NEWS

မလေးရှားမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၈၀ ကျော်အဖမ်းခံရ

CoverLogo
414 Views
 
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ် pangsapari putra permai၊ Kembangan မှာအထောက်အထားမဲ့ နိုင်ငံခြားသား လုပ်သားတွေ ကို ဖမ်းဆီးရာ မြန်မာနိုင်ငံသား ကလေး ၃၀ ဦး အပါအဝင် စုစုပေါင်း ၃၈၀ကျော် အဖမ်းခံခဲ့ရတယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင် ၁၅ ရက် ည ၁၀ နာရီ ခန့်ကမလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတွေနဲ့ မလေးရှားရဲတပ်ဖွဲ့ တို့က ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ မြန်မာအပါအဝင် အထောက်အထားမရှိတဲ့ နိုင်ငံခြားသား လုပ်သား ၄၉၆ ဦး အဖမ်းခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးထိမ်းသိမ်းခံရသူတွေ ထဲ မှာမြန်မာနိုင်ငံသား အမျိုးသား ၂၇၅ဦး၊အမျိုးသမီး၈၀ဦးနှင့်ကလေး ၃၀ဦး၊ အင်ဒိုနီးရှားအမျိုးသား ၃၇ ဦးနဲ့ အမျိုးသမီး၂၅ ဦး၊ ဘင်္ဂလားဒေ့ရှ်အမျိုးသား ၁၅ ဦး၊ ပါကစ္စတန် အမျိုးသား၁၃ ဦး၊ ပါကစ္စတန် အမျိုးသား ၁၄ ဦး၊ ထိုင်း အမျိုးသား ၃ ဦး၊ ထိုင်း အမျိုးသမီး ၁ ဦး၊ ကမ္ဘောဒီးယား အမျိုးသမီး ၁ ဦးနဲ့ ကမ္ဘောဒီးယား ကလေးငယ် ၂ ဦးတို့ပါဝင်တယ်လို့ ဆိုပါတယ်။
""လူနေအိမ်တွေ တိုက်ခန်းတွေ ဘလော့ ၄ ခုလောက်ကို ဝင်စစ်ဆေးဖမ်းသွားတာ အဲ့မှာနေတာက ရိုဟင်ဂျာတွေလည်း များတယ် အခုက မလေးရှား နေရာစုံကို အော်ပရာစီ ဆက်တိုက်ဖမ်းဆီးမှုတွေ လုပ်နေတာ တစ်ရက်ထဲကို လေးနေရာလောက် ဝင်ဖမ်းနေတာအထောက်အထားမရှိရင် ပိုပြီး ဂရုစိုက်နေဖို့တော့ လိုတယ်""လို့ မလေးရှားရှိမြန်မာလုပ်သားအရေးကူညီပေးနေသူတစ်ဦးကပြောပါတယ်။
အဖမ်းခံရ တဲ့ သူတွေ ကို ဆက်လက်စစ်ဆေး ဖို့ အတွက်စမုန်ညင်းကန့်မှာ ထိမ်းသိမ်းထားတယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မလေးရှားအစိုးရအနေ နဲ့ နိုင်ငံအတွင်း အထောက်အထားမရှိတဲ့ နိုင်ငံခြားသား လုပ်သားတွေ ကို စီမံချက်နဲ့ ဖမ်းဆီးမှုကို ယခု၂၀၂၅ ခုနှစ် တွင်သာမက လာမယ့် ၂၀၂၆ခုနှစ် အထိ ပိုမိုတင်းကြပ်စွာ ဆောင်ရွက် သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026