
Oct 02, 2025
Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့(ရုပ်သံသတင်း) ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင် (ရုပ်သံသတင်း)
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု(ရုပ်သံ)
Oct 02, 2025
Cover
အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
မြန်မာလုပ်သား ၁၅၀၀ ခန့်ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်
Oct 01, 2025
Cover
ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်းသွင်း၊ တင်ပို့မှုကို အောက်တိုဘာ ၁ ရက်မှစပြီး MACCS စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်
Oct 01, 2025