NEWS

မလေးရှားမှာ ကူးစက်မြန် တုပ်ကွေးရောဂါ အဖြစ်များနေလို့ မြန်မာလုပ်သားများဂရုစိုက်ရန် လူမှုအဖွဲ့အစည်းများ အသိပေး

CoverLogo
442 Views
 
မလေးရှားနိုင်ငံမှာ ကူးစက်မြန် တုပ်ကွေးရောဂါ တစ်မျိုး ပျံနှံ့ နေတဲ့ အတွက် မလေးရှားရောက် မြန်မာလုပ်သားတွေ အနေနဲ့ ကျန်းမာရေး ဂရုစိုက် ဖို့ မလေးရှားရှိ မြန်မာလူမှုအဖွဲ့အစည်းတွေက အသိပေးထားပါတယ်။
 
မလေးရှား နိုင်ငံ့အနှံ့အပြားက ကျောင်းသား/သူပေါင်း (၆,၀၀၀) ကျော် ခန့်ဟာ ဒီတုပ်ကွေးရောဂါ ကူးစက်ခံထားရတယ်လို့ မလေးရှား ပညာရေးဝန်ကြီးဌာန (KPM) က အတည်ပြုထုတ်ပြန်ထားပြီး အထူးသဖြင့်၊ ဂျိုဟိုးပြည်နယ်ဘက် မှာ ရောဂါဖြစ်ပွားမှု ပိုမိုများပြားနေတဲ့အတွက် အချို့စာသင်ကျောင်းတွေကိုပါ ယာယီ ပိတ်ထားရတဲ့အခြေအနေရှိနေတယ်လို့ သိရပါတယ်။
 
ဒါကြောင့် ဂျိုဟိုးပြည်နယ် ဘက်က မြန်မာလုပ်သားတွေ ပိုဂရုစိုက်သင့်သလို အခြားနေရာဒေသတွေရှိ မြန်မာလုပ်သားတွေ အနေနဲ့ လည်း မပေါ့ဆသင့်ဘူးလို့ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့မှအသိပေးထားပါတယ်။
 
""ဒီရောဂါက ကိုဗစ် လို မဟုတ်ပေမယ့် ကိုဗစ်လိုဘဲ ဆိုးရွားတဲ့ အခြေနေဖြစ်စေတယ် အဖျားအရမ်းတက်ပြီး သေဆုံးမှုတွေလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ဖျားနာတဲ့အခါနီးစပ်ရာ ဆေးရုံဆေးခန်း ကို သွားပါ မပေါ့ဆဖို့ အသိပေးချင်ပါတယ်""လို့နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ မှ ဥက္ကဌကိုသက် က ပြောပါတယ်။
 
ကျန်းမာရေး အခြေ အနေ ကြောင့် ဆေးရုံဆေးခန်း ပြသရာမှာ လည်း နိုင်ငံကူးလက်မှတ် သို့မဟုတ် အထောက်အထား တစ်ခုခုရှိမှ သာ မလေးရှားရှိ ဆေးရုံ ဆေးခန်းတွေက ကုသပေးတာ ဖြစ်တဲ့ အတွက် မလေးရောက် မြန်မာလုပ်သားတွေ အနေနဲ့ နိုင်ငံကူးလက်မှတ် သို့မဟုတ် အထောက်အထားတစ်ခုခု လုပ်ထားဖို့ကိုလည်း ၎င်းက အသိပေးထားပါတယ်။
 
""မလေးမှာက ဆေးရုံ ဆေးခန်း ပြမယ်ဆိုရင် အထောက်အထားရှိမှ ကုလို့ရမယ် မြန်မာပြည်က မှတ်ပုံတင် ပြလို့မရဘူး အဲ့ဒါက ဒီမှာသုံးလို့မရဘူး နိုင်ငံကူးလက်မှတ်တို့ UN ကတ် တို့ တိုင်းရင်းသားတွေ ဆို ဒီမှာ တိုင်းရင်းသားအဖွဲ့တွေကထုတ်ပေးတဲ့ကတ်တွေပြလို့ရမယ် ဒါကြောင့် အထောက်အထားမရှိသေးရင် လုပ်ထားပါ မသိနားမလည်ရင် နီးစပ်ရာ လူတွေကိုမေးပါ ကျွန်တော်တို့အဖွဲ့ကိုလည်း မေးနိုင်ပါတယ်အခုကတ်တွေကတော့ ဆေးကုသဖို့ပါ အဖမ်းဆီးအော်ပရာစီကိုတော့ မလွတ်နိုင်ပါဘူး""လို့ ကိုသက်က ပြောပါတယ်။
 
ကူးစက်မြန်တုပ်ကွေးရောဂါ ကို ကာကွယ်နိုင်ဖို့ လက်ကို မကြာခဏ ဆေးကြောရန်၊ အပြင်သွားတဲ့အခါ နှာခေါင်းစည်း (Mask) တပ်ရန်၊ မလိုအပ်ဘဲ လူအများအပြား စုဝေးရာနေရာများကို ရှောင်ရှား ရန်စတဲ့ ရှောင်ရန် ဆောင်ရန် တွေ ကို မလေးရောက် မြန်မာရွှေ့ပြောင်းလုပ်သား အချင်း ချင်းလည်း လူမှုကွန်ယက်ကနေ အသိပေးမှု တွေ ပြုလုပ်ကြရန်လိုအပ်တယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026