NEWS

မလေးရှားမှာ သေဆုံးတဲ့ မြန်မာအမျိုးသမီးရဲ့ မိသားစုနဲ့ အဆက်သွယ် မရလို့ သဂြိုလ်ရန် အခက်ခဲ ဖြစ်နေ

CoverLogo
475 Views

မလေးရှားနိူင်ငံ ကာချမ်းမြို့ ဘန်တာတက်ကနော်လော်ဂျီရပ်ကွက် မှာ ဓါးထိုးခံရပြီး သေဆုံးခဲ့တဲ့ မြန်မာအမျိုးသမီး ရဲ့ မိသားစုဝင်များ နဲ့ အဆက်သွယ် မရတဲ့ အတွက် သဂြိုလ်ဖို့ အတွက်အခက်ခဲ ဖြစ်နေတယ်လို့ မြန်မာလူမှုကူညီရေးအသင်းမလေးရှား ထံ မှ သိရပါတယ်။

အဆိုပါ မြန်မာအမျိုးသမီးဟာ  ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ရက်နေ့က ကာချမ်းမြို့ ဘန်ဒါတတ်ကနော်လော်ဂျီရပ်ကွက် ရှိ  နေအိမ်အခန်း အတွင်း ဓါးဒဏ်ရာ ၁၂ချက် ဖြင့် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူ အမျိုးသမီးရဲ့ နာမည်မှာ မယဉ်ယဉ် ဖြစ်ပြီး လက်ရှိ အချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်သွယ်မရသေးတဲ့ အတွက် မိသားစုဝင် ဖုန်းနံပတ်  သိရှိသူတွေအနေနဲ့  ကူညီပေးဖို့ အတွက် မြန်မာလူမှုကူညီရေးအသင်း မလေးရှား က အသိပေးကြေညာထားပါတယ်။

ဓါးဒဏ်ရာ များဖြင့် သေဆုံးခဲ့ တဲ့ မြန်မာအမျိုးသမီး အမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မသင်္ကာ ဖွယ်ရာ မြန်မာနိုင်ငံသား ၅ဦး ကို မလေးရှား ရဲတပ်ဖွဲ့ က ခေါ်ယူစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026